ဇလွန်ပြည်ခိုင်ဖြိုးပါတီ ငါးမွေးမြူရေးလုပ်ငန်းများသွားရောက်လေ့လာ

ဧရာဝတီတိုင်းဒေသကြီး ဇလွန် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှမြို့နယ်အတွင်းရေး မှူးဦးနိုင်လင်း၊ကော်မတီဝင်ဦးလှမိုး၊ ဦးရှိန်းထက်ခေါင်တို့ခေါင်းဆောင် ၍ ကျုံရှကျေးရွာနှင့် ဖက်သောင် အစုကြီးကျေးရွာတို့မှငါးမွေးမြူရေး လုပ်ငန်းရှင်၁၂ဦးတို့ ဇူလိုင်၃၁ရက် နေ့လယ်က ညောင်တုန်းမြို့နယ် သဇင်ရေကျော်ကွင်းအတွင်းရှိ ငါး မွေးမြူရေးကန်များသို့ သွားရောက် ကြည့်ရှုလေ့လာခဲ့ကြသည်။

တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ကြသော ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုချီးမြှင့်

ယခုနှစ် မတ်လတွင်ကျင်းပခဲ့ သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် စာစစ်ဌာနမှ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသားကျောင်းသူများ၊ ဂုဏ်ထူးအများဆုံးရရှိအောင် သင်ကြာ ပို့ချခဲ့သည့် ဆရာ ဆရာမများ၊ မြို့ နယ်အောင်ချက်အကောင်းဆုံးဆု (ပထမ၊ဒုတိယ၊ တတိယ) ရရှိသည့် ကျောင်းများနှင့်ဘက်စုံပညာထူးချွန် လူငယ်ဆုရရှိသူများအား ဆုချီးမြှင့်သည့် အခမ်းအနားကို ဇူလိုင် (၃၁) ရက်နေ့ မွန်းလွဲ (၁) နာရီတွင် မင်္ဂလာတောင်ညွန့်မြို့နယ် သျှရီဘုသ်နာသ် ဟိန္ဒူဘုရားကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အမရပူရရေဘေးသင့်ကျေးရွာရှစ်ရွာအား မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ သွားရောက်လှူဒါန်း

ဧရာဝတီမြစ်ရေတက်လာမှုကြောင့် ရေဝင်ရောက်ကာ ရေဘေးဒဏ် ခံစားခဲ့ရ သည့် အမရပူရမြို့နယ် အတွင်းရှိ ရေဘေးသင့်ကျေးရွာ ရှစ်ရွာမှအိမ်ထောင်စု ၁ဝ၉၅ စုအား ခေါက်ဆွဲခြောက်နှင့် ရေသန့်များကို အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ သြဂုတ် (၂) ရက် နံနက် (၁ဝ) နာရီက ရွာများအရောက်သွားရောက်လှူဒါန်းခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဌဦးဌေးဦး လုပ်ငန်းလမ်းညွှန်မှာကြား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ဇူလိုင်လ (၃၁) ရက် နံနက် (၁၀) နာရီ (၁၅) မိနစ်အချိန်တွင် ဧရာဝတီ တိုင်းဒေသကြီး၊ ဗိုလ်မြတ်ထွန်းတံတား ပြည်ခိုင်ဖြိုးရိပ်သာ၌ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အတူ ဧရာဝတီတိုင်း ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

13680823_150398352059071_4149844886682347896_n

(more…)


ဗန်းမော်ခရိုင်ပါတီ မျက်နာစုံညီ အစည်းအဝေးနှင့် ခရိုင်ပါတီကော်မတီ ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနား ကျင်းပပြီးစီး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နာစုံညီအစည်းအဝေးးကို ဇူလိုင်လ (၂၉) ရက် နံနက် (၉) နာရီ (၃၀) မိနစ်နာရီက ခရိုင်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြီးစီးခဲ့သည်။

13738073_1051673754870274_1645420440294297714_o

(more…)


မကွေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို သြဂုတ်လ (၁) ရက်နေ့ နံနက် (၁၀) နာရီအချိန်က မကွေးမြို့ တိုင်းပြည်ခိုင်ဖြိုးခန်းမတွင် ကျင်းပရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ သူရဦးအေးမြင့် တက်ရောက်ခဲ့သည်။

13906832_1163422147012661_6553708247356395075_n

(more…)


“ဒီမိုကရေစီပြောင်းလဲမှုအခန်းကဏ္ဍ” ဆွေးနွေးပွဲ ပြုလုပ်

တာချီလိတ်နှစ်ခြင်းခရစ်ယာန်အသင်းတော်၏ ဖိတ်ကြားချက်ဖြင့် တာချီလိတ် မြို့သို့ရောက်ရှိနေသော Legal Clinic Myanmar မှ ရှေ့နေ ဦးနေ၀င်းနိုင် အား တာချီလိတ်ခရိုင်/ မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးသို့ ထပ်ဆင့်ဖိတ်ကြားခဲ့ပြီး (၁.၈.၂၀၁၆) နေ့ နံနက် (၉)နာရီအချိန်တွင် ဒီမိုကရေစီပြောင်းလဲမှု အခန်း ကဏ္ဍကို အကျယ်တ၀င့် ရှင်းလင်းဆွေးနွေးမှုများအား တာချီလိတ် ပြည်ခိုင်ဖြိုးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

13923445_1209545965751884_692889387754898336_o

(more…)


ကျင်းပပြုလုပ်မည့် ရခိုင်ပြည်နယ်ပါတီ မျက်နှာစုံညီအစည်းအဝေးကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် လောကာ နန္ဒာစေတီတော်ရင်ပြင်တွင် သန့်ရှင်းရေး လုပ်အားဒါနပြုဆောင်ရွက်

သြဂုတ်လ (၆)ရက်နေတွင်ကျင်းပပြုလုပ်မည့် ရခိုင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဂုဏ်ပြုကြိုဆို သောအားဖြင့် သန့်ရှင်းရေးလုပ်အား ဒါနပေးလှူပွဲ အခမ်းအနားကို စစ်တွေမြို့ လောကာနန္ဒာစေတီတော်ရင်ပြင်၌ ယနေ့ သြဂုတ် (၂) ရက်နေ့ နံနက် (၇) အချိန်တွင် ကျင်းပရာ ပြည်နယ်တွဲဖက်အတွင်းရေးမှူး ဦးသန်းဝေ(ဗဟိုကော်မတီဝင်)၊ ပြည်နယ်ကော်မတီဝင် ဒေါ်ချိုချိုသန်း ဦးစီးသော ပြည်နယ်ပါတီရုံးဝန်ထမ်းများ စစ်တွေခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်စိုး၊ အတွင်းရေးမှူး ဒေါ်မြမြအေး ဦးဆောင်သော ခရိုင်ကော်မတီဝင်များ၊ စစ်တွေမြို့နယ် အတွင်းရေးမှူး ဒေါ်အေးမာခင် ဦးဆောင်သော ပါတီဝင်များ စုစုပေါင်း အင်အား (၇၂) မှ စုပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။

LawKa5 LawKa4

(more…)


ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေး ကျင်းပပြီးစီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ရွေးချယ် တင်မြှောက်ခြင်းအခမ်းအနားကို ဇူလိုင်လ (၃၁) ရက် နံနက် (၉) နာရီအချိန်က ကျိုင်းတုံမြို့ ပြည်နယ်ပါတီရုံး အပေါ်ထပ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ သဘာပတိကြီးအဖြစ် ဗဟို ကော်မတီဝင် ဦးစိုင်းလုံးဆိုင်မှ ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် လားဟူတိုင်းရင်းသား ဦးရှည်လှ၊ အာခါတိုင်းရင်သား ဦးဝင်းမြတ်တို့မှ ဆောင်ရွက်၍ သဘာပတိကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

13754505_1208800425826438_7215433910556975195_n

(more…)


ရသေ့တောင်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ တွေ့ဆုံဆွေးနွေး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ သြဂုတ်လ (၁) ရက် နေ့လည် (၁၂) နာရီ (၂၀) မိနစ်အချိန်က မြို့နယ်ကော်မတီဝင်များ၊ အရံမြို့နယ်ကော်မတီဝင်များ တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။