

ပြည် စက်တင်ဘာ ၂၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်သည် ယနေ့ နေ့လည် ၂နာရီတွင် ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည့်မြို့ရှိ တိုင်းပါတီရုံးခန်းမတွင်ပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီး(အနောက်) တိုင်းပါတီဥက္ကဋ္ဌနှင့် တိုင်းပါတီကော်မတီဝင်များ ပြည်ခရိုင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်ကော်မတီဝင်များ ပြည်ခရိုင်အတွင်းရှိ ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ ရွှေတောင်မြို့နယ်များမှ ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ပါတီဝင်များအား တွေ့ဆုံခဲ့ပါသည်။
ရှေးဦးစွာ တိုင်းပါတီဥက္ကဋ္ဌ ဦးအောင်ချိုဦးက တိုင်းဒေသကြီးပါတီ ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြပြီးပြည်ခရိုင်ဥက္ကဋ္ဌနှင့် ရွှေတောင်မြို့နယ် ဥက္ကဋ္ဌများက တင်ပြလိုသည့်အချက်များကို တင်ပြခဲ့ကြပါသည်။
ဆက်လက်ပြီး တွဲဖက်အထွေထွေအတွင်းရေးမှူးက ပါတီလုပ်ငန်းစဉ်များ ရေတို ရေရှည်ဆောင်ရွက်ချက်များ ရက်၉၀စီမံချက်အပါအဝင် ပါတီ ဆောင်ရွက်ချက်များအားအသေးစိတ်ရှင်လင်းဆွေးနွေးခဲ့ပါသည်။










