
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသော ပထမအကြိမ် ရပ်/ကျေးပါတီညီလာခံကို ပြည်ခိုင်ဖြိုးပါတီရုံး၌ မေလ (၂၉) ရက် နံနက် (၈) နာရီတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် သဘာပတိ ခရိုင်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်ချိုက အဖွင့်အမှာစကား ပြောကြားပြီးနောက် မဲဆန္ဒနယ်အမှတ်(၁) အခြေအနေနှင့် ပတ်သက်၍ တောင်ခင်ရန်းကျေးရွာ စည်းရုံး ရေးမှူး ဦးမောင်အုံးကလည်းကောင်း၊ မဲဆန္ဒနယ်အမှတ်(၂) အခြေအနေနှင့် ပတ်သက်၍ ဇာဟော ကျေးရွာ စည်းရုံးရေးမှူး ဦးဘိုစိန်ကလည်းကောင်း သုံးသပ်အကြံပြုဆွေးနွေးခဲ့ကြသည်။










