ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကချင်ပြည်နယ်တာဝန်ခံ သီရိပျံချီ ဦးသိန်ဇော်၏ လမ်းညွန် မှုကိုခံယူ၍ မိုးညှင်းခရိုင်တာဝန်ခံ ဦးကျော်စိုးလေး၏ စီစဉ်ပေးမှုဖြင့် မိုးညှင်းမြို့နယ် Social Media On Job Training သင်တန်းဆင်း သင်တန်းသား (၁၀၀) ကျော်တို့သည် မေလ (၁၁) ရက်နေ့က မိုးညှင်းမှ စထွက်ပြီး အင်းတော်ကြီး ရွှေမဉ္ဇူဘုရားမှတဆင့် နန့်မောက္ကံကျေးရွာရှိ ဒေသခံပြည်သူများထံ တိုင်းရင်းသားမျိုးနွယ်စုအကြောင်း၊ ဒေသဖွံ့ဖြိုးမှုအကြောင်း၊ အင်းတော်ကြီးအိုင် ပတ်ဝန်းကျင် ထိန်း သိမ်းရမည့်အကြောင်းများကို ဒေသခံပြည်သူများထံ သွားရောက်လေ့လာခဲ့သည်။