ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E.Mr. Sholban Kara – Ool အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း မိုခါမုန်တိုင်းဒဏ်သင့် စစ်တွေမြို့သို့ ရောက်ရှိပြီး လုပ်အားပေးအဖွဲ့များအား တွေ့ဆုံအားပေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၅ ရက် မြောက်နေ့ လုပ်အားပေးမှုများဆက်လက်ဆောင်ရွက်


မေ ၂၇၊ စစ်တွေ
အလွန့်အလွန်အားကောင်းသည့် မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရသော ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လမ်းညွှန်မှုဖြင့် ရခိုင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေနှင့် ပြည်နယ်ပါတီကော်မတီဝင်များ၏ ဦးဆောင်မှုနှင့်အတူ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးတို့မှ ပါတီဝင်အင်အား ၂၀၀ ကျော်တို့သည် လုပ်အားပေးလုပ်ငန်းများကို ၂၃-၅-၂၀၂၃ ရက်နေ့မှစတင်ပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ပရဟိတအသင်းအဖွဲ့များ၊ တာဝန်ရှိသူများနှင့် ချိတ်ဆက်ပြီး ဆောင်ရွက်လျက်ရှိရာ
ယနေ့ ၂၈-၅-၂၀၂၃ ရက်နေ့ ၅ ရက်မြောက်နေ့တွင် စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်အတွင်း လဲကျနေသော သစ်ပင်သစ်ကိုင်းများ၊ ခြုံနွယ်ပိတ်ပေါင်းများ၊ အဆောက်အဦအပိုင်းအစများနှင့် အမှိုက်သရိုက်များအား ရှင်းလင်းမှုများဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
#USDP #Myanmar

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လုပ်အားပေးမှုများ ဆက်လက်ဆောင်ရွက်

အလွန့်အလွန်အားကောင်းသည့် မိုခါမုန်တိုင်းတိုက်ခတ်မှုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ လောကာနန္ဒာစေတီတော်ကြီးတွင် ပြည်ခိုင်ဖြိုးပါတီမှ လုပ်အားပေးကူညီမှုများပြုလုပ်


မေ ၂၆၊ စစ်တွေ
အလွန့်အလွန်အားကောင်းသည့် မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရသော ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လမ်းညွှန်မှုဖြင့် ရခိုင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေနှင့် ပြည်နယ်ပါတီကော်မတီဝင်များ၏ ဦးဆောင်မှုနှင့်အတူ ရခိုင်ပြည်နယ် သံတွဲ၊ ဂွ၊ ကျောက်ဖြူ၊ စစ်တွေမြို့နယ်မှ (၁၀၅)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၁၀၀)ဦး၊ စုစုပေါင်း အင်အား(၂၀၅)ဦးပါဝင်သော လုပ်အားပေးအဖွဲ့သည် ကူညီကယ်ဆယ်ရေး လုပ်အားပေးလုပ်ငန်းများကို ၂၃-၅-၂၀၂၃ ရက်နေ့မှစတင်ပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ပရဟိတအသင်းအဖွဲ့များ၊ တာဝန်ရှိသူများနှင့် ချိတ်ဆက်ပြီး ဆောင်ရွက်လျက်ရှိပါသည်။
ယနေ့ ၂၆-၅-၂၀၂၃ ရက်နေ့တွင် စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်ကြီး နှင့် ပုရဝုဏ်အတွင်း လဲကျနေသော သစ်ပင်သစ်ကိုင်းများ၊ ခြုံနွယ်ပိတ်ပေါင်းများ၊ အဆောက်အဦအပိုင်းအစများနှင့် အမှိုက်သရိုက်များအား ရှင်းလင်းမှုများဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးခင်ရီ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများ၊ ပါတီဝင်များနှင့် တွေ့ဆုံ

တိုင်းပါတီဥက္ကဋ္ဌနှင့် ဒေသခံပြည်သူများ တွေ့ဆုံ၍ ဒေသဖွံဖြိုးရေးကိစ္စများဆွေးနွေး

လပွတ္တာ မေ ၂၄
ဧရာဝတီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်း ဦးဆောင်သောအဖွဲသည် ၂၄.၅.၂၀၂၃ ရက်နေ့ နေ့လည်ပိုင်း
လပွတာမြိုနယ် ကျောက်ဖြူကျေးရွာရှိ ပြည်သူများနှင့်တွေ့ဆုံ၍ဒေသဖွံဖြိုးရေးကိစ္စများဆွေးနွေးခဲ့ပါသည်။


ပြည်နယ်၊ ခရိုင်၊ မြို့နယ်လုပ်ငန်းညှိနှိင်းအစည်းအဝေး

ကျိုင်းတုံ မေ ၂၄
(၂၄-၅-၂၀၂၃) ရက်နေ့ (၁၀း၀၀ မှ ၁၄း၀၀) နာရီ အချိန်ထိ ရှမ်း/အရှေ့ ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဒေါက်တာလင်းဇော်ထွန်း မှ ဗဟိုကော်မတီဝင်၊ ပြည်နယ်ပါတီကော်မတီဝင်အဖွဲ၊ ခရိုင်နှင့် မြိုနယ်ပါတီဥက္ကဋ္ဌတိုနှင့် လုပ်ငန်းညှိနှိင်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။