ပြင်ဦးလွင်မြို့နယ်အခြေခံပညာကျောင်းများသို့ KG Kit Box များမြင့်မြတ်ပညာရေးဖောင်ဒေးရှင်း လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ဦးရဲမြင့်နှင့် ဇနီးဒေါ်မြတ်ငွေတို့ မိသားစုက ဖွဲ့စည်းတည်ထောင် ထားသောမြင့်မြတ်ပညာရေးဖောင် ဒေးရှင်းသည် ပြင်ဦးလွင်မြို့နယ် အတွင်း အခြေခံပညာရေးကဏ္ဍ မြင့်မားတိုးတက်စေရေးဖြည့်ဆည်း မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်အတွင်းအခြေခံပညာမူလ တန်းကျောင်းများရှိ ကျောင်းသား ကျောင်းသူများအားတစ်ဦးလျှင် ဗလာစာအုပ်ခြောက်အုပ်နှုန်းသွား ရောက်လှူဒါန်းပေးလျက်ရှိသည်။
အဆင့်မြင့်ပညာကဏ္ဍအနေဖြင့် လည်း တက္ကသိုလ်အဆင့်မြင့်မြတ် ဖောင်ဒေးရှင်းပညာသင်ဆုကို၂ဝ၁၅ ခုနှစ်မှစတင်၍ ပေးအပ်ချီးမြှင့် လျက်ရှိရာ ၂ဝ၁၆ ပညာသင်နှစ် အတွက်လည်း စီစဉ်ဆောင်ရွက် နေပြီဖြစ်သည်။
ဦးရဲမြင့်နှင့် ဇနီးဒေါ်မြတ်ငွေ၊ ဖောင်ဒေးရှင်းအဖွဲ့ဝင်များနှင့် ပြည် ခိုင်ဖြိုးပါတီအဖွဲ့တို့သည် ယမန် နေ့နံနက်ပိုင်းတွင် တောင်ကျွန်း ကျေးရွာမူလတန်းကျောင်း၊ ရေခြံစု ကျေးရွာမူလတန်းကျောင်းနှင့် ဆင် ခေါင်းကြီးကျေးရွာမူလတန်းကျောင်း များသို့သွားရောက်ပြီး ဆရာ ဆရာမများ၊မိဘများ၊ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ကျောင်း သုံးဗလာစာအုပ်နှင့် KG Kit Box များ လှူဒါန်းပေးခဲ့သည်။
ဆက်လက်၍ ဦးရဲမြင့်နှင့်အဖွဲ့ တို့သည် မွန်းလွဲပိုင်းတွင် ပြင်ဦး လွင်မြို့ အထက(၁)ဧရာဝတီခန်းမ သို့သွားရောက်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း၈၆ကျောင်း သို့ KG Kit Box အလုံး ၁ဝဝ ကိုပေးအပ်လှူဒါန်းပေးခဲ့သည်။
လှူဒါန်းပွဲသို့ ခရိုင်အုပ်ချုပ် ရေးမှူးဦးလှမျိုး၊ခရိုင်ပညာရေးမှူး ဒေါ်ချိုချို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်အေးနှင့် ဒုတိယ မြို့နယ်ပညာရေးမှူးများ၊ လက် ထောက် မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာကျောင်းများမှကျောင်း အုပ်ဆရာကြီးဆရာမကြီးများ၊ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများ၊ ဖောင် ဒေးရှင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြသည်။
လှူဒါန်းပွဲတွင် KG တန်းများ အတွက် သင်ကြားရေးအထောက် အကူပြုပစ္စည်းအစုံအလင်ပါဝင်ပြီး ကျပ် ၆၅သိန်း တန်ဖိုးရှိသည့် KG Kit Box အလုံး၁ဝဝကို ပေးအပ် လှူဒါန်းရာ အခြေခံပညာကျောင်း ၈၆ကျောင်းကိုယ်စား ခရိုင်ပညာ ရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် အထက(၁)ကျောင်းအုပ်ဆရာမကြီး ဒေါက်တာမြတ်စိုးမိုးတို့က လက်ခံ ရယူကြသည်။
ယနေ့လှူဒါန်းသည့် KG Kit Box များကို နိုင်ငံတော်ကလည်း ပံ့ပိုးပေးလျက်ရှိကြောင်း၊ သို့သော် လုံလောက်မှုမရှိသေးသည့်အတွက် မြင့်မြတ်ဖောင်ဒေးရှင်းကဖြည့်ဆည်း လှူဒါန်းပေးခြင်းဖြစ်ကြောင်း လှူ ဒါန်းရခြင်းနှင့်စပ်လျဉ်း၍ရှင်းလင်း တင်ပြရာတွင်ဦးရဲမြင့်ကထည့်သွင်း ပြောကြားသွားကြောင်းသိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ (၂ဝ၁၆) ဦးတည်ချက်များ

14079813_419043414937458_2155998187480454774_n

၁။       ယုံကြည်မှုကိုအခြေပြုသော ပါတီတွင်းစည်းလုံးညီညွတ်မှုခိုင်မာရေးနှင့် ပြည်သူအတွင်း စည်းလုံးမှု ပိုမိုထက် မြက်လာစေရေး။

၂။       ပါတီတွင်း ဒီမိုကရေစီရှင်သန်လိုင်မာရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး။

၃။       ပြည်သူများ၏ လူမှုစီးပွားဘ၀ ရှင်သန်ခိုင်မာရေးနှင့် ရေရှည်တည်တံခိုင်မြဲရေး။

၎။       ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိစေရေးအတွက် ပါတီဝင်များက ၀ိုင်းဝန်းပါဝင်ဆောင်ရွက်ရေး။

ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်းမိသားစု ဇေယျာသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သရေစည်သူ ဦးလှဌေးဝင်း(ဗိုလ်ချုပ်ကြီးငြိမ်း) ဇနီး ဒေါ်မာမာဝေ မိသားစုကိုယ်စား ဇေယျာသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (အားလုံး) (၉၈) ကျောင်းတို့အား ဇေယျာသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကော်မတီများ ရပ်/ကျေး ပ-ဒု ခေါင်းဆောင်များ၊ ကျေးရွာခွဲ ခေါင်းဆောင် များ၊ ပါတီဝင်များ၊ သက်ဆိုင်ရာ ရပ်/ကျေးမှ ရပ်မိရပ်ဖများ၊ ပရဟိတ အဖွဲ့များ ပူးပေါင်း၍ သြဂုတ်လ (၁၆) ရက် နံနက် (၈) နာရီအချိန်က ဝါဆိုသင်္ဃန်း ကပ်လှူခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီပညာကျန်းမာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ကန်ကြီးဒေါင့် ရေဘေးသင့်ပြည်သူများအားလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ်(ငြိမ်း) သီရိပျံချီ ဦးသိန်းအောင် ဦးဆောင်ထူထောင် ဖွဲ့စည်းထားရှိသော ဧရာဝတီပညာ ကျန်းမာဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက ကန်ကြီးဒေါင့် မြို့ရှိ ရေဘေးသင့်ပြည်သူများ အတွက် ဆန်အိတ်၁ဝဝနှင့် စားသုံး ဆီများအား ယနေ့မွန်းလွဲပိုင်းက ပေးပို့လှူဒါန်းရာ ဖောင်ဒေးရှင်း ကိုယ်စား ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးအောင်တင်မြင့်နှင့်တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်ခင်စောမူ တို့က တာဝန်ရှိသူများထံ လှူဒါန်း ခဲ့ကြသည်။

ဒုတိယအကြိမ်ပြည်ခိုင်ဖြိုးပါတီ ညီလာခံကို ကြိုဆိုသောအားဖြင့် ဘကကျောင်းနှင့်ကံကြီးပရဟိတမိဘမဲ့ဂေဟာတွင်အလှူငွေလှူဒါန်း

မကွေးတိုင်းဒေသကြီး ဆော မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒုတိယအကြိမ် ပြည်ခိုင်ဖြိုးပါတီညီလာခံကိုကြိုဆို သောအားဖြင့် ဆောမြို့နယ်ဆောမြို့ ဘကကျောင်းနှင့် ကံကြီးလူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာတို့အား အလှူငွေနှင့်စာအုပ်၊ ခဲတံ၊ အဝတ် အစားများ ပေးအပ်လှူဒါန်းပွဲ ဆောင်ရွက်ခဲ့သည်။

ဟင်္သာတပြည်ခိုင်ဖြိုးရေဘေးသင့်ပြည်သူများအား ဆန်များလှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေှးင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌဦးဌေးဦး၏ စီစဉ်ချိတ်ဆက်ဆောင်ရွက်ပေးမှုဖြင့် ဟင်္သာတမြို့ရှိရေဘေးသင့်ပြည်သူ များအား အလှူရှင်များက အစားအစာနှင့်ဆေးဝါး၊ အဝတ်အထည်များ ကို လှူဒါန်းလျက်ရှိသည်။ ထိုသို့ လှူဒါန်းရာတွင် မော်လမြိုင်ကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးဦးအောင်ဇော်လှိုင်မိသားစုနှင့် မမြတ်သက် ညိုတို့က အလှူငွေကျပ်တစ်သိန်းစီကို ရေဘေးသင့် ပြည်သူများအတွက် လှူဒါန်းလာရာ ဟင်္သာတမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင် များသည် ဆန်အိတ်များဝယ်ယူ၍ ယနေ့မွန်းလွဲပိုင်းက ရွှေကူရပ်၊ ရွှေကူ ကျွန်း’စန်းအလင်္ကာပညာဒါနကျောင်း’တွင် ရေဘေးရှောင် ရောက်ရှိနေ သော အိမ်ထောင်စု ၅၉ စုတို့ကို သွားရောက်လှူဒါန်းခဲ့ကြကြောင်း ဟင်္သာတမြို့နယ်ပါတီကော်မတီဝင် ဦးမြင့်နိုင်ဦးထံမှ သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ်မြောက်ပါတီညီလာခံ(၂၀၁၆)


ဇလွန်ပြည်ခိုင်ဖြိုးမှ တောင်သူလယ်သမား အသိပညာပေးပိုစတာများစိုက်ထူ

တောင်သူလယ်သမားများအ နေဖြင့် မိမိတို့လယ်ယာမြေများ တွင် မြေဆီမြေသြဇာများ ပြည့်ဝ မှုရှိ/မရှိ နှင့်မြေအချဉ်ဓာတ်၊အငန် ဓာတ်တည်ရှိမှု အခြေအနေများကို မြေဆီလွှာတိုင်းကိရိယာ (Soil tester)ဖြင့် တိုင်းတာခြင်းဖြင့် အလွယ် တကူသိရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ယခုအခါ၌ ဓာတ်မြေသြ ဇာများကိုသာ အသုံးများလာပြီ ဖြစ်ရာ သဘာဝမြေသြဇာများကို အသုံးပြုခြင်းဖြင့် ကုန်ကျစရိတ် သက်သာပြီး လွယ်ကူစွာရရှိနိုင်သ ဖြင့် လယ်ယာမြေများအခြေအ နေကို စမ်းသပ်သိရှိနိုင်သည့် Soil tester ဖြင့် စမ်းသပ်ခြင်းကို မိမိတို့ ဇလွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီသို့ ဆက်သွယ်အကူအညီတောင်းခံ ရယူနိုင်ကြောင်း ဇလွန်ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌဦးချိုမြင့်ခိုင်က ပြော သည်။ ယမန်နေ့ညနေပိုင်းက ရန်ကုန်-ဇလွန်ကားလမ်းမဘေးရှိ တောင်သူတစ်ဦး၏ လယ်မြေကွက် အတွင်း တောင်သူအသိပညာပေး ပိုစတာစိုက်ထူရာ၌ မြို့နယ်ပါတီ ဥက္ကဋ္ဌက အထက်ပါအတိုင်း ပြော ကြားလိုက်ခြင်းဖြစ်သည်။ အဆိုပါ ပိုစတာစိုက်ထူခြင်းကိုဇလွန်နှင့် နီးစပ်ရာမြို့များဖြစ်သော ဟင်္သာတ နှင့် ကြံခင်းမြို့နယ်များမှပါတီ ကော်မတီဝင်များ တက်ရောက်ကြ ပြီး မြို့နယ်များအတွင်း ပညာပေး ပိုစတာများ ဆက်လက်စိုက်ထူကာ တောင်သူများကို အကူအညီပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပါတီအမျိုးသမီးအဖွဲ့တွေ့ဆုံပွဲမြန်အောင်တွင်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ အမျိုးသမီးအဖွဲ့တွေ့ဆုံပွဲကို ယမန်နေ့က မြန်အောင်မြို့နယ် ပြည်ခိုင် ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အမျိုးသမီးအဖွဲ့တွေ့ဆုံပွဲတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားကာ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီ ကော်မတီများက နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ကြပြီး မြို့ နယ်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးအဖွဲ့တာဝန်ခံဒေါ်ယဉ်မြတ်သူက ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသောအမျိုးသမီး အဖွဲ့ဝင်များက တစ်ဦးချင်းဆွေးနွေးခြင်း၊ တာဝန်ခံက ပြန်လည် ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

မြောက်ပိုင်းခရိုင် ရှစ်မြို့နယ်မှပါတီဝင်များ တိုက်ကြီးရေဘေး သင့်ပြည်သူများအားငွေကျပ်သိန်း ၄ဝ တန်ဖိုး ရှိ အစားအသောက်များလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး မြောက် ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်း လှိုင်မြစ်ရေကြီးမှုကြောင့် ရေနစ်မြုပ် လယ်ဧက ၃၁၉ဝနှင့် အိမ်ထောင်စု များ၊ရေနစ်မြုပ်လျက်ရှိသော ကျေး ရွာဒေသများသို့ မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးတင်ယု နှင့်ခရိုင်အတွင်းရှိ မြို့နယ်ရှစ်မြို့ နယ်မှမြို့နယ်ဥက္ကဋ္ဌများ ဦးဆောင်၍ ပါတီဝင်များသည် ယမန်နေ့ နံနက် ၆နာရီက လူသုံးကုန်နှင့်စားသောက် ကုန်များသွားရောက်လှူဒါန်းသည်။
ရေနစ်မြုပ်လျက်ရှိသော တိုက် ကြီးမြို့နယ်အတွင်းမှ တော်လတီ ကျေးရွာ၊ အလယ်ဘုတ်ကျေးရွာ၊ ဖက်ဝန်းကုန်းကျေးရွာ၊ ဘော်လ ကွတ်ကျေးရွာ၊ ကတိုင်စိန်ကျေးရွာ များမှ အိမ်ထောင်စုပေါင်း ၃၇၇စု၊ လူဦးရေ ၁၆ဝဝ တို့အား ဆန်အိတ် ၅ဝ နှင့်အတူခေါက်ဆွဲခြောက်ထုပ်၊ ငါးသေတ္တာ၊ ဘီစကစ်၊ ရေသန့် နှင့်အဝတ်အထည်များကို သွား ရောက်လှူဒါန်းရာ ရပ်မိရပ်ဖများ နှင့် ကတိုင်စိန်ကျေးရွာ ရာဇရံသီ ဘုန်းတော်ကြီးကယ်ဆယ်ရေးစခန်း ဆရာတော်တို့ကလက်ခံပြီး ရွာသူ ရွာသားများအား ခွဲဝေပေးကြောင်း သိရသည်။