ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ရွေးချယ်ဖွဲ့စည်းရေးအခမ်းအနားကို ဇွန် ၂၅ရက် နံနက်ပိုင်းက မြို့နယ်ပါတီစုံညီအစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားကို ပါတီဗဟို ကော်မတီဝင် ဧရာဝတီတိုင်းဒေသကြီး ရွေးချယ်ကြီးကြပ်မှုအဖွဲ့ဝင် ဦးခင်မောင်ရီ၊ ဟင်္သာတခရိုင် ရွေးချယ်တင်မြှောက်ရေးကြီးကြပ်မှုကော် မတီဝင်ဦးလှခိုင်၊ ဦးကျော်ဝင်းနိုင် နှင့် ခရိုင်ရွေးချယ်ကြီးကြပ်ရေး အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပါတီဝင်များ အင်အား ၁၅ဝကျော် တက်ရောက် ခဲ့သည်။