
ပြင်ဦးလွင် စက်တင်ဘာ ၂၆
၂၆-၉-၂၀၂၃ ရက်နေ့ ၁၃:၀၀မှ၁၆:၀၀ အချိန်ထိ ပြင်ဦးလွင်ခရိုင်/မြိုနယ် ပြည်ခိုင်ဖြိုးပါတီမှ ပြင်ဦးလွင်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနနှင့်ဆီကုန်သည်ကြီးများအသင်းတိုနှင့်ချိတ်ဆက်ကာ ပြင်ဦးလွင်မြိုနယ်၊ပွဲကောက်ကျေးရွာနှင့်ပင်လိန်သပြေရေကျေးရွာများအတွင်းရှိ အိမ်ထောင်စု ၂၁၀ အား၊အိမ်ထောင်စု ၁စု လျင် စားအုံးဆီ ၁ပိသာနှုန်း၊ဈေးနှုန်း ၅၀၄၉ကျပ်ဖြင့် စားအုံးဆီ ၂၁၀ပိသာ ရောင်းချပေးခဲ့ပါသည်။ထိုသို ရောင်းချရာသို ပြင်ဦးလွင်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဟိန်းမင်းဦး၊အတွင်းရေးမှုး ဒေါ်စံပယ်ဝင်း၊ကော်မတီဝင် ဦးကျော်သန်း၊ပြင်ဦးလွင်မြိုနယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဝင်းဇော်၊အတွင်းရေးမှုး ဦးသိန်းဆွေနှင့်ကော်မတီဝင်များ၊ရပ်/ ကျေးပါတီကော်မတီဝင်များမှ ကူညီရောင်းချ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။











