တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လေ့လာရေးခရီးသွားရောက်

စက်တင်ဘာ ၁၁၊ ရန်ကုန်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး ဦးဆောင်သော ကိုယ်စားလှယ် (၈)ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့မှ (၁၆)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ချင်းဟိုင်ပြည်နယ်များသို့ လေ့လာရေးခရီးသွားရောက်ရန်အတွက် လေယာဉ်အမှတ်၊ MU 2032 ဖြင့် ၁၀-၉-၂၀၂၃ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆၁၀)အချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခဲ့ကြပါသည်။
ထိုသို့ထွက်ခွာရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများ၊ ရန်ကုန်ရုံးခွဲ နိုင်ငံတကာရေးရာကော်မတီတာဝန်ရှိသူများမှ လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် မှော်ဘီ စန္ဒကူးမြိုင် ရိပ်သာဆရာတော် အရှင်ပညာဝံသ၏ ဓမ္မသဘင် ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဦးစီးရုံးအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား သက်သာချောင်ချိရေး ဆန်ထောက်ပံ့

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း ရန်ကုန်တိုင်းဒေသကြီး ကော်မတီဝင်များနှင့် ဗိုလ်တထောင်ခရိုင် ခရိုင်/မြို့နယ် ကော်မတီဝင်များအားတွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပဲခူးတိုင်းဒေသကြီး(အရှေ့)မှ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပါတီတာဝန်ရှိသူများ နှင့်တွေ့ဆုံ

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ရုံးအုပ်နှင့်စာရေးများ ကွန်ပျူတာ အဆင့်မြင့်သင်တန်းအမှတ်စဉ်(၁) အား ပါတီဥက္ကဋ္ဌနှင့် အဖွဲ့စစ်ဆေးကြည့်ရှု

နေပြည်တော်၊ ဩဂုတ် ၂၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ရုံးအုပ်နှင့် စာရေး များကွန်ပျူတာအဆင့်မြင့်သင်တန်း အမှတ်စဉ်(၁)ကို (၂၁-၈-၂၀၂၃)ရက်နေ့တွင် ဦးစီးရုံးအဖွဲ့ဝင်များသင်တန်းအခန်းတွင် ဖွင့်လှစ်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ၊ (၂၃)ရက်နေ့၊ (၁၅၃၀)အချိန်တွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီသည် ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး တို့နှင့်အတူ စစ်ဆေးကြည့်ရှုခဲ့ပြီး သင်တန်းတက်ရောက်နေသူများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ပါသည်။


(17.8.23) လှည်းကူး
ရန်ကုန်တိုင်းဒေသကြီး ၊လှည်းကူးခရိုင်၊ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အင်အားစီစစ်ခြင်း၊ ကွင်းဆင်းပြီးဖြစ်သော ပါတီဝင်များ ၏ ပုံစံ (ဇ)ပါ အချက်အလက်များကို Application သွင်းခြင်းများကို ဆောင်ရွက်လျှက်ရှိနေပါကြောင်း သတင်း ရရှိပါသည်။
USDP-YGN
လှည်းကူး usdp မီဒီယာ

===============================

ရန်ကုန်တိုင်းဒေသကြီး ၊ လှည်းကူးခရိုင်၊ ပြည်ခိုင်ဖြိုးပါတီ ပါတီဝင် အင်အား စီစစ်ခြင်း၊ပုံစံ-(ဇ)ဖြည့်သွင်းခြင်းများ၊ Application သွင်းခြင်းများ ဆောင်ရွက်