ကျေးရွာနတ်စင်လှေကားတည်ဆောက်ခြင်းအတွက် အလှူငွေ(၁၀)သိန်းကျပ် လှူဒါန်းပြီး ပါတီဝင် စိစစ်ခြင်း ဆောင်ရွက်

ကွမ်းလုံ မတ် ၆

ကွမ်းလုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါဆမ့်နမ့်ကျေးရွာအုပ်စု တံတားဦးကျေးရွာ နတ်စင်အတက်လှေကား တည်ဆောက်ခြင်း ဆေးသုတ်ခြင်းအတွက် အလှူငွေ(၁၀)သိန်းကျပ်အား မြို့နယ်ဥက္ကဌမှ လှူဒါန်းခြင်း  ပါတီဝင်အင်အား စီစစ်ခြင်းနှင့် စည်းရုံးရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါသည်။


ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ဧရာဝတီတိုင်းဒေသကြီးမှ ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ

မတ် ၄၊ ပုသိမ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ၂၀၂၃ ခုနှစ်၊ မတ်လ ၄ ရက် နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ တိုင်းပါတီရုံးစည်းဝေးခန်းမတွင် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ပုသိမ်ခရိုင်၊ မြို့နယ်ဥက္ကဌ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနချုပ် သို့ သင်တန်းတက်ရောက်မည့် တိုင်း​ဒေသကြီးအတွင်း ၂၆ မြို့နယ်မှ သင်တန်းသားများနှင့် တွေ့ဆုံခဲ့ပါသည်။

ပအိုဝ်းအမျိုးသားနေ့အခမ်းအနားသို့ ပြည်နယ်ဥက္ကဋ္ဌ တက်ရောက်

တောင်ကြီး မတ် ၅

ရှမ်းပြည်နယ် တောင်ပိုင်း ၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက် ၊ ပအိုဝ်းအမျိူးသားဘက်စုံဖွံ့ဖြိုးရေး ( ဒဲဉ်းသီးဗွေ ) ကွင်းတွင် ပြုလုပ်ကျင်းပသော ( ၇၄ ) နှစ်မြောက်  ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားသို့ ရှမ်းပြည်နယ် တောင်ပိုင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

မိုင်းဖြတ်မြို့နယ်အတွင်း ပါတီ၀င်အင်အားစိစစ်ခြင်းဆောင်ရွက်

မိုင်းဖြတ် ၊ မတ် ၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်၊ နမ့်ဆန်ကျေးရွာနှင့် ဟိုနားလားဟူကျေးရွာများသို့ ပါတီ၀င်အင်အား စိစစ်ရန်အတွက် ပြည်နယ်ကော်မတီ၀င်(မီဒီယာတာ၀န်ခံ) စိုင်း၀မ်းလှိုင်းတစ်ပ်၊ ခရိုင်ကော်မတီ၀င် စိုင်းရီတစ်၊ မိုင်းဖြတ်မြို့နယ်ဥက္ကဌ စိုင်းစီလီ၀န်းတစ်၊ အတွင်းရေးမှူးဒေါ်ပြည့်ပြည့်စုံ၊ ကော်မတီ၀င် ဒေါ်စလွန်မေ ဒေါ်လေးလေပေါလ် တို့မှ သွားရောက် ဆောင်ရွက်ခဲ့ကြပါသည်။

ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီ မှ (၇၈)နှစ်မြောက်တပ်မတော်နေ့ ဂုဏ်ပြုသောအားဖြင့် တပ်မတော် အရိုးအထူးကု ဆေးရုံကြီး (ခုတင် ၅၀၀)တွင် စုပေါင်းသွေးလှုဒါန်း

မင်္ဂလာဒုံ၊မတ် (၅)

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၇၈)နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုသော အားဖြင့် သွေးလှုဒါန်းခြင်းအခမ်းအနားကို ယနေ့(၅.၃.၂၀၂၃)တနင်္ဂနွေနေ့ နံနက်(၉:၀၀) နာရီက  တပ်မတော်အရိုးအထူးကုဆေးရုံကြီး(ခုတင် ၅၀၀) တွင်ကျင်းပခဲ့ပါသည်။

ဒဂုံမြိုသစ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မတ်လ၊၂ ရက်

ဒဂုံမြိုသစ်ခရိုင်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိင်းအစည်းအဝေးကို ယနေ့ ၂. ၃. ၂၀၂၃ ရက်နေ့ နေ့လည်(၂)နာရီတွင် ဒဂုံမြောက်မြို့နယ်ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းကော်မတီဝင်၊ ခရိုင်ဥက္ကဋ္ဌ ဒေါ်ဇာခြည်လင်း၊ အတွင်းရေးမှူး ဒေါ်စန်းစန်းဋ္ဌေး၊ ဘဏ္ဍာရေးမှူးဦးဝဏ္ဏမျိုးနှင့် ခရိုင်ကော်မတီဝင်များ တတ်ရောက်ခဲ့ကြပြီး ပါတီဝင်များ  စိစစ်၍ ကော်မရှင်ကို အချိန်နှင့်တစ်ပြေးညီတင်ပြနိုင်ရန်၊ တိုင်းပါတီသို့ ပေးပိုနိုင်ရေး၊ နယ်မြေကွင်းဆင် ဆောင်ရွက်မှု တင်ပြရေး၊ ခရိုင်ကော်မတီဝင်များအစားထိုးနိုင်ရေးနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအား ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ညနေ(၄)နာရီတွင် ပြီးဆုံးခဲ့ပါသည်။

ပဲခူးတိုင်း(အနောက်) ပေါက်ခေါင်းမြို့နယ် လုပ်ငန်းညှိနှိင်းအစည်းအဝေး

ပေါက်ခေါင်း မတ် ၂

ပေါက်ခေါင်းမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီ၏လုပ်ငန်းညှိနှိင်း အစည်းအဝေးကို အောက်မြန်မာပြည် အမျိုးသမီးရေးရာ တာဝန်ခံဗဟိုအလုပ်အမှုဆောင် ဒေါ်ခင်ရွှေမြင့် တက်ရောက်ပြီး ပါတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် လူငယ်နှင့် အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ ဆွေးနွေးခဲ့ပါသည်။


ဖြူးမြိုနယ်တွင် လူငယ်စကားဝိုင်းဆွေးနွေးပွဲနှင့် အမျိုးသမီးရေးရာဆွေးနွေးပွဲ ကျင်းပပြုလုပ်

ဖြူး မတ် ၂

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်ပါတီရုံးတွင် တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ တိုင်းဒေသကြီး တာဝန်ရှိသူများနှင့် မြို့နယ်ပါတီကော်မတီဝင်များ လူငယ်နှင့် အမျိုးသမီးများ တက်ရောက်ဆွေးနွေးခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ဗဟိုအလုပ်အမှုဆောင်အစည်းဝေး (၂/၂၀၂၃)ရှေ့လုပ်ငန်း စဉ်များရှင်းလင်းပွဲကျင်းပ

ကျောက်ပန်တောင်း မတ် ၁

လုပ်ငန်းညှိနှိင်းအစည်းအဝေးပြုလုပ်

စဉ့်ကူး မတ် ၂

စဉ့်ကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် လုပ်ငန်းညှိနှိင်းအစည်းအဝေး ပြုလုပ်ခဲ့ရာ စဉ့်ကူးမြို့နယ်ပါတီဥက္ကဌ ဦးဝင်းဆွေ၊ အတွင်းရေးမှုးဦးအောင်နိူင်ဦးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ပြီး ကော်မတီဝင်များမှ ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ တိုင်းဒေသကြီးပါတီသို့ ပေးပို့ရမည့် ပါတီဝင်စာရင်းများ အချိန်မီပြီးစီးရေး အားလုံးဝိုင်းဝန်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြပါသည်။