ဘုန်းတော်ကြီးကျောင်းများသို့ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ကြီး ဦးသန်းဌေး နှင့် အဖွဲ့သည် ယနေ့ (၉ ၉ ၂၀၁၆) နံနက်ပိုင်းက မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆရာတော်များထံ လှူဖွယ်ဝထ္တု အစုစုကို ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။


ပုဇွန်တောင်တွင်အသက် ၁ဝဝ ကျော်ဘိုးဘွားများအား ရာဇသင်္ဂဟဖောင်ဒေးရှင်းက အလှူငွေများပေးအပ်

ရန်ကုန်တိုင်းဒေသကြီး ပုဇွန် တောင်မြို့နယ်တွင် စက်တင်ဘာလ (၈) ရက် မွန်းလွဲ ၁နာရီခွဲက အမှတ်(၁၄) ခြောက်လွှာ၊ နေကြာလမ်း၊ အမှတ်(၂)ရပ် ကွက်၊ ပုဇွန်တောင်မြို့နယ် တွင် နေ ထိုင်သူအဘိုးဦးမောင်ထွေး၊အသက် (၁ဝ၁)နှစ်နှင့်အမှတ်(၆၄)ရေကျော် လမ်းမကြီး အမှတ်(၇)ရပ်ကွက် တွင်နေထိုင်သောအဘွားဒေါ်လှတင် တို့အား အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မဦးသိန်းစိန် (နိုင်ငံတော်သမ္မတ၊ငြိမ်း) နာယက အဖြစ် ဖွဲ့စည်း တည်ထောင်ထားသည့် ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ လှူဒါန်းသည့် အလှူငွေကျပ် နှစ်သိန်း နှင့် လှူဖွယ်ဝတ္တုများကို ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုပါတီကော်မတီဝင် ဒေါ်စန်းစန်းဝင်း၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ပါတီကော်မတီဝင် ဒေါ်ဇာခြည်လင်း၊ ပုဇွန်တောင် မြို့နယ်ပါတီ ကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းသန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များက သွားရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ရွှေကျင်မြို့နယ်လုံးဆိုင်ရာ ၁၆၅ နှစ်မြောက် သီတင်းကျွတ် မီးမျှောပူဇော်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေး

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ရွှေကျင်မြို့နယ်လုံးဆိုင်ရာ (၁၆၅)နှစ်မြောက် သီတင်းကျွတ် မီးမျှောပူဇော်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ (၇) ရက် နံနက် ၉ နာရီခွဲက ရွှေကျင်မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

ပုဂံ-ညောင်ဦးတွင် လုပ်အားပေးနေသောပါတီဝင်များအား ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး နှင့် အဖွဲ့ တွေ့ဆုံအားပေး စေတီများပြုပြင်ရန် အလှူငွေများ ပေးအပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့်အဖွဲ့သည် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် စူဠာမဏိစေတီနှင့် တဘက်ကျစေတီတို့အပါအဝင် ပုဂံ-ညောင်ဦးမှ ဘုရားပုထိုးစေတီများတွင် လုပ်အားဒါနပြုနေသော မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များကို စက်တင်ဘာလ (၈) ရက် နံနက် ၁ဝနာရီခွဲက တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဌ ဦးသန်းဌေးနှင့်အဖွဲ့ဝင်များ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် လုပ်အားပေးဆောင်ရွက်နေသည့် ပါတီဝင်များအား တွေ့ဆုံ အားပေးပြီး အလှူငွေများ သွားရောက်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးနှင့် ပါတီလုပ်ငန်း စီစစ်ရေး ကော်မတီဥက္ကဌ ဦးစိုးနိုင်၊ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုး နှင့် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း တို့သည် ယနေ့ (၈- ၉-၂၀၁၆) ရက်နေ့ နံနက်ပိုင်း (၁၀၃၀) ချိန်တွင် ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ ရောက်ရှိခဲ့ပါသည်။

တိုင်းပြည်မှာ ရပ်ထဲရွာထဲမှာ ရေဘေး မီးဘေး သဘာဝဘေးအန္တရာယ် ဘာပဲဖြစ်ဖြစ် ပြည်သူလူထုကို ချက်ခြင်းကူညီကြ ပါတီဌာနချုပ်ရဲ့ ညွှန်ကြားချက် စောင့်ရန်မလို ဟု ပါတီဥက္ကဌ ဦးသန်းဌေးမှ ပါတီဝင်များအား မှာကြား။


ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ အသက်၁၀၀ ကျော် အဘွားအား ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ လှူဒါန်းထောက်ပံ့

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် အမှတ်(၉၀)ရပ်ကွက် မင်းလှလမ်း ကျူးနေ ဒေါ်ညို အသက်(၁၀၂)နှစ် နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန် ၏ ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ လှူဒါန်း ငွေကျပ် ၂ သိန်းအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်း ဒေသကြီး ပါတီကော်မတီဝင် ဦးတင်လှိုင်၊ အရှေ့ပိုင်းခရိုင်ပါတီကော်မတီဝင် ဦးသိန်းကျော်အောင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်ဝင်း နှင့် ပါတီကော်မတီဝင်များ၊ ရပ်ကွက် ကော်မတီဝင်များက စက်တင်ဘာလ (၇) ရက်နေ့ နေ့လည် (၂) နာရီခွဲအချိန်တွင် အိမ်တိုင် ရာရောက် သွားရောက်လှူဒါန်းပေးခဲ့ပြီး အဘွား ဒေါ်ညို မှ ဝမ်းသာမျက်ရည်များဖြင့် ဆုတောင်းမေတ္တာပြန်လည် ပို့သပေးခဲ့ကြောင်း သိရသည်။

ပုသိမ်ခရိုင်ပါတီနှင့် ရေကြည်မြို့နယ်ပါတီကော်မတီဝင်များ တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဦးစိုးဝင်း ဦးဆောင်၍ ခရိုင်ကော်မတီဝင်များလိုက်ပါကာ စက်တင်ဘာ (၇) ရက် နေ့လည် (၁၂:၄၅) အချိန်တွင် ရေကြည်မြို့နယ် ပါတီကော်မတီများနှင့် တွေ့ဆုံခဲ့ပါသည်။

မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ် /ရပ်ကျေး မျက်နှာစုံညီ ပုံမှန် အစည်းအဝေး ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မြို့နယ်/ရပ်ကျေး ပုံမှန် မျက်နှာစုံညီအစည်းအဝေးကို စင်တင်ဘာလ ( ၇ ) ရက်နေ့ နေ့လည်ပိုင်းတွင် မြိတ်မြို့ ဆိပ်ငယ်ရပ်ရှိ မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည် ။

အစည်းအဝေးကို ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်၊ မြိတ်မြို့နယ်ပါတီဥက္ကဌ ဦးမိုးမြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ ၊ရပ်ကွက်နှင့်ကျေးရွာအသီးသီးမှ ပါတီစည်းရုံးရေးမှူးများနှင့် အမာခံပါတီဝင်များ တက်ရောက် ကြပြီး ဥက္ကဌ ဦးမိုးမြင့်မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။

လွိုင်ကော်ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးစည်းမှူးနှင့် အဖွဲ့ဝင်များ ပါတီရှေ့လုပ်ငန်းစဉ်များ တွေ့ဆုံဆွေးနွေး

ကယားပြည်နယ် လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်၊ ကျေးရွာအုပ်စု စည်းရုံးရေးမှူးနှင့်အဖွဲ့ဝင်များ လစဉ်ပုံမှန် တွေ့ဆုံ စည်းဝေးပွဲကို စက်တင်ဘာလ (၇) ရက် နံနက် ၁၀ နာရီတွင် ကျင်းပရာ ခရိုင်ပါတီဥက္ကဌနှင့် ခရိုင်ပါတီအတွင်းရေးမှူး၊ မြို့နယ်ပါတီဥက္ကဌနှင့် မြို့နယ်ပါတီ အတွင်းရေးမှူးများ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စုမှ စည်းရုံးရေးမှူးနှင့် အဖွဲ့ဝင် များ စုစုပေါင်း အင်အား ၆၀ ဦးခန့် တက်ရောက်ကြသည်။