မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ သက္ကော
ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၂၈၀ ဦးခန့်အား ဇန်န၀ါရီ ၁၅ ရက်တွင် မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဖြိုးမေတ္တာ (အခမဲ့)နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့အား အထွေထွေရောဂါကုဆရာဝန် Dr. တိုးတိုးအောင် ဦးဆောင်သည့် ဆရာဝန်ကြီးများ လိုက်ပါပြီး ကုသပေးလျှက်ရှိသည်။



