ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော်ဘုရားကြီး၏ တပည့် ဆရာတော် သံဃာတော်များနှင့်အတူ ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးဘိုစံ၊ ခရိုင်ပါတီ ကော်မတီဝင် ဒေါ်နန်းဝိုးလှိုင်မှ ဦးဆောင်၍ အမျိုးသမီး(၃၀)ဦး၊ ခရိုင်ပါတီကော်မတီဝင် ဦးစိုင်းလုံထီး၊ မြို့နယ် ပါတီဥက္ကဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်ပါတီကော်မတီဝင် ဦးစိုးကျော်အောင်၊ ဦးစိုင်းအောင်မြတ်နှင့် ပါတီလူငယ်အဖွဲ့ တို့သည် အောက်တိုဘာ (၂၄) ရက် နံနက် (၉) နာရီက မိုင်းဖုန်း(က)အုပ်စု၊ ဆမ်ဖူးဘုန်းတော်ကြီးကျောင်း ကထိန် အလှူကောင်းမှုကုသိုလ်ပြုရန် ထွက်ခွာခဲ့ကြသည်။