ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မကွေးတိုင်းဒေသကြီးပါတီကော်မတီအဖွဲ့၏ အပတ်စဉ် ပုံမှန် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယခုလ (၁၇) ရက် နံနက် (၁ဝ) နာရီတွင် တိုင်းဒေသကြီးပါတီ အစည်းအဝေးခန်းမ ၌ကျင်းပရာ ဗဟိုအလုပ်အမှုဆောင်၊ မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ ဘဏ္ဍာရေးမှူး ဦးကြည်ထွန်းနှင့် အချိန်ပြည့်တိုင်း ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။












