ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်၊ ရခိုင်ပြည်နယ်ပါတီဥက္ကဋ္ဌ ပါတီ အဆင့်အဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေသည် စက်တင်ဘာလ (၄) ရက် နံနက် (၈) နာရီက ရခိုင်ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ပြည်နယ်ပါတီ ကော်မတီဝင်များ၊ ခရိုင်/မြို့နယ်ပါတီဥက္ကဋ္ဌများအား ပါတီ၏ရှေ့ဆက်မည့် လုပ်ငန်း အစီအစဉ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့သည်။တွေ့ဆုံပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေ၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေ၊ ပြည်နယ်ပါတီ ဘဏ္ဍာရေးမှူး ဦးသန်းထွန်းနှင့် ပြည်နယ်ကော်မတီဝင်များ၊ ခရိုင်/မြို့နယ် ပါတီဥက္ကဋ္ဌများ စုစုပေါင်း ၅၇ ဦး တက်ရောက်ခဲ့ကြသည်။

viber image RK2

(more…)


အမျိုးသမီးများ လူနေမှုဘဝ မြင့်မားလာစေရေး အလှအပနှင့် ကျန်းမာရေး အထောက်အကူပြု ရက်တိုသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း နေထိုင်သော အမျိုးသမီးများ ကျန်း မာရေး၊ စီးပွားရေးနှင့် လူနေမှုဘဝ မြင့်မားလာစေရေးအတွက် ရည်ရွယ်၍ မန္တလေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ကာ အမျိုးသမီးရေးရာကဏ္ဍ၊ အလှအပ ရေးရာနှင့် ကျန်းမာရေးရာအထောက် အကူပြုရက်တိုသင်တန်းအား ယခု လ ၂ ရက်မှ ၃ ရက်အထိ မွန်းလွဲ ၁၂ နာရီခွဲမှ ညနေ ၅ နာရီအထိ သင်တန်းပို့ချဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့ရှိ အသက်ရာကျော်ဘိုးဘွားများအား ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ ပူဇော်ကန်တော့

မြန်မာတစ်နိုင်ငံလုံးရှိ အသက် ရာကျော်ဘိုးဘွားသက်ရှည်များ အား အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂ မဟာသီရိ သုဓမ္မဦးသိန်းစိန်(နိုင်ငံတော်သမ္မတ-ငြိမ်း)နာယကအဖြစ် ဦးဆောင်တည်ထောင်ထားသည့် ရာဇသင်္ဂဟ ဖောင်ဒေးရှင်းက ပူဇော်ကန်တော့လျက်ရှိသည်။ ထိုသို့ ပူဇော်မှုများပြုလုပ်ရာတွင် ယခုလ ၂ ရက် မွန်းလွဲပိုင်းက ဟင်္သာတခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင် ဦးဆောင်သော ခရိုင်ပါတီကော်မတီဝင်များ၊ ကြံခင်းမြို့နယ်ပြည် ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့်ပါတီ ကော်မတီဝင်များသည် ကြံခင်းမြို့နယ် ဇီးပင်ကွင်းကျေးရွာနေ အသက် (၁ဝ၂နှစ်)ရှိ အဘွား ဒေါ်သိန်းရှင်အား ဖောင်ဒေးရှင်းမှ လှူဒါန်း သည့် အာယုဂုဏပူဇာ ငွေကျပ် နှစ်သိန်းနှင့် မှတ်တမ်းတင်ဂုဏ်ပြု လွှာတို့ကို အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းကန်တော့ခဲ့ကြသည်။ ဆက်လက်၍ ခရိုင်ပါတီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇီးပင်ကွင်း ကျေးရွာအုပ်စု အုတ်ပုံရွာတွင် နေထိုင်သော အဘွားဒေါ်မိုးစိန် အသက်(၁ဝ၂နှစ်)အား သွားရောက် ကန်တော့ကြရာ ဘွားသက်ရှည်က ဦးသိန်းစိန်(နိုင်ငံတော်သမ္မတ-ငြိမ်း) ကျန်းမာပါစေကြောင်း ဆုမွန်များ ပို့သပြီး ယခုလာရောက် ကန်တော့ သူတို့မှာလည်း ဘဝအဆက်ဆက် က ဆွေမျိုးတော်စပ်သူများဖြစ်၍ သားသမီးများကို တွေ့ရသကဲ့သို့ ဝမ်းသာပါကြောင်း၊ သတိမှတ် ဥာဏ်ကောင်းမွန်စွာ ဆုတောင်း မေတ္တာပို့သ လျက်ရှိသည်ကို တွေ့ မြင်ခဲ့ရသည်။

မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ရာဇသင်္ဂဟဖောင်ဒေးရှင်း(ကိုယ်စား) အသက် ၁ဝဝ ကျော်အဘိုးအဘွားများအား ထောက်ပံ့

ရန်ကုန်တိုင်းဒေသကြီး(မြောက် ပိုင်း)ခရိုင်အတွင်းရှိ မြို့နယ်များမှ အသက်ရာကျော်အဘိုးအဘွားများ အား နိုင်ငံတော်သမ္မတဟောင်း အဂ္ဂ မဟာသရေစည်သူ အဂ္ဂမဟာသီရိ သုဓမ္မ ဦးသိန်းစိန်(ပြည်ခိုင်ဖြိုးပါတီ နာယက)တည်ထောင်ထားသော ရာဇသင်္ဂဟဖောင်ဒေးရှင်းကထောက် ပံ့ငွေနှင့် ဆေးဝါးအသုံးအဆောင် ပစ္စည်းများကိုနှစ်စဉ်လှူဒါန်းလျက် ရှိရာ ယမန်နေ့နံနက် ၉နာရီတွင် အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက် အောင်ဇေယျ (၁)လမ်းရှိ အသက် (၁ဝ၇)နှစ်အရွယ် အဘွား ဒေါ်ကု လားမ(ခေါ်)ဒေါ်လှရင်၏ နေအိမ် သို့ သွားရောက်လှူဒါန်းခဲ့သည်။

ဝမ်းတွင်းမြို့နယ် ပြည်ခိုင်ဖြိုး ဒုတိယအကြိမ်ပါတီညီလာခံ အောင်မြင်ခြင်း အထိမ်းအမှတ် သစ်ပင်စိုက်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ယမန်နေ့တွင် ဘုရားဖြူ ရွှေပေါ်ကျွန်း လမ်းဘေးဝဲယာတွင် ဒုတိယအကြိမ် ပါတီ ညီလာခံအောင် ပွဲ အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းမြင့်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးထွန်းထွန်းဦးနှင့် ခရိုင်ပါတီကော်မတီဝင် ဦးမြဌေး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ခင်လှိုင်မြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူး၊ အမှုဆောင်နှင့် လူငယ်များ အင်အား ၁၅ဝ နှင့် သစ်ပင်စိုက်ပွဲတော်ကို ကျင်းပခဲ့သည်။

ဒုတိယအကြိမ် ပြည်ခိုင်ဖြိုးပါတီညီလာခံ အောင်မြင်ခြင်း အထိမ်းအမှတ် ကျောက်ပန်းတောင်း ပြည်ခိုင်ဖြိုးပါတီဝင်များ စုပေါင်းသစ်ပင်စိုက်ပျိုး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယအကြိမ် ဗဟိုပါတီညီလာခံ (၂ဝ၁၆) အောင်မြင်စွာ ကျင်းပပြီးစီးခြင်း အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို စက်တင်ဘာလ (၃) ရက် နံနက် ၇ နာရီခွဲက မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ စုပေါင်း၍ ကျောက်ပန်းတောင်းမြို့ အရှေ့မြို့ပတ်လမ်းတွင် အရိပ်ရသစ်ပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဒုတိယအကြိမ် ပါတီညီလာခံအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် အရိပ်ရပင်များ စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးကြည်ဖေ၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုးနိုင်ဝင်းတို့ ဦးဆောင်မှုဖြင့် မြို့နယ်အမှုဆောင် များ၊ ရပ်ကွက်၊ ကျေးရွာစည်းရုံးရေးမှူးများ စုစုပေါင်း (၇ဝ) သည် ပြည်ခိုင်ဖြိုးပါတီ၏ ဒုတိယအကြိမ် ပါတီညီလာခံ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် စက်တင်ဘာလ (၃) ရက် နေ့ နံနက် (၉) နာရီ(၄၅)မိနစ်မှ (၁ဝ) နာရီ (၄၅) မိနစ်အထိ နွားထိုးကြီးမြို့ အမှတ် (၅)ရပ်ကွက် မိုးကုတ်ကျောင်းတိုက် ဘိုးဘွားရိပ်သာ၌ ကျွန်းပင် ၆ဝ၊ ကုက္ကိုပင် ၂၅ပင်၊ ယင်းမာပင် ၂၅ပ င် စုစုပေါင်းအရိပ်ရသစ်ပင် ၁၁ဝတို့ကို ပျော်ပျော်ပါးပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ (၂၆)ကြိမ်မြောက် သွေးလှူဒါန်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှကြီးမှူး၍(၂၆)ကြိမ်မြောက် သွေးလှူဒါန်းပွဲ အခမ်းအနားကို စက်တင်ဘာလ (၃) ရက် နံနက် (၉) နာရီက ရန်ကုန်အမျိုးသား သွေးလှူဘဏ်၌ ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ရန်ကုန်အနောက်ပိုင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးနေဝင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ် ပါတီဥက္ကဋ္ဌများနှင့် ပါတီဝင် ၂ဝဝ ကျော်တက်ရောက်ကြသည်။

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း ခေါင်းဆောင်သော အဖွဲ့ဝင် (၂၁) ဦးပါ မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ နေပြည်တော်မှ တရုတ်လေကြောင်းလိုင်းဖြင့် သြဂုတ် (၃ဝ) ရက် မွန်းလွဲ ၃ နာရီတွင် ထွက်ခွာခဲ့ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ကွေ့ရန်အပြည် ပြည်ဆိုင်ရာ လေဆိပ် သို့ ဒေသစံတော်ချိန် ည ၁ဝ နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဘုရားထီးတော် တင်လှူပူဇော်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် ပင်မြိုင် ကျေးရွာ ရွှေပင်မြိုင်တောရရှိ တတိုင်းပြည့်စေတီထီးတော်နှင့်စိန်ဖူး တော်အထွတ်တင်လှူပွဲကို စက်တင်ဘာလ (၃) ရက် ၉နာရီတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ ပျော်ဘွယ်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ပန်းစုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ အာသဖအမှူးပြုသော သံဃာတော် ၂၅ပါး ကြွရောက်ပြီး ပြည်ခိုင်ဖြိုး ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့်ဇနီး ဒေါ်သင်းမျိုးမျိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးတင်စိုးနှင့် ဦးမြင့်စိုး၊ မန္တလေးတိုင်းဒေသကြီး ကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ရမည်းသင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးကြည်မြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ထီးတော်အလှူရှင်များ၊ မြို့မိမြို့ဖများ၊ ဗုဒ္ဓဘာသာဝင် ပြည်သူများ တက်ရောက်ကြည်ညိုခဲ့ကြသည်။