နိုင်ငံနှင့်လူမျိုးတည်တံ့ရန်၊ ထွန်းကားရန်၊ ဂုဏ်မြင့်ရန် ကာကွယ်ရေးစွမ်းအား ထက်မြက်ဖို့ လိုသည်၊ ထက်မြက်သော ကာကွယ်ရေးစွမ်းအားအတွက် မရှိမဖြစ် လိုအပ်သည်က စွန့်လွှတ်စွန့်စားသော တပ်မတော်သားများပါ။ ဂုဏ်ပြုပါသည်၊ အားပေးပါသည်၊ လေးစားပါသည် တပ်မတော်သားအပေါင်းတို့ခင်ဗျား။ ဦးသန်းဌေး စစ်သည်တော်ဟောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ
လက်ပံတန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရွှေဘုန်းရောင်စေတီတွင် လုပ်အားဒါနလှူဒါန်း
4.11.2016
လက်ပံတန်းမြို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်ညီကိုမောင်နှမများလောကမာန်အောင်ရွှေဘုန်းရောင်စေတီတော်မြတ်တွင်ပန်းရေးချမ်းဆီမီးတိုင်များထွန်းညှိပူဇော်ရင်ပြင်တော်သန့်ရှင်းရေးအားစုပေါင်းကုသိုလ်ယူခဲ့ပါတယ်
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး (၁၁/၂၀၁၆) ဆုံးဖြတ်ချက်များမှ ကောက်နှုတ်ချက်
ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာလှုပ်ရှားမှု ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ
၂.၁၂.၂၀၁၆ ရက်နေ့၊ နံနက်(၉း၀၀) နာရီတွင် ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးရှေ့ မြက်ခင်းပြင်တွင် လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍ လူငယ်ရေးရာလှုပ်ရှားမှု ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ပါသည်။
စဥ့်ကိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ စာအုပ်နှင့်စာရေးကိရိယာများလှူဒါန်း
ယနေ့(2.12.2016)စဥ့်ကိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှပလိပ်
စိတ္တရအမကကျောင်းသို့ကလေးများအတွက်စာအုပ်နှင့်စာရေး
ကိရိယာများကိုမြို့နယ်ကော်မတီဝင်ဒေါ်တင်မိုးခိုင်နှင့်စည်းမှူးများ
ရပ်မိရပ့်ဖများကသွားရောက်လှူဒါန်းခဲ့ပါသည်။
ရွှေကြာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ကျောင်းတိုက်ဆရာတော်အရှင်မြတ် မွေးနေ့မင်္ဂလာတွင် လုပ်အားဒါနပြု
သံတွဲမြို့နယ် ညောင်ပင်သာကျေးရွှာ သုခဝတီကျောင်းတိုက်အတွင်း ယနေ့ (ဒီဇင်ဘာ ၂ ရက်) နံနက် (၅) နာရီအချိန်က ကျင်းပပြုလုပ်သော သုခါဝါသဓမ္မရိပ်သာအတွင်း စံပါယ်တော်မူသည့် ဗုဒ္ဓရုပ်ရှင်တော်မြတ်အား ရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တစန္ဒိမာ အရှင်မြတ်၏ သက်တော် (၄၆)နှစ် ပြည့် မွေးနေ့မင်္ဂလာ အခမ်းအနားသို့ သံတွဲမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးစန်းနိုင်နှင့်လူငယ်စည်တော်အဖွဲ့မှ စည်တော်တီးခပ်၍ လုပ်အားဒါန ပေးလှူခဲ့ကြောင်း သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) အမျိုးသမီးရေးရာတွေ့ဆုံပွဲပြုလုပ်
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ပြည်မြို့ တိုင်းပါတီရုံးတွင်
တိုင်းအမျိုးသမီးရေးရာတာဝန်ခံ၊ခရိုင်အမျိုးသမီးရေးရာတာဝန်ခံ၊(၁၄)မြို့နယ်မှ
အမျိုးသမီးရေးရာတာဝန်ခံများတက်ရောက်ပြီးအမျိုးသမီးများဘ၀ဖွံ့ဖြိုးတိုးတက်လုံခြုံရေးအတွက် ဆွေးနွေုးကြပါသည်။
ဒေသအကျိုး၊ ပြည်သူ့အကျိုးကို တတ်အားသရွေ့ ကူညီလုပ်ဆောင်ပေးရင်း အမျိုးသားရေးဆိုင်ရာကိစ္စရပ်များတွင်လည်း ပါဝင်လုပ်ကိုင် ဆောင်ရွက် သွားရန် လမ်းညွှန်မှာကြား
“အခုဆိုရင် ပါတီမှာ ဆောင်ရွက်ချက်တွေ အများကြီးရှိပါတယ်။ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့အပေါ် သဘောထားထုတ်ပြန်ချက်တွေ၊ နိုင်ငံရေးပါတီ ၁၀ ခုနဲ့ ပူးပေါင်းပြီးတော့ အမျိုးသားရေးဆိုင်ရာ လုပ်ဆောင်ချက်တွေ စသဖြင့်ပေါ့ ကျွန်တော်တို့ပါတီဟာ လူ့အခွင့်အရေးထက် အမျိုးသားရေးကို တကယ်ထဲထဲဝင်ဝင် လုပ်ကိုင် ဆောင်ရွက်နေပြီဖြစ်ပါတယ်။
ကျွန်တော်တို့ပြည်နယ်ပါတီအနေနဲ့လည်း ဒေသအကျိုး၊ ပြည်သူ့အကျိုးကို တတ်အားသရွေ့ ကူညီလုပ်ဆောင်ပေးရင်း အမျိုးသားရေးဆိုင်ရာ ကိစ္စရပ်တွေမှာလည်း ပါဝင်လုပ်ကိုင် ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။
မိုးညှင်းပြည်ခိုင်ဖြိုး ပါတီဝင်စီစစ်ရေးနှင့် ပါတီကေဒါဖွဲ့စည်းရေးကွင်းဆင်းဆောင်ရွက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မိုးညှင်းခရိုင် အရံကော်မတီဝင် ဦးဖုန်းမြင့်၊ မြို့နယ်အတွင်းရေးမှူး ဦးဌေးဝင်း၊ မြို့နယ်ကော်မတီဝင် ဒေါ်သန္တာဝင်းမောင်၊ မြို့နယ်အရံကော်မတီဝင် ဦးမြဝင်း၊ ဒေါ်ဝါဝါဆွေ တို့သည် တကွင်းကျေးရွာအုပ်စု၊ သဲဂုဏ်ကျေးရွာ စည်းမှူး၊ တွဲစည်းမှူးတို့နှင့်အတူ ယနေ့ (ဒီဇင်ဘာ ၂ ရက်) သဲဂုဏ်ကျေးရွာသို့ ကွင်းဆင်း၍ သဲဂုဏ်ကျေးရွာ ဦးမောင်နိုင်းနေအိမ်၌ ပါတီဝင်စီစစ်ရေးနှင့် ပါတီကေဒါဖွဲ့စည်းရေး ဆောင်ရွက်ခဲ့ကြသည်။