ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ (၂၀၁၆) ကို ယနေ့ (သြဂုတ် ၂၂ ရက်) နံနက် (၈) နာရီခွဲအချိန်က ပါတီဌာနချုပ် ခန်းမတွင် ကျင်းပရာ ပါတီဥက္ကဋ္ဌ ဦးသိန်းစိန် တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။ ယင်းမိန့်ခွန်းအပြည့်အစုံမှာ –
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ (၂၀၁၆) ကို ယနေ့ (သြဂုတ် ၂၂ ရက်) နံနက် (၈) နာရီခွဲအချိန်က ပါတီဌာနချုပ် ခန်းမတွင် ကျင်းပရာ ပါတီဥက္ကဋ္ဌ ဦးသိန်းစိန် တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။ ယင်းမိန့်ခွန်းအပြည့်အစုံမှာ –
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးကျော်စိုးလေး၏ လမ်းညွှန်စီမံမှုဖြင့် မိုးညှင်းမြို့နယ် လုံးကျွတ် ပါတီဝင်များက ဒုတိယအကြိမ် ပါတီညီလာခံ (၂၀၁၆) ကို ဂုဏ်ပြုကြိုဆိုထောက်ခံပွဲများ နယ်မြေဒေသ အလိုက် သြဂုတ်လ (၁၉) ရက်နေ့မှ သြဂုတ်လ (၂၁) ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် သြဂုတ် (၁၉) ရက်နေ့က လေပြင်းတိုက်ခတ်မှုများနှင့်အတူ မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် မိုင်းကိုးအုပ်စုရှိ မယ်ဖုန်းလုံရွာ နေအိမ်များ အမိုးလန် ပျက်စီးဆုံးရှုံးမှုများဖြစ်ခဲ့သောကြောင့် တာချီလိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခရိုင်အတွင်းရေးမှူး ဦးချမ်းမြ၊ မြို့နယ်ဘဏ္ဍာရေးမှူး ဦးအောင်ဝင်း၊ မြို့နယ် ကော်မတီဝင် ဦးစိုးကျော်အောင်နှင့် မြို့နယ်ရုံး စာရေး/အထွေထွေလုပ်သားတို့သည် သြဂုတ် (၂၁) ရက်နေ့က မိုင်းကိုးအုပ်စု မယ်ဖုန်းလုံရွာသို့ ကွင်းဆင်းသွားရောက်ခဲ့ပြီး မယ်ဖုန်းလုံရွာ သူကြီး ဦးကျခီးနှင့် တွေ့ဆုံ၍ ကူညီပံ့ပိုးမှုများ ပြုလုပ်နိုင်ရေးအတွက် နေအိမ်များ ပျက်စီးမှုအခြေအနေအား လိုက်လံကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
ဧရာဝတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းကော်မတီဝင် ဦးဥာဏ်လင်း၊ ပုသိမ်ခရိုင် အတွင်းရေးမှူး ဦးကျော်ကျော်၊ ကော်မတီဝင် ဦးလှဌေး၊ ပုသိမ်မြို့နယ် အတွင်းရေးမှူး ဦးဌေးမင်းလွင်၊ ကော်မတီဝင်များဖြစ်ကြသော ဦးသိဏ်းထွဏ်း၊ ဦးကျော်သိန်းထွန်း၊ ဦးကိုကိုလေး၊ ဦးအောင်စိုးဦး၊ ဦးကျော်ထွန်းဇော်၊ ဦးထွန်းထွန်းဦး၊ ခရိုင်/မြို့နယ်ရုံးအဖွဲ့ဝင်များ၊ ဒေသခံ ရပ်ကျေးပါတီ ခေါင်းဆောင်နှင့် ပါတီဝင်များ ပါဝင်သော အဖွဲ့သည် သြဂုတ်လ (၁၈) ရက် နံနက် (၁၁) နာရီအချိန်မှ စတင်၍ ရေကြီးနစ်မြုပ်လျှက်ရှိသော ထန်းကုန်းကျေးရွာ၊ ထန်းကန့်လန့်ကျေးရွာအုပ်စု၊ အစုကြီး၊ ဇီးကုန်း ကျေးရွာများသို့ သွားရောက်ပြီး ရေဘေးသင့် ဒေသခံပြည်သူများ အတွက် ဆန်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ ဗူးများအား တစ်အိမ်တက်ဆင်း လိုက်လံပေးအပ်လှူဒါန်း ပံ့ပိုးကူညီ ပေးခဲ့ကြကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ (၂၀၁၆) အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ (သြဂုတ် ၂၁ ရက်) နံနက် (၈) နာရီ (၃၀) မိနစ်နာရီအချိန်တွင် ပါတီဌာနချုပ် အစည်းအဝေးခန်းမကြီးတွင် ကျင်းပသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ သြဂုတ်လ (၂၁) ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်ကြီးချမ်းသာမဟာစေတီတော် (မြို့ဦးစေတီတော်) တွင် အထူးသန့်ရှင်းရေးလုပ်အားပေးပွဲ ကျင်းပပြုလုပ်ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမြို့နယ် ပါတီဥက္ကဋ္ဌ ဦးချိုမြင့်ခိုင်နှင့် ကော်မတီဝင် ဒေါ်အိအိဝင်း၊ ဦးရှိန်းထက်ခေါင် တို့သည် ယခုလ ၁၈ ရက် ညနေပိုင်းက မိမိပါတီမှဖွဲ့စည်းထားသော ‘မင်္ဂလာမြန်မာ’ အဖွဲ့နှင့်အတူ ဇလွန်မြို့နယ် ကော့ကပ်ကလေး ဘုန်းတော်ကြီးကျောင်းတွင်ဖွင့်လှစ် သင်ကြားလျက် ရှိသည့် ဓမ္မစကူးလ် သင်တန်းသို့သွားရောက်ပြီး မုန့်အာဟာရ ကျွေးမွေးလှူဒါန်းကြသည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ၂၀၁၆ ဩဂုတ်လ (၁၇)ရက်နေ့ ည (၁) နာရီခန့်က လေဆင်နှာမောင်း တိုက်ခတ်၍ ခ၀ဲကျေးရွာရှိ အိမ်ခြေ(၁၃)လုံးနှင့် စာသင်ကျောင်း သွပ်အမိုးများလန်ခဲ့ကြောင်း သိရှိရသဖြင့် ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဩဂုတ်(၁၉)ရက်နေ့တွင် ခရွဲကျေးရွာ ဘုန်တော်ကြီးကျောင်းထိုင် ဆရာတော်အား လှူဖွယ်ပစ္စည်းများနှင့် ပျက်စီးဆုံးရှုံးသွားသော အိမ်(၁၃)လုံး၏ မိသားစုဝင်များအား ဆန်များ၊ စားသုံးဆီများနှင့် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်များနှင့် ဘောပင်များ သွားရောက် လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ်ပါတီညီလာခံ(၂ဝ၁၆)ကို ၂၁-၈-၂ဝ၁၆ နေ့မှာ ကျင်းပမည်ဆိုတာကို ပြည်ထောင်စုနေ့စဉ်မှာ ဖတ်လိုက်ရတယ်ခင်ဗျ။ ဒီသတင်း ကြားရတော့ စာရေးသူ ဝမ်းမြောက်ဝမ်းသာရှိခဲ့တယ်။ လှိုက်လှိုက်လှဲလှဲလည်း ကြိုဆိုရပါတယ်။
ပြည်ခိုင်ဖြိုးပါတီဟာ ပြည်ခိုင်ဖြိုးအသင်းကြီး ကို အခြေခံပြီးဖွဲ့စည်းဖြစ်ပေါ်လာတဲ့ အမျိုးသား နိုင်ငံရေး ပါတီကြီးဖြစ်တယ်။ပါတီဟာ လက်တွေ့ ကျပြီး မှန်ကန်တဲ့ မူဝါဒရှိတယ်ခင်ဗျ။ စစ်မှန်တဲ့ မျိုးချစ်စိတ်ဓာတ်၊ အမိနိုင်ငံ၏ပကတိအခြေအနေ နှင့်ဆီလျှော်အပ်စပ် လိုက်လျောညီထွေတဲ့လုပ်ငန်း စဉ်တွေ၊ သဘောထား တွေကို အခြေခံပြီး ဒီမိုက ရေစီပြုပြင်ပြောင်းလဲမှုတွေကို ပြည်သူများနှင့် လက်တွဲဆောင်ရွက်မယ်လို့လည်း အဓိဋ္ဌာန်ပြုထားတာကို စာရေးသူတို့ လေ့လာသိရှိထားပါတယ်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးနယ်မြေအတွင်းရှိ တောညုကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာသို့ သြဂုတ် (၁၈) ရက်နေ့က အမှတ် (၁၈) စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်ဦးဆောင်သော တပ်မတော်ဆေးကုသရေးအဖွဲ့နှင့်အတူ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအားကို၊ ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးညွန့်ဝင်း၊ မြို့နယ်ပါတီကော်မတီဝင် ဒေါ်နန်းရွှေဥနှင့် ခရိုင်အငယ်တန်းစာရေး ဒေါ်ရာခလေတို့သည် မိမိတို့ပါတီဝင် ကျေးရွာ၏ ကျန်းမာရေး စောင့်ရှောက်ပေးရန် ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ဆိုက်ခေါင်ကျေးရွာမှ ကျား (၂၄) ဦး၊ မ (၃၅) ဦး၊ ကလေး (၃၆) ဦး၊ စုစုပေါင်း (၉၅) ဦးအား ဆေးကုသမှုပြုလုပ်ခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားကို မှ ကျေးရွာ အတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။