ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ် ပြည်ခိုင်ဖြိုး ရုံးခန်းမတွင် တိုင်းဒေသကြီးကော်မတီဝင် ဦးရဲထွဋ်အောင်နှင့် ခရိုင်အတွင်းရေးမှူး ဦးသိန်းဇော်တို့သည် မိုးညိုမြို့နယ်အတွင်း အသစ် ပြန်လည်ဖွဲ့စည်းပြီးသော အမာခံ(ကေဒါ)များနှင့် မေလ (၃၁) ရက် နံနက် ၁ဝ နာရီခွဲက တွေ့ဆုံ၍ မကြာမီကာလအတွင်း ကျင်းပတော့မည့် မြို့နယ် ပါတီ မျက်နှာစုံညီအတွက် (အကြို) ညှိနှိုင်းဆွေးနွေးခြင်း ဖြစ်သည်ဟုသိရသည်။