သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းဝေး (၆/၂၀၁၆)ကို အောက်တို ဘာလ (၁၀) ရက် နံနက် (၉) နာရီအချိန်က သံတွဲခရိုင်ပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းဝေး (၆/၂၀၁၆)ကို အောက်တို ဘာလ (၁၀) ရက် နံနက် (၉) နာရီအချိန်က သံတွဲခရိုင်ပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးမိုးမြင့်၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးကိုကိုကြီးနှင့် ပါတီကော်မတီဝင်များ၊ ရပ်ကွက်ပါတီဝင်များလိုက်ပါလျက် အောက်တိုဘာလ (၉)ရက် နံနက်ပိုင်းတွင် မြိတ်မြို့နယ်၊ ပသောင်းကျေးရွာအုပ်စု၊ တောင်ပုလဲရွာ ဘုန်းတော်ကြီးကျောင်းတွင် ပါတီဝင်မိသားစုတို့၏ ဥပုဒ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲသို့ သွားရောက်ကာ ကျောင်းတိုက်ရှိ ဆရာတော် သံဃာတော် များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်၊ မြို့နယ်ပါတီကော်မတီဝင် ဦးမြင့်စိုး၊ ဦးထွန်းဝေအောင် တို့ဦးဆောင်သော ပါတီဝင် ၂၀ ဦးသည် အောက်တိုဘာ (၁၀) ရက် နံနက် (၇) နာရီအချိန်မှ (၁၁) နာရီအချိန်အထိ နန့်ရင်းရပ်ကွက် သောင်ဦးဘုန်းကြီးကျောင်းဝင်းအတွင်း ပေါင်းမြက်များရှင်းလင်း၍ လုပ်အားဒါနပြုဆောင်ရွက်ခဲ့ကြသည်။
# Tun Aung
ရှမ်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးစိုင်းသန်းဝင်း သည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံမြို့များသို့ သွားရောက်ခဲ့ပြီး မြို့နယ်များမှ ပါတီကော်မတီများနှင့် တွေ့ဆုံခြင်း၊ ပါတီလုပ်ငန်းစဉ်များ ညှိနိုင်းဆောင်ရွက်ခဲ့ပြီး အောက်တိုဘာ (၁၀) ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်းရှိ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ လင်းခေးမြို့နယ်၊ မိုးနဲမြို့နယ် လွိုလင်ခရိုင်၊ နမ့်စန်၊ လွိုင်လင် စသည့် မြို့များမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရင်းနှီး ပွင့်လင်းစွာ တွေ့ဆုံခဲ့ပြီး ပါတီလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေမှူး ဦးသန်းထွန်း၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူးနှင့် တိုင်းကော်မတီဝင်များ၊ ဟင်္သာတခရိုင်ပါတီဥက္ကဌ တို့သည် အောက်တိုဘာ (၁၀) ရက်နေ့က အင်္ဂပူမြို့နယ် ပါတီရုံး၌ အင်္ဂပူမြို့နယ်နှင့် လေးမျက်နှာမြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ၍ ပါတီလုပ်ငန်းစဉ်များ ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ပင်ရွှေညောင်လမ်းရှိ အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့် ကျောင်းတိုက် အလိုတော်ပြည့်ဆရာတော်ကြီးထံသို့ အောက်တိုဘာ (၁၀) ရက် နံနက် (၉) နာရီခွဲက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် သွားရောက်ဖူးမြော်ခဲ့ပြီး လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
နိုင်ငံတော် သမ္မတ(ငြိမ်း) ဦးသိန်းစိန် ဦးဆောင်သည့် ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ ပေးအပ်သော ပြည်ထောင်စု နယ်မြေ နေပြည်တော်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်မှ (ပဉ္စမတန်း) ဆင်းရဲနွမ်းပါး ကျောင်းသားကျောင်းသူ ၄ဝ တို့အား တစ်ဦးလျှင် တန်ဖိုးငွေကျပ် ၄ဝဝဝဝ ခန့်ရှိ စာရေးကိရိယာ၊ကျောင်း သုံးပစ္စည်းနှင့် ကျောင်းဝတ်စုံများကို ထောက်ပံ့ပေးအပ်ခြင်းအား ယမန်နေ့ နံနက် ၇ နာရီမှစ၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ကျောင်းသားကျောင်းသူများရှိရာသို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် Myanmar Egress Capacity Development Center တို့ ပူးပေါင်းဖွင့်လှစ်သော ဒီမိုကရေစီတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲကို အောကိတိုဘာလ (၆) ရက်နှင့် (၇) ရက်နေ့တို့တွင် မြို့နယ်ပါတီရုံးစုဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် ပါတီ ကော်မတီဝင် များသည် မိုးရွာသွန်းမှုကြောင့် နေအိမ်ခြံဝင်းအတွင်း ရေဝင်ရောက်ခဲ့သည့် ဆုံတွင်းကျေးရွာ အုပ်စုချောင်းတောင် ကျေးရွာ၊ဥယျာဉ် ကျေးရွာနှင့် ကုက္ကိုပင်ကျေးရွာများကို ယခုလ ၇ ရက်က သောက်ရေသန့်နှင့် ပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
လွိုင်ကော်ခရိုင်နှင့် လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့် ရုံးအဖွဲ့များသည် အောက်တိုဘာ (၇) ရက် မွန်းတည့် ၁၂ နာရီတွင် နွားလဝိုးကျေးရွာ အုပ်စုရှိ ပဒါးညေးကျေးရွာနှင့် လယ်ထွဲကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းများတွင် ဒေသခံများနှင့် တွေ့ဆုံကြသည်။