၈ ပြည်နယ်မူသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်နိုင်ကြာင်းနှင့် ဖက်ဒရယ်စနစ် ကျင့်သုံးရာတွင် ပထ၀ီ အနေအထားကိုအခြေခံသည့် ဖက်ဒရယ်စနစ် ကျင့်သုံးသင့်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြောကြားလိုက်သည်။
၈ ပြည်နယ်မူသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်နိုင်ကြာင်းနှင့် ဖက်ဒရယ်စနစ် ကျင့်သုံးရာတွင် ပထ၀ီ အနေအထားကိုအခြေခံသည့် ဖက်ဒရယ်စနစ် ကျင့်သုံးသင့်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြောကြားလိုက်သည်။
ရာဇသင်္ဂဟဖောင်ဒေးရှင်း နာယကကြီး အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ နိုင်ငံတော် သမ္မတ(ငြိမ်း) ဦးသိန်းစိန်(ကိုယ်စား) ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များသည် သြဂုတ် ၃၁ ရက် မွန်းလွဲ ၁နာရီက ဟင်္သာတမြို့ ရုံးကြီးရပ် မြစ်ကွေ့ကျောင်း လမ်း အိမ်အမှတ်(၁ဝ၆)နေ အသက် (၁ဝ၂)နှစ်ရှိ အဘိုးဦးဆုံအား ဂုဏ်ပြုလှူဒါန်းငွေကျပ်နှစ်သိန်းကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ သြဂုတ်လ (၃၀) ရက် နံနက် (၁၀) နာရီအချိန်က က ပခုက္ကူခရိုင်/မြို့နယ် ပါတီကော်မတီဝင်များတွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။
အစည်းအဝေးတွင် ဒုတိယအကြိမ် ပါတီညီလာခံ(၂၀၁၆) မှ ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး ငလျှင်ဒဏ်ကြောင့် ပျက်စီးသွားသည့် မြန်မာတို့၏ နှလုံးသား ပုဂံဒေသရှိ ဘုရားပုထိုးများ ပြုပြင်မွမ်းမံရေးလုပ်ငန်းများတွင် လုပ်အားဒါန ပါဝင်ကူညီဆောင်ရွက် နိုင်ရေးအတွက် အသေးစိတ် ဆွေးနွေး ခဲ့ကြပြီး နေ့လည် (၁၂) နာရီခွဲ အချိန်တွင် အစည်းအဝေး အောင်မြင်စွာ ပြီးဆုံးကြောင်း သတင်းရရှိသည်။
yawminthar(pku)
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင် ဖွံ့ဖြိုးရေးပါတီ မြို့နယ် ပါတီကော်မတီဝင်များ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးနှင့် ဒုတိယအကြိမ်ပါတီညီလာခံ အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့ (စက်တင်ဘာလ ၁ ရက်) နံနက် (၉) နာရီအချိန်က ခရိုင်/မြို့နယ် ပါတီရုံး၌ ကျင်းပပြုလုပ်ရာ ပြင်ဦးလွင်မြို့နယ် ပါတီဥက္ကဌ ဦးကျော်ကျော်စိုးက ညီလာခံ အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနာယက၊ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် ၏ “ရာဇသင်္ဂဟ ဖောင်ဒေးရှင်း” မှ နိုင်ငံတော်အတွင်း အသက် (၁၀၀) နှစ် နှင့်အထက် အဖိုးအဖွားများ၏။ ကျန်းမာရေး၊ လူနေမှုဘဝ အဆင်ပြေစေရေး အထောက်အကူပြုစေရန် တစ်ဦးလျှင် ကျပ် (၂) သိန်းနှုန်းဖြင့် ထောက်ပံ့လှူဒါန်းခဲ့ရာ မကွေးတိုင်းဒေသကြီးး ဆင်ပေါင်ဝဲမြို့နယ် စစ္စေးချောင်းရွာမှ အဖွား ဒေါ်အေးမြိုင် (၁၀၁) နှစ်အား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သြဂုတ်လ (၃၁) ရက်နေ့က ကျေးရွာအရောက် သွားရောက်လှူဒါန်း ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး၌ သြဂုတ်လ (၃၁) ရက် နေ့လည်ပိုင်းက ပြည်နယ်ပါတီကော်မတီ ၀င်များ၊ အရန်ပါတီကော်မတီဝင်များ၊ ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ၊ ခရိုင်/မြို့နယ် အရန်ပါတီကော်မတီဝင်များ တွေ့ဆုံ၍ ပြည်နယ်ပါတီ၏ ညွန်ကြားချက်များကို ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌမှ အစည်းအဝေးခေါ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများမှ ပြည်နယ် ပါတီ၏ညွှန်ကြားချက်များနှင့် ပတ်သက်၍ ဆွေးနွေးအတည်ပြု ဆုံးဖြတ်ခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ (၂) နာရီအချိန်တွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပဲခူးတိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းနှင့် တိုင်းကော်မတီဝင် များသည် သြဂုတ်လ (၃၁) ရက် နံနက် (၁၁) နာရီအချိန်တွင် တောင်ငူခရိုင်ပါတီရုံး၌ တောင်ငူခရိုင်နှင့် တောင်ငူမြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များအား တွေ့ဆုံ၍ ဖွဲ့စည်းရေးဆိုင်ရာကိစ္စများ ရှင်းလင်းဆွေနွေးခဲ့ကြကြောင်း သိရသည်။
Credit – Aung Win Tun
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်အတွင်းရှိ အသက် (၁ဝဝ) ပြည့်နှင့် အထက် ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနာယက ဦးသိန်းစိန် နိုင်ငံတော်သမ္မတ(ငြိမ်း)၏ “ရာဇသင်္ဂဟ ဖောင်ဒေးရှင်း” က လှူဒါန်းသော ထောက်ပံ့ငွေများကို သြဂုတ် (၃၀) ရက် နေ့က လက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပဲခူးတိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်း နှင့် တိုင်းပါတီကော်မတီဝင်များ၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်နှင့် အုတ်တွင်းမြို့နယ်တို့မှ မြို့နယ်ပါတီဥက္ကဋ္ဌ များနှင့် ပါတီကော်မတီဝင်များသည် ပုဒ်မ ၆၆(ဃ)ဖြင့် ပြစ်ဒဏ် ကျခံနေရ သည့် တောင်ငူခရိုင် ပါတီကော်မတီဝင် ဦးလွင်မြင့် (နေကာရံ) ၏ မိသားစုဝင် များအား ကျွဲပွဲမြို့ အမှတ်( ၁ ) ရပ်ကွက် ခင်ကြီးနေအိမ်သို့ သွားရောက်၍ ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးနှစ်သိမ့်ကာ ထောက်ပံ့ကူညီမှုများ ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ရပ်/ကျေးပုံမှန် အစည်းအဝေးကို သြဂုတ်လ (၃၁) ရက်နေ့က မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။