အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် သက်ဆိုင်သောသိကောင်းစရာများဟောပြောဆွေးနွေး

တောင်ကြီး ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြည်ခိုင်ဖြိုးပါတီပြည်နယ် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နန်းဆိုင်နွမ်းသည် ရှမ်းပြည်နယ်တောင်ပိုင်း မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေး သူငယ်များဘဝမြှင့်တင်ရေးအသင်းနှင့်အတူ ခိုင်မေတ္တာအကူသူနာပြုသင်တန်းကျောင်းသို့ သွားရောက်ပြီးအမျိုးသမီးများ၊ ကလေးသူငယ်များနှင့်သက်ဆိုင်သော သိကောင်းစရာများ ဟောပြောဆွေးနွေးခဲ့ပါသည်။


ပါတီဝင်စိစစ်ခြင်း ကွင်းဆင်းဆောင်ရွက်

ကျိုင်းတုံ ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ဥက္ကဋ္ဌ ဦးအောင်ကျော်မြင့် နှင့် ကော်မတီဝင်များသည် နယ်မြေကွင်းဆင်း၍ ပါတီဝင်စိစစ်ခြင်းဆောင်ရွက်ခဲ့ပါသည်။


(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး တက်ရောက်

 (၁၂-၂-၂၀၂၃)ရက်နေ့(၇)နာရီအချိန်တွင် ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိအားကစားကွင်း၌ ၂၀၂၃-ခုနှစ်၊ ၇၆နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ၊ ဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှုး ဦးညွန့်ဆောင်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးမြတ်သူတို့ တက်ရောက်ခဲ့ကြပါသည်။

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်မောင်စိုး ပါတီဝင်များ သွေးလှူဒါန်းခြင်းနှင့်အမှတ်(၁)တပ်မတော်ကုတင်(၁၀၀၀)ဆေးရုံသို့ အလှူငွေများ ပေးအပွဲသို့ တက်ရောက်

ရန်ကုန်၊ဖေ၊၁၁

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်ကြီးမှူး၍ မင်္ဂလာဒုံခရိုင်၊ လှည်းကူး ခရိုင်၊ တိုက်ကြီးခရိုင်၊ မှော်ဘီခရိုင်နှင့် အင်းစိန်ခရိုင်ပါတီဝင် စေတနာရှင်သွေးလှူရှင်များမှ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲအား ယနေ့နေ့လည်ပိုင်း အချိန်က ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ် အမှတ်(၁)တပ်မတော် ဆေးရုံ ကုတင်(၁၀၀၀)ရှိ သွေးလှူဘဏ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးခင်မောင်စိုးမှ အမှတ်(၁) တပ်မတော်ဆေးရုံ ကုတင်(၁၀၀၀)တပ်မှူးဗိုလ်မှူးချုပ်မြင့်ဇော်ထံသို့ အလှူငွေကျပ်သိန်း(၅၀)ပေးအပ် လှူဒါန်းခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ရမည်းသင်းခရိုင်အတွင်းမှ ပရဟိတအသင်းအဖွဲ့များ၊ ပါတီမှကင်းကွာနေသူများနှင့်တွေ့ဆုံ

ဖေဖော်ဝါရီ ၁၀၊ ရမည်းသင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ သည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နေ့လည် ၁ နာရီ မှ ၃ နာရီအချိန်ထိ ပြုလုပ်သော ပရဟိတအသင်းအဖွဲ့များ၊ ပါတီမှကင်းကွာနေသော ပါတီဝင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် ရမည်းသင်းခရိုင်အတွင်းမှ First Time Voter များ တွေ့ဆုံ

ဖေဖော်ဝါရီ ၁၀၊ ရမည်းသင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်မှ နေ့လည် ၁၂ နာရီအချိန်ထိ ရမည်းသင်းမြို့နယ် သီလဝခန်းမတွင် ကျင်းပပြုလုပ်သည့် First Time Voter များနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ပြီး နှုတ်ခွန်းဆက်အမှာစကားပြောကြားပါသည်။

ရွှေပြည်သာမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်နှင့် ရပ်/ကျေးပါတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

၉ – ၂ –  ၂၀၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၁၃:၃၀ နာရီအထိတွင် ရွှေပြည်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအစည်းအဝေးခန်းမ၌ မြို့နယ်နှင့် ရပ်/ကျေးပါတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အင်အား(၃၀)ဦးဖြင့် ပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိးပါတီ ဆိပ်ကြီးခနောင်တိုမြို့နယ် ရပ်ကွက်ပါတီဥက္ကဌများ ရပ်ကွက်ပါတီ ကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ဆိပ်/တို  ဖေဖော်ဝါရီ ၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ် ရပ်ကွက်(၉)ခုရှိ ရပ်ကွက်ပါတီဥက္ကဌများ ရပ်ကွက်ပါတီကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀:၀၀ နာရီက မြို့နယ်ပါတီရုံး၌ ပြုလုပ်ခဲ့ပါသည်။ ၄င်းအစည်းအဝေး၌ မြို့နယ်ပါတီဥက္ကဌ ဒေါ်အေးအေးမြင့်မှ ပါတီဝင်အင်အားစိစစ်ခြင်းနှင့် ပါတီဝင်အင်အား တိုးတက်ရရှိရေး ပါတီလုပ်ငန်းစဉ်များ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

 

ထန်းတပင်မြို့နယ်-ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အင်အားစိစစ်ခြင်းဆောင်ရွက်

ထန်းတပင် ဖေဖော်ဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီး-မှော်ဘီခရိုင်-ထန်းတပင်မြို့နယ်-ပြည်ခိုင်ဖြိုးပါတီရုံး၌ နံနက်(၁၀:ဝဝ)အချိန် မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဆောင်၍ မြို့နယ်ပါတီကော်မတီများနှင့်ပါတီဝင်အင်အား စိစစ်ဆောင်ရွက်ခြင်းများ ပြုလုပ်ဆောင်ရွက် လျှက်ရှိပါသည်။


ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသမီးပါတီဝင်များတွေ့ဆုံပွဲကျင်းပပြုလုပ်

 (၉-၂-၂၀၂၃)ရက်နေ့ (၀၉:၃၀)အချိန်တွင် ပြင်ဦးလွင်မြို့၊ရပ်ကွက်ကြီး (၁၀)ရှိ ခါတော်မီသာသနာ့ဗိမာန်၌ ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးပါတီဝင်များ တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ၊ ဗဟိုအတွင်းရေးမှူး၊ အမျိုးသမီးရေးရာကော်မတီတာဝန်ခံ ဒေါက်တာဒေါ်စန်းစန်းနွယ်၊ မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရေးမှူး ဒေါ်သိင်္ဂီအောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင်၊ အမျိုးသမီးကဏ္ဍတာဝန်ခံ ဒေါ်သန်းသန်းအေး၊ ပြင်ဦးလွင်ခရိုင် အတွင်းရေးမှူး၊ အမျိုးသမီးကဏ္ဍတာဝန်ခံ ဒေါ်စပယ်ဝင်း၊ ပြင်ဦးလွင်မြို့နယ်ကော်မတီဝင်၊ အမျိုးသမီးကဏ္ဍ တာဝန်ခံဒေါ်ခိုင်ခိုင်ဦးနှင့် ပါတီဝင်အမျိုးသမီးများ၊ ပါတီဝန်းရံသူအမျိုးသမီးများ၊ စုစုပေါင်းအင်အား (၁၀၀)ဦး တက်ရောက်ခဲ့ကြပါသည်။