မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လစဉ်ပုံမှန်အစည်းအဝေးကို မေလ (၁၁) ရက် နံနက် (၁၁) နာရီ (၃၅) မိနစ်အချိန်က မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌမှ ပြည်နယ်ပါတီလမ်းညွှန်ချက်များ၊ ပါတီရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြီး မြို့နယ်ပါတီ အတွင်းရေးမှူးမှ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရန်ဆွေးနွေးပြောကြားခဲ့သည်။




