ကချင်ပြည်နယ် မိုးညှင်းမြို့ နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ် သော ဂီတသင်္ကေတအမှတ်စဉ်(၂) သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက် ညနေ ၄နာရီ တွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟို ကော်မတီဝင်ဦးကျော်စိုးလေး၊ မိုး ညှင်းခရိုင် ပြည်ခိုင်ဖြိုးပါတီရေးရာ တာဝန်ခံဦးကျော်ဌေးလှိုင်၊လူငယ် ရေးရာတာဝန်ခံဦးအောင်မိုး၊သင်တန်း နည်းပြဆရာဦးစောငြိမ်းချမ်း(Steel Snake Bank)နှင့် သင်တန်းသား များတက်ရောက်ကြသည်။