သံတွဲပြည်ခိုင်ဖြိုး လစဉ်ပုံမှန်စည်းဝေးကျင်းပ

သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ (၁၅) ရက်နေ့ နေ့လည် (၁၁) နာရီခွဲအချိန်က ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစန်းနိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစန်းနိုင်မှ မြို့နယ်အဆင့်ဆင့် ညီလာခံများ ကျင်းပပြုလုပ်ရေးကို အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေး တက်ရောက်လာသူများမှ ပြန်လည်တင်ပြ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သောက်သုံးရေအခက်အခဲ အဆင်ပြေစေရေး ပြည်ခိုင်ဖြိုးက ကူညီဆောင်ရွက်ပေး

13239295_773476222786872_4787232767756693329_n

မြောင်းမြခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခရိုင်ပါတီကော်မတီဝင် ဦးလှဌေး ဦးဆောင်သော ရပ်/ကျေးစည်းရုံးရေးမှူးများ၊ ပါတီဝင်များသည် လပွတ္တာပြည်ခိုင်ဖြိုးပါတီမှ ကားတစ်စီး အပါအ၀င် စုစုပေါင်း ကား (၃) စီးဖြင့်  မေလ (၁၃) ရက်နေ့က သောက်သုံးရေ လိုအပ်လျက်ရှိသော လပွတ္တာမြို့နယ်ရှိ ကုန်းကြီးကျေးရွာ၊ ဂုံညင်းတန်းကျေးရွာများသို့ ရေဂါလံ (၄၅၀၀) သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ပါတီအမာခံကေဒါများပြန်လည်ရွေးချယ်ရေး ကွင်းဆင်းဆောင်ရွက်

Kyone Pyaw15B

ပုသိမ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင် (ကျုံပျော်၊ ရေကြည်) နယ်မြေ တာဝန်ခံ ဦးမြင့်ကြိုင် ဦးဆောင်၍ ကျုံပျော်မြို့နယ် ပါတီ ကော်မတီဝင်များဖြစ်ကြသော ဦးမောင်မောင်ဦး၊ ဦးမောင်ခိုင်နှင့် ဦးသန်းဝင်းတို့သည် ယနေ့ (မေလ ၁၆ ရက်) နံနက် (၉) နာရီအချိန်က အထောင်တိုက်နယ်အတွင်းရှိ သင်တောကျေးရွာသို့ သွားရောက်၍ ပါတီအမာခံကေဒါ ပြန်လည်ရွေးချယ်ခြင်းနှင့် ပါတီ၏လုပ်ငန်းတာဝန်များ ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီသတင်းမီဒီယာဥပဒေရှင်း လင်းဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှဦးဆောင်၍ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ မြို့နယ်သတင်းတာဝန်ခံများ၊ Online မီဒီယာတာဝန်ခံများအား ပြည်ထောင်စုလွှတ်တော်မှအတည် ပြုပြဋ္ဌာန်းပြီးဖြစ်သည့် သတင်းမီဒီ ယာဥပဒေပါ အကြောင်းအရာ ကဏ္ဍရပ်များအား ကျယ်ပြန့်စွာ သိရှိနားလည်ရန်အတွက် ရှင်းလင်းဆွေးနွေးခြင်းအစီအစဉ်ကို ယမန်နေ့ နံနက် ၁ဝ နာရီက အဆိုပါ တိုင်းဒေသကြီးရုံး ဒုတိယထပ်ခန်းမ၌ ကျင်းပခဲ့သည်။

မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမာခံပါတီကေဒါများ ပြန်လည်ဖွဲ့စည်းရေး ကြီးကြပ်ရေးအဖွဲ့ မြို့နယ်အမာခံပါတီကေဒါများနှင့် တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးအစည်းအဝေး ခန်းမတွင် မေ (၁၄) ရက်က ဟသာင်္တခရိုင် အမာခံပါတီဝင်များ ပြန်လည်ဖွဲ့စည်းရေး ကြီးကြပ်ရေး အဖွဲ့ဝင်များသည် မြန်အောင်မြို့နယ်ရှိ မြို့နယ်အဆင့် အမာခံပါတီဝင်များနှင့် တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်နိုင်ရေးကိစ္စများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ရှေးဦးစွာ မြန်အောင်မြို့နယ်ပါတီအတွင်းရေးမှူးက မြန်အောင်မြို့နယ်အတွင်း လက်ရှိဆောင်ရွက်ထား ရှိမှုများကို ရှင်းလင်းဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသော မြို့နယ်အဆင့် အမာခံ ပါတီကေဒါ များက တစ်ဦးချင်း မိတ်ဆက်ကြသည်။

ပြည်ထောင်စုနယ်မြေ ပါတီပြန်လည်ဖွဲ့စည်းရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီပြည်ထောင်စုနယ်မြေ ပါတီပြန်လည်ဖွဲ့စည်းရေး ဒုတိယ အကြိမ် ညှိနှိုင်းအစည်းအဝေးကို မေလ (၁၄) ရက် နံနက် (၁၁) နာရီက ပြည်ထောင်စုနယ်မြေရုံးတွင် ကျင်းပရာ ပြည်ထောင်စုနယ်မြေတာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဦးဝေလွင် နှင့် ပြည်ထောင်စု နယ်မြေပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးသိန်းညွန့်တို့ တက်ရောက်အမှာ စကားပြောကြားသည်။

အင်္ဂပူမြို့နယ်၊ ကြပ်ပြင်သာသနာ့နယ်မြေ၊ ပျူခေတ်ဂဝံမြို့ဟောင်းဒေသ၌ တည်ထားကိုးကွယ်အပ်သော ဖောင်တော်ဦးစေတီတော် ဌာပနာသွင်း ရွှေထီးတော်၊ စိန်ဖူးတော် အထွက်တင်ပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကမင်္ဂလာ ပူဇော်ပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး တက်ရောက်ပူဇော်

image-3ee748f0888e57a0503dc10bcfea2b63594edf2b6b59ed2200ad51ae71cdcfb4-V

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့၊ ကြပ်ပြင်သာသနာ့နယ်မြေ၊ ပျူခေတ်ဂဝံမြို့ဟောင်းဒေသ၌ တည်ထားကိုးကွယ်အပ်သော ဖောင်တော်ဦးစေတီတော် ရွှေထီးတော် စိန်ဖူးတော်အထွက်တင် ပူဇော်ပွဲ နှင့် ဗုဒ္ဓါဘိသေကမင်္ဂလာအခမ်းအနားကို မေလ (၉) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် အဆိုပါ စေတီတော်၌ပြုလုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်း၊ ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်များ၊ ဟင်္သာတနှင့် အင်္ဂပူမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးများနှင့် အလုပ်အမှုဆောင်များ၊ အင်္ဂပူမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ရပ်မိရပ်ဖများ၊ ရပ်/ကျေးစည်းရုံးရေးမှူးများ၊ ဂေါပကအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ တက်ရောက်ကြသည်။

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး စစ်ကုန်းကျေးရွာ မူလတန်းကျောင်းဆောင်သစ် ဆောက်လုပ် နေမှု သွားရောက်ကြည့်ရှု

image-b188f332f74629ab72f4a774350d2b57b6c690e4f18321d064d3cce61dcd4eb1-V

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် မေလ (၇)ရက်နေ့ နံနက် (၁ဝ)နာရီအချိန်တွင် ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီ အလုပ် အမှုဆောင်များ၊ ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ လိုက်ပါလျှက် ဟင်္သာတမြို့နယ်၊ စစ်ကုန်း ကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖ များနှင့် တွေ့ဆုံသည်။

image-a960cc9470520c5eba131f48e46bc91e8a0567a679b9b58b3f4136fef0a4fe01-V

တပ်မတော်သားများနှင့် ပြည်ခိုင်ဖြိုးပါတီ ရွာအဝင်လမ်းခင်းလုပ်အားပေး

13139120_1682836975301843_4759895563404762793_n

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်ရှိ ဝက်ထိုးရွာအဝင်လမ်းကို မိုးတွင်းကာလရောက်ရှိ လာပါက သွားလာဆက်သွယ်ရေး လွယ်ကူစေရန် ပြုပြင် ချဲ့ထွင်ခြင်းလုပ်ငန်းကို မေလ (၁၁) ရက် နေ့က ကျေးရွာသူ ကျေးရွာသားများက ဆောင်ရွက်လျက်ရှိသည်။ 

အဆိုပါဆောင်ရွက်နေခြင်းကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် များနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များက လုပ်အားပေးဆောင်ရွက်ပေးခဲ့ရာ ကန်ကြီးထောင့်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူနှင့် နတခမှ အရာရှိများက သွားရောက် အားပေးကြကာ နေ့လယ်စာ၊ အချိုရည်များနှင့်မုန့်များ ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ပါတီကော်မတီဝင်နှင့်အဖွဲ့ တာချီလိတ်မြို့ ၀န်ထမ်းကုန်းဆရာတော်ဈာပနသို့ သွားရောက် ဖူးမျှော်

Tac3

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ်ပါတီကော်မတီဝင် ဒေါ်တင်မေထွန်း၊ တာချီလိတ်မြို့နယ်(နာယက) များဖြစ်ကြသည့် ဦးအားဇီး၊ ဦးကျော်သီဟ၊ ဦးမြင့်ဦး၊ ဦးဘိုလေး၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးဘိုစံ၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းရွှေထွန်းနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ စည်းရုံးရေးမှူးများ၊ ပါတီလူငယ်အဖွဲ့၊ ပါတီအမျိုးသမီးအဖွဲ့ အင်အား (၃၀) ဦးတို့သည် မေလ (၁၀) ရက်နေ့က တာချီလိတ်မြို့ တောင်တန်းသာသနာပြု (ဗဟို)ကျောင်းတိုက် ခေါင်းဆောင်ဆရာတော် ဘုရားကြီး ဘဒ္ဒန္တရေ၀တ (ဓမ္မစရိယ၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဒမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ) သက်တော်(၈၅)နှစ်၊ သိက္ခာတော်(၆၅)၀ါ၏ ဘ၀နတ်ထံပျံလွန်သည့် တောင်တန်း သာသနာပြု ၀န်ထမ်းကုန်းကျောင်းသို့ လွမ်းသူ့ပန်းခွေများနှင့်  သွားရောက်ဖူးမျှော်၍ တစ်ဦးခြင်း အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။