ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အရှေ့ခြမ်းဒေသ အမာခံကေဒါများ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို မေလ (၂၉) ရက်နေ့က လေးမျက်နှာမြို့နယ် ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးသိန်းထွန်းမှ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ကာ ဗဟိုကော်မတီဝင် ဒေါက်တာဌေးဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ဗဟိုကော်မတီဝင် ဒေါက်တာဌေးဝင်းမှ အမာခံပါတီကေဒါများအား တာဝန်ပေးခန့်အပ်လွှာ များအား ပေးအပ်ခဲ့ကြောင်း သိရသည်။