အလိုတော်ပြည့် ဆရာတော်ကြီးအားပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ သွားရောက်ဖူးမြော်ကြည်ညို

14680622_660776244091890_491911959386308231_n

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ပင်ရွှေညောင်လမ်းရှိ အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့် ကျောင်းတိုက် အလိုတော်ပြည့်ဆရာတော်ကြီးထံသို့ အောက်တိုဘာ (၁၀) ရက် နံနက် (၉) နာရီခွဲက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် သွားရောက်ဖူးမြော်ခဲ့ပြီး လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ ကျေးလက်သောက်သုံးရေရရှိရေးနှင့် နွမ်းပါးကျောင်းသားများအား ထောက်ပံ့ ပေးအပ်မှု များပြုလုပ်

နိုင်ငံတော် သမ္မတ(ငြိမ်း) ဦးသိန်းစိန် ဦးဆောင်သည့် ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ ပေးအပ်သော ပြည်ထောင်စု နယ်မြေ နေပြည်တော်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်မှ (ပဉ္စမတန်း) ဆင်းရဲနွမ်းပါး ကျောင်းသားကျောင်းသူ ၄ဝ တို့အား တစ်ဦးလျှင် တန်ဖိုးငွေကျပ် ၄ဝဝဝဝ ခန့်ရှိ စာရေးကိရိယာ၊ကျောင်း သုံးပစ္စည်းနှင့် ကျောင်းဝတ်စုံများကို ထောက်ပံ့ပေးအပ်ခြင်းအား ယမန်နေ့ နံနက် ၇ နာရီမှစ၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ကျောင်းသားကျောင်းသူများရှိရာသို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ya-za-thin-ga-ha

(more…)


ဒီမိုကရေစီတွင် ပြည်သူ၏ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကြံခင်းပါတီရုံးခန်းမတွင် ကျင်းပ

ကြံခင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် Myanmar Egress Capacity Development Center တို့ ပူးပေါင်းဖွင့်လှစ်သော ဒီမိုကရေစီတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲကို အောကိတိုဘာလ (၆) ရက်နှင့် (၇) ရက်နေ့တို့တွင် မြို့နယ်ပါတီရုံးစုဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

kyan-khin

(more…)


မိုးရွာသွန်းမှုကြောင့် ရေဝင်ရောက်သည့်အိမ်များကို ပြည်ခိုင်ဖြိုးပါတီမှ သောက်ရေသန့်နှင့် ပစ္စည်းများပေးအပ်

မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် ပါတီ ကော်မတီဝင် များသည် မိုးရွာသွန်းမှုကြောင့် နေအိမ်ခြံဝင်းအတွင်း ရေဝင်ရောက်ခဲ့သည့် ဆုံတွင်းကျေးရွာ အုပ်စုချောင်းတောင် ကျေးရွာ၊ဥယျာဉ် ကျေးရွာနှင့် ကုက္ကိုပင်ကျေးရွာများကို ယခုလ ၇ ရက်က သောက်ရေသန့်နှင့် ပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ma-hlaing

(more…)


လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာအုပ်စုသို့ ပြည်ခိုင်ဖြိုးပါတီ သွားရောက်လှူဒါန်း

လွိုင်ကော်ခရိုင်နှင့် လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့် ရုံးအဖွဲ့များသည် အောက်တိုဘာ (၇) ရက် မွန်းတည့် ၁၂ နာရီတွင် နွားလဝိုးကျေးရွာ အုပ်စုရှိ ပဒါးညေးကျေးရွာနှင့် လယ်ထွဲကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းများတွင် ဒေသခံများနှင့် တွေ့ဆုံကြသည်။

kayah (more…)


မင်းဘူးခရိုင်ပါတီ လူငယ်ရေးရာဆွေးနွေးပွဲပြုလုပ်

14572888_180219159088770_7611523144156923045_n

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာဆွေးနွေးပွဲကို အောက်တိုဘာ (၇) ရက်နေ့က  ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးဆန်းညွန့်အောင်နှင့် ကော်မတီဝင် ဦးစောဝင်းမောင် ဦးကျော်သူဦးနှင့် မင်းဘူးခရိုင်ဥက္ကဌ နှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲ၊ စေတုတ္တရာမြို့နယ်များမှ မြို့တယ်ပါတီဥက္ကဌများနှင့် လူငယ် တာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်း ဇေယျာသီရိမြို့နယ်အတွင်း လှည့်လည်ကြည့်ရှု

u-hla-htay-win

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးဝင်း သည် အောက်တိုဘာ (၇) ရက် မွန်းလွဲပိုင်းတွင် ဇေယျာသီရိမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုး တိုးတက်မှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။ (more…)


ရခိုင်ပြည်နယ်ရှိ မြို့နယ်များအတွင်း နယ်ခြားစောင့်ရဲ ကွပ်ကဲမှုဌာနချုပ် နှင့် နယ်မြေရုံးရဲကင်းတို့ကို အကြမ်းဖက် တိုက်ခိုက်ခံရမှုအပေါ် ပါတီ၏ သဘောထားကြေငြာချက်ထုတ်ပြန်

14657399_660783034091211_4242687612666709057_n


ပါတီဗဟိုနာယက ဗဟိုဦးဆောင်ကော်မတီဝင်ဦးဌေးဦး ရွှေပြည်သာမြို့နယ် ပါတီဝင်များနှင့် တွေ့ဆုံ

ပြည်ခိုင်ဖြိုးပါတီဗဟိုနာယက ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး မှ အောက်တိုဘာ (၉) ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ် ပါတီရုံးခန်းမတွင် မြို့နယ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ မြို့နယ်ပါတီ ကော်မတီဝင် များ၊ ရပ်/ကျေး ၂၇ အုပ်စုမှ စည်းရုံးရေးမှူးများ၊ ပါတီဝင်များအား တွေ့ဆုံရာ၌ ပါတီဝင်များအား မွဲချင်သလောက်မွဲပါစေ စေတနာမမွဲပါစေနဲ့၊ လွဲချင်သလောက် လွဲပါစေနားလည်မှု မလွဲပါစေနဲ့၊ ကွဲချင်သလောက်ကွဲပါစေ အချင်းချင်းမကွဲပါစေ နဲ့ ဟုမှာကြားခဲ့သည်။

14600952_439171922924607_2338264426504458897_n

(more…)


မိတ္ထီလာပြည်ခိုင်ဖြိုး မိုးရေနစ်မြုပ်ဒဏ်ခံနေရသော ကျေးရွာများသို့ ခေါက်ဆွဲခြောက်များ သွားရောက်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ  မိုးရေဝင်၍ ရေနစ်မြုပ်မှုဒဏ် ခံနေရသည့် နန်းတော်ကုန်း-ပေါက်ချောင်း တိုးချဲ့ရိပ်သာ-ရှင်မြို့ အုန္နဲဘုတ်ကျေးရွားများသို့ အောက်တိုဘာလ (၆) ရက်က ခေါက်ဆွဲခြောက်ထုပ်များ သွားရောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်​။

14494899_1840338716212031_5998035761464035785_n

(more…)