ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းတို့၏ ပံ့ပိုးကူညီမှု၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တို့ ပူးပေါင်း ဖွင့်လှစ်သော အခြေခံ စက်ချုပ် သင်တန်း အမှတ်စဉ် (၂) ကို မေလ (၁၆) ရက်နေ့ နံနက် (၉) နာရီအချိန်က ဟင်္သာတမြို့ ညောင်ပင် ရပ်ရှိ ရွှေနေခြည်ညို သင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။
ကွန်ပျူတာနည်းပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၁/၂၀၁၆) ဖွင့်လှစ်
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အေဘီစီ ကွန်ပျူတာမိသားစုတို့ ပူးပေါင်း၍ ကွန်ပျူတာနည်းပညာ ပြန့်ပွားရေးအခမဲ့သင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကို မေလ (၁၆) ရက်နေ့ နံနက်ပိုင်းက ကျောက်တန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖံွ့ဖြိုးရေးပါတီရုံးတွင် ကျင်းပခဲ့သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား (၅၅) ဦးတက်ရောက်လျှက်ရှိပြီး သင်တန်းအား တစ်နေ့လျှင် သင်ကြားချိန် (၅) ကြိမ် သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
သောက်သုံးရေအဆင်ပြေစေရေး ပါဝင်ကူညီဆောင်ရွက်ပေး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကန်ကြီးထောင့်မြို့နယ် အမှတ်(၂) မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူ၏ စီမံဆောင်ရွက်မှုဖြင့် မြို့နယ် စည်ပင် သာယာရေးကော်မတီက အုန်းပင်ဆိပ်အုပ်စု၊ ပေပင်ကျေးရွာသို့ သောက်သုံးရေ လှုဒါန်းမှုတွင် ကန်ကြီးထောင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပူးပေါင်းပါဝင် ကူညီခဲ့ကြသည်။ (၁၆-၅-၂၀၁၆)
လပွတ္တာမြို့နယ်အတွင်းရှိ သောက်သုံးရေပြတ်လပ်သောကျေးရွာများသို့ ပြည်ခိုင်ဖြိုးပါတီမှ သောက်သုံး ရေများ သွားရောက်လှူဒါန်း
လပွတ္တာမြို့နယ်အတွင်းရှိ သောက်သုံးရေပြတ်လပ်နေသော ကျေးရွာများသို့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ သောက်သုံးရေများသွားရောက်လှူဒါန်းရာ ပြည်ခိုင်ဖြိုးပါတီ မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်တာဝန်ခံ ဦးဝင်းကိုကို ဦးဆောင်မှုဖြင့် မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင် ပါတီ အတွင်းရေးမှူးများ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ပါတီအမှုဆောင်များပူးပေါင်းပြီး မေလ (၁၅) ရက်နေ့တွင် သောက်သုံးရေ ပြတ်လပ်နေသော လပွတ္တာမြို့နယ်အတွင်းရှိ သင်္ကန်းကြီးအုပ်စု ကုန်းကြီးကျေးရွာနှင့် ဂုံညင်းတန်းကျေးရွာများသို့ ရေဂါလန် ၁၆ဝဝဝ သွားရောက်လှူဒါန်းခဲ့ကြသည်။
ပြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမာခံကေဒါများ ဖွဲ့စည်း
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်/မြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမာခံကေဒါများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ဧပြီ (၂၉) ရက်မှစ၍ ရပ်/ကျေး (၆၉) အုပ်စုသို့ကွင်းဆင်းဖွဲ့စည်းရာ မေလ (၁၃) ရက် အထိ ကျေးရွာခွဲပေါင်း (၈၈) ရွာ၌ အမာခံပါတီကေဒါ (၁၃၅ဝ) ဦး ကွင်းဆင်း ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
သံဃာတော်များအား ဆက်ကပ်လှူဒါန်း
သံတွဲမြို့နယ်လုံးဆိုင်ရာ သံဃာတော်များ ဗုဒ္ဓဘာသာဝင်သူတော်စင်များ စုပေါင်း၍ နိုင်ငံသူနိုင်ငံသား ပြည်သူပြည်သား မြို့သူမြို့သားများ ဘေးဥပါဒ်အန္တရာယ်ကင်းစေရန်အတွက် “ဥပ္ပါတသန္တိ” အသံမစဲ ရွတ်ဖတ်ပူဇော်ပွဲကို သံတွဲမြို့၌ မေလ (၁၅) ရက်နေ့မှ (၁၇) ရက်အထိ (၃)ရက်တိုင် ကျင်းပခဲ့ပြီး ရွတ်ဖတ်ပူဇော်ပွဲပိတ်သိမ်းသော ယနေ့ (မေလ ၁၇ ရက်) နံနက် (၉) နာရီအချိန်က သံတွဲခရိုင်နှင့် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဥက္ကဋ္ဌနှင့်ပါတီကော်မတီဝင်များက ရွတ်ဖတ် ပူဇော်ကြသော ဆရာတော်သံဃာတော်များအား သစ်သီးဆွမ်းနှင့်မုန့်ဆွမ်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး Japan NIPPON T.V မှ အဖွဲ့နှင့် တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား Japan NIPPON T.V မှ Mr. NIKKI Matsunaga နှင့် ဒေါ်ဆင့်ဆင့်အောင်တို့အဖွဲ့မှ မေလ (၁၂) ရက်နေ့က နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်သို့ လာရောက်တွေ့ဆုံကြသည်။
ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဂဝံမြို့ဟောင်းစေတီတော် ရွှေထီးတော်ဆက်ကပ်လှူဒါန်း
အင်္ဂပူမြို့နယ် ပျူခေတ် ဂဝံမြို့ဟောင်း ကြပ်ပြင်သာသနာ့နယ်မြေတွင် ကြပ်ပြင်တောရဆရာတော် ဘဒ္ဒန္တပညာသီရိက ဦးဆောင်၍ ပြုပြင်တည်ထားလျက်ရှိသော ဂဝံမြို့ဟောင်းဖောင်တော်ဦးစေတီမှာ ပြုပြင်ပြီးစီးခဲ့ပြီဖြစ်၍ ရွှေထီးတော်ဆက်ကပ်လှူဒါန်းခြင်းနှင့် ဌာပနာသွင်းမင်္ဂလာကို ဆင်ယင်ကျင်းပ ရန်အတွက် မေလ (၇)ရက် နံနက်ပိုင်းက ကြပ်ပြင်တောရဆရာတော်ဦးဆောင်သော တပည့် ဒါယကာ ဒါယိကာမများသည် ရွှေထီးတော်နှင့် ဌာပနာပစ္စည်းများဖြစ်သော ဘုရားရဟန္တာတို့၏ ဓာတ် တော်မွေတော်များ ပင့်ဆောင်ပူဇော်ရန် ဟင်္သာတမြို့ရှိ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌနေအိမ်သို့ ကြွရောက်လာရာ ဒုတိယဥက္ကဋ္ဌဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်နာယက ဒေါ်နီနီဝင်းနှင့် ပြည်ခိုင်ဖြိုးပါတီဝင်များက ကြိုဆိုကြသည်။
ပြည်ခိုင်ဖြိုးပါတီနှင့် စေတနာရှင်များပူးပေါင်း၍ သောက်သုံးရေများလှူဒါန်း
ယခုအချိန်သည် ပူပြင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလျက်ရှိပြီး မြန်မာနိုင်ငံအရပ်ရပ်ရှိ အချို့ သောဒေသများတွင် ရေရှားပါးမှုပြဿနာများ ကြုံတွေ့နေရသည် ဖြစ်သည်။ ကြံခင်းမြို့နယ် ရေနံ တောင်ကျေးရွာအုပ်စုရှိ ကျေးရွာများဖြစ်ကြသော ရေငံ၊ ကျည်တိုင်ကွင်း၊ အေးချမ်းမာလာ စသောရွာများတွင်လည်း သောက်သုံးရေ ပြတ်လပ်မှုကို ဧပြီလဆန်းပိုင်းမှစတင်၍ ကြုံတွေ့နေရသည်ဖြစ်ရာ စေတနာရှင်ပြည်သူများက ရေသန့်များ၊ သုံးရေများကို နေ့စဉ်နှင့်ရက်ခြား လှူဒါန်းလျက် ရှိနေသည်ကို တွေ့မြင်ရသည်။
မေလ (၁၄) ရက် နံနက်ပိုင်းက ကြံခင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ် ပါတီကော်မတီဝင် ဦးခင်လှ ဦးဆောင်သော စေတနာရှင်များသည် ရေငံရွာနှင့် ကျည်တိုင်ကွင်းရွာ များသို့ ရေဂါလန် ၄ဝဝဝ ကို သွားရောက်လှူဒါန်းခဲ့ကြသည်။
ပါတီအဆင့်ဆင့် ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး တွေ့ဆုံဆွေးနွေး
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အဆင့်ဆင့် ရွေးချယ်ခြင်းကိစ္စများ တွေ့ဆုံဆွေးနွေးခြင်းကို မေလ (၁၅) ရက် ညနေ (၅) နာရီခွဲအချိန်ခန့်က ဒဂုံမြို့သစ် (အရှေ့ပိုင်း) ရှမ်းတဲကြီးကျေးရွာ အမှတ်(၂)လမ်းမကြီးပေါ်ရှိ ဦးကံညွှန့်နေအိမ်၌ ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။