
သံတွဲခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဖိုးရီအောင်နှင့် ပါတီကော်မတီဝင်များ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစန်းနိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်လူငယ်များမှ မေလ (၁၇) ရက် နံနက် (၁၁) နာရီအချိန်က သံတွဲမြို့နယ်တွင်း သောက်သုံးရေရှားပါးလျက်ရှိသော ဥယျာဉ်ပြင် ကျေးရွာ အုပ်စုနှင့် ကင်းမော်ကျေးရွာအုပ်စုသို့ သောက်သုံးရေဂါလံ(၄၀၀၀) လှူဒါန်းခဲ့သည်။







