
အောင်မြေသာစံ စက်တင်ဘာ ၂၀
၂၀-၉-၂၀၂၃ ရက်နေ့ ၀၉:၃၀မှ၁၁:၃၀ အချိန်ထိ အောင်မြေသာစံမြိုနယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် မြိုနယ်နှင့်ရပ်/ ကျေးပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိင်း အစည်းအဝေးပြုလုပ်ခဲ့ရာ အောင်မြေသာစံခရိုင်ပါတီဘဏ္ဍာရေးမှုး ဦးညီညီမင်း၊အောင်မြေသာစံမြိုနယ်ပါတီဥက္ကဌ ဦးလှိင်ဝင်းထွန်း၊အတွင်းရေးမှုး ဦးသောင်းစိန်နှင့်ကော်မတီဝင်များ၊ရပ်/ ကျေးပါတီဥက္ကဌများ တက်ရောက်ခဲ့ကြပါသည်။အစည်းအဝေးတွင် ခရိုင်ပါတီ ဘဏ္ဍာရေးမှုး ဦးညီညီမင်း၊မြိုနယ်ပါတီဥက္ကဌ ဦး လှိင်ဝင်းထွန်း၊အတွင်းရေးမှုး ဦးသောင်းစိန်တိုက Application ဖြင့် ပါတီဝင်ပုံစံဖြည့်သွင်းရေး၊ပြည့်မဏ္ဍိုင်တွေ့ဆုံပွဲပြုလုပ်ရေး၊ပါတီဝင်အင်အား တိုးချဲ့စည်းရုံးရေး၊ပါတီဗဟိုဌာနချုပ်နှင့်တိုင်းဒေသကြီးပါတီမှ လမ်းညွှန်ချက်လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရေးတိုအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် မြိုနယ်ကော်မတီဝင်များ၊ရပ်/ ကျေးပါတီဥက္ကဌများက ပါတီလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား တင်ပြဆွေးနွေးခဲ့ကြပါသည်။














