ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သည် ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းသား ကျောင်းသူများအား အာဟာရတိုက်ကျွေးလျက်ရှိရာ ယမန်နေ့ နံနက် ၁ဝနာရီတွင် နတ်မော်တိုက်နယ် မိုးကုတ်ကျေးရွာအခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသားကျောင်းသူ ၁၂၂ ဦးတို့အား ပေါင်မုန့်အုန်းနို့ဆမ်းဖြင့် အာဟာရကျွေးမွေးလှူဒါန်းခဲ့သည်။
အဆိုပါကျောင်းများသို့ မြို့နယ်ပြည်ခိုင်ဖြိုးပါတီကိုယ်စား အတွင်းရေးမှူး ဦးခင်ဦးနှင့်အတူ မြို့နယ်ကော်မတီဝင်များဖြစ်ကြ သော ဦးဌေးဝင်း(၁)၊ ဦးအောင်မြိုင်၊ ဦးလှမင်း၊ ဒေါ်ဝေမာကိုနှင့် ဒေါ်ခင်သီတာနိုင်တို့ လိုက်ပါလှူဒါန်းခဲ့ကြောင်း သိရသည်။
