ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ် မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည် ရွေးချယ်ဖွဲ့စည်းရေးကို ဖြူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံး၌ ယနေ့ (ဇွန်လ ၉ ရက်) နံနက် (၁၀) နာရီတွင် စတင်ကျင်းပခဲ့သည်။
အခမ်းအနားတွင် တောင်ငူခရိုင်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့် ခရိုင်ပါတီ ကော်မတီဝင်များမှ ဦးဆောင်ကာ ကျင်းပပေးခဲ့သည်။