ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စစ်တွေခရိုင်ကော်မတီဝင်များနှင့် အရန်ကော်မတီဝင်များ၏ မျက်နှာစုံညီ အစည်းအဝေးကို ဒီဇင်ဘာ (၅) ရက် မွန်းတည့် (၁၂) နာရီအချိန်က စစ်တွေခရိုင် ပြည်ခိုင်ဖြိုးပါတီ၌ ကျင်းပ ပြုလုပ်ရာ ခရိုင်ဥက္ကဌဦးကျော်စိုးမှ အဖွင့်အမှာစကားပြောကြားပြီး ပါတီ၏ ရှေ့ဆက်သွားရမည့် လုပ်ငန်းစဉ်များကို ပြောကြားခဲ့သည်။




