“အမ်း” မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များနှင့် အရန်ပါတီကော်မတီ ၀င်များ လုပ်ငန်းညှိနှိုင်းစည်းဝေး

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များနှင့် အရံပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၆) ကို ဇူလိုင် (၁) ရက် နေ့လည် (၁၂) နာရီ (၃၀) မိနစ်အချိန်က နာရီ ကျင်းပပြုလုပ်ခဲ့ကြပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ပြည်သူ့ဘ၀ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးဘာသာသာသနာ အဓွန့်ရှည် တည်တံ့ ခိုင်မြဲရေးရေးလုပ်ငန်းစဉ်များတွင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အင်တိုက် အားတိုက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အားလုံးသဘောတူ ဆုံးဖြတ်ခဲ့ ကြကြောင်း သိရသည်။

မိုးညှင်းပြည်ခိုင်ဖြိုးပါတီလူငယ်များ ဓမ္မစကူးလ် ကျောင်းသား/သူ များအား အဟာရဒါနပြု

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာ လှုပ်ရှားမှုအဖြစ် မိုးညှင်းလူငယ် ပါတီကေဒါ ခေါင်းဆောင် ဦးမောင်မောင်၊ ဦးပေါ်ထင်နှင့် လူငယ်အဖွဲ့ ဦးဆောင်၍ အင်းတော်ကြီးဒေသ ပါတီဝင်လူငယ်အဖွဲ့များသည် ဇူလိုင်လ (၃) ရက် နံနက် (၁၀) နာရီ ခွဲအချိန်က မိုင်းနောင်ကျေးရွာ ဓမ္မစကူးလ် ကျောင်းသား ကျောင်းသူများအား အဟာရဒါန သွားရောက် ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည် ရွေးချယ်ဖွဲ့စည်းခြင်း အခမ်းအနားကို ဇွန်လ (၃၀) ရက်) နံနက် (၁၀) နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းမျက်နှာစုံညီ အစည်းအဝေးသို့ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးရဲမြင့်၊ တိုင်းဒေသကြီး ပါတီ ကော်မတီဝင်များ၊ ပြင်ဦးလွင်ခရိုင် ပါတီ အတွင်းရေးမှူးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီ ကော်မတီဝင်
များ၊ တက်ရောက်ခဲ့ကြသည်။

ဇလွန်မြို့နယ်တွင် ပါတီမျက်နှာစုံညီ အစည်းအဝေးနှင့် ရွေးချယ်ဖွဲ့စည်းရေးအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ရွေးချယ်ဖွဲ့စည်းရေးအခမ်းအနားကို ဇွန် ၂၅ရက် နံနက်ပိုင်းက မြို့နယ်ပါတီစုံညီအစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားကို ပါတီဗဟို ကော်မတီဝင် ဧရာဝတီတိုင်းဒေသကြီး ရွေးချယ်ကြီးကြပ်မှုအဖွဲ့ဝင် ဦးခင်မောင်ရီ၊ ဟင်္သာတခရိုင် ရွေးချယ်တင်မြှောက်ရေးကြီးကြပ်မှုကော် မတီဝင်ဦးလှခိုင်၊ ဦးကျော်ဝင်းနိုင် နှင့် ခရိုင်ရွေးချယ်ကြီးကြပ်ရေး အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပါတီဝင်များ အင်အား ၁၅ဝကျော် တက်ရောက် ခဲ့သည်။

ဟင်္သာတတွင် ပါတီမျက်နှာစုံညီအစည်းအဝေး ပြန်လည်ရွေးချယ် ဖွဲ့စည်းရေးအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ မျက်နှာစုံညီအစည်း အဝေးနှင့် ပြန်လည်ပြင်ဆင်ရွေး ချယ်ဖွဲ့စည်းခြင်း အခမ်းအနားကို ဇွန် ၂၈ ရက် နံနက် ၉ နာရီခွဲ က ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဇမ္ဗူသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးကျင်းပ

ပြည်ထောင်စုနယ်မြေ နေပြည်တော်ခရိုင် ဇမ္ဗူသီရိမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၃ဝ) ရက် နံနက် (၉) နာရီက ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင် ရပ်ကွက် တော်ဝင်ရတနာ လမ်း မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုနယ်မြေ ပါတီပြန်လည်ပြင် ဆင်ရေးအဖွဲ့ အဖွဲ့(၂)တာဝန်ခံ ဦးဇင်ယော်နှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ပြည်ထောင်စု နယ်မြေ တွဲဖက်အတွင်းရေးမှူး ဦးဌေးဝင်း နှင့် ကော်မတီဝင်များ၊ နေပြည်တော်ခရိုင်ကော်မတီဝင် (ဇမ္ဗူသီရိမြို့နယ်) တာဝန်ခံ ဒေါ်မြဖြူမာ ဝင်းနှင့်ကော်မတီဝင်များ၊ ဇမ္ဗူသီရိမြို့နယ် အတွင်းရေးမှူးဦးဝင်းဌေးနှင့် ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စုများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

တောင်ဥက္ကလာပတွင် ပါတီမျက်နှာစုံညီအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တောင် ဥက္ကလာပမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့ နယ်မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၂) ရက် နံနက် (၉) နာရီက မြို့နယ် ပါတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ် ပါတီ မျက်နှာစုံညီ အစည်းအဝေးကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမျက်နှာစုံညီအစည်းအဝေးကို ယမန်နေ့ နံနက် (၉) နာရီက ကော့သောင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးချစ်သန်း၊ ဦးမြင့်ထွန်း၊ အရန်ဗဟိုကော်မတီဝင် ဒေါက်တာဝင်းအောင်၊ အရွေးချယ်ခံ ရပ်/ကျေးပါတီဝင် ကိုယ်စားလှယ် (၅၆) ဦးနှင့် ပါတီဝင်များ တက်ရောက်ကြသည်။

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး သန်လျင်မြို့နယ်ပါတီ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက် အားပေး

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ရတနာခန်းမ၌ ဇွန်လ (၃၀) ရက် နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်သည့် မြို့နယ်ပါတီ မျက်နှာစုံညီအစည်းအဝေးသို့ ဒုတိယဥက္ကဌ ဦးဌေးဦး၊ ရန်ကုန်တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်းပါတီ ကော်မတီဝင်များ၊ တောင်ပိုင်းခရိုင်ပါတီအတွင်းရေးမှူး ဦးလွင်ဦးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ သန်လျင်မြို့နယ်ပါတီ အတွင်းရေးမှူးဦးကျော်မင်းနှင့် မြို့နယ်ပါတီ ကော်မတီ ဝင်များ၊ ရပ်ကွက်ကျေးရွာ(၄၅)ခုမှ ပါတီကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

13532894_835285473271533_387956805998832892_n 13516655_835163573283723_693140716709827680_n

(more…)


ရသေ့တောင်မြို့နယ် ကျေးရွာစာသင်ကျောင်းသို့ သွပ်များလှူဒါန်း

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးဝေကျော်အောင် နှင့် မြို့နယ်ပါတီကော်မတီဝင်များ သည် ယနေ့ ( ဇူလိုင်လ ၁ရက် ) နံနက် (၉) အချိန်က သမီးလှသစ်ကျေးရွာ စာသင်ကျောင်း၌ ရပ်မိ/ရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့များ နှင့် သွပ်လှူဒါန်းပွဲ ပြုလုပ်ခဲ့သည်။

13567067_401054176736382_6065193538977517673_n

(more…)