




လားရှိုး အောက်တိုဘာ ၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင်၊ရှမ်းပြည်နယ်မြောက်ပိုင်းပေါင်းစပ်ညှိနှိုင်းရေးမှူးဦးအောင်သူသည် ၂၀၂၃ ခုနှစ်၊အောက်တိုဘာလ(၁)ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးခရိုင်၊ ကျောက်မဲခရိုင်၊လားရှိုးမြို့နယ်၊တန့်ယန်းမြို့နယ်၊ကျောက်မဲမြို့နယ်၊သီပေါမြို့နယ်၊နမ္မတူမြို့နယ်နှင့်နောင်ချိုမြို့နယ် များမှ ပါတီဥက္ကဋ္ဌများအတွင်းရေးမှူးများနှင့် ပြည်နယ်ပါတီရုံး၌တွေ့ဆုံခဲ့ကြကြောင်းသတင်းရရှိပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ပေါင်းစပ်ညှိနှိုင်းရေးမှူးမှ (၁) သတ်မှတ်ပါတီဝင်အင်အား စာရင်းများ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ရုံးခွဲများသို့ အချိန်မှီ မှန်မှန်ကန်ကန်တိတိကျကျ တင်ပြနိုင်ရေး (၂) ပြည့်မဏ္ဍိုင်လူထုတွေ့ဆုံမှု့လုပ်ငန်းစဉ်နှင့်ပက်သက်သည့်အသေးစိတ်အချက်အလက်များနှင့် (Key Performance Index Check List) ပါအချက်(၁၇)ချက်မှန်မှန်ကန်ကန်ဖြည့်သွင်းနိုင်ရေး (၃) လူငယ်အင်အားအသစ်၊အမျိုးသမီးအင်အားအသစ်များ တိုးပွားရရှိအောင် ဆောင်ရွက်ရေးကိစ္စရပ်များနှင့် (Project Circle Management) ပါအချက်အလက်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။




ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊ အလုပ်သမားရေးရာကော်မတီနှင့် ဧရာဝတီတိုင်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့ချိတ်ဆက်၍ ဧရာဝတီတိုင်း ပြည်ထောင်စုကြံခိုင်ရေးနှင်ဖွံ့ဖြို့ရေးပါတီတွင် ၃၀.၉.၂၀၂၃ ရက်နေ့ နံနက် ၁၀:၀၀ နာရီ၌ ပြည်ခိုင်ဖြိုးသင်တန်းကျောင်း(ရေကူးကန်ဟောင်းဘေး၊ ကန်သုံးဆင့်)တွင် ဂျပန်နိုင်ငံအလုပ်အကိုင်ရရှိရေးသို့ လျှောက်ထားသူလူငယ် (၄၄၄)ဉီးကိုတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် ဗဟိုအလုပ်အမှုဆောင်၊ အလုပ်သမားရေးရာကော်မတီတာဝန်ခံ ဉီးမောင်မြင့်၊ ဧရာဝတီတိုင်းပါတီဥက္ကဌ ဦးသိန်းထွန်း၊ ဂျပန်အလုပ်အကိုင်တာဝန်ခံ တို့မှ အလုပ်အကိုင်ရရှိရေးကိုရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဧရာဝတီတိုင်းတွင် မြို့နယ်များမှ ဖြေဆိုစိစစ်မှုအရ ပထမအဆင့်တွင် ကျား ၁၆၂ ဦး၊ မ ၁၀၅ ဦး ပေါင်း ၂၆၇ ဦး အောင်မြင်ပြီး စိစစ်မှုကို ညနေ ၁၅:၃၀ တွင် ပြီးစီးကြောင်းတင်ပြအပ်ပါသည်။


တောင်ကြီး စက်တင်ဘာ ၂၉
၂၉.၉. ၂၀၂၃ရက်နေ့ (၀၉:၄၅)ချိန်မှ (၁၁:၄၅)ချိန်ထိ ရှမ်းပြည်နယ်တောင်ပိုင်း ပေါင်းစပ်ညှိနှိုင်းရေးမှူး၊ဗဟိုအလုပ်အမှုဆောင် ဒေါက်တာပွင့်ဆန်း၊ရှမ်း / တောင်ပြည်ခိုင်ဖြိုး ပါတီ နယ်မြေတာဝန်ခံ(ဟောင်) ဦးအောင်ထွန်း တို့သည် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ ပါတီဝင်ဟောင်းများ၊ပါတီဝန်းရံသူများ စုစုပေါင်း (၃၀)ဦးနှင့် ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး ပါတီ၏မူဝါဒများ၊ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေး လမ်းညွှန်မှာကြားပြီးတက်ရောက် လာသူများမှလည်း ပြန်လည်ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရှိရပါသည်။



စက်တင်ဘာ ၂၈၊ ပန်းတနော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဧရာဝတီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းတို့သည် ၂၈-၉-၂၀၂၃ ရက်နေ့တွင် ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာအုပ်စု၊ ရွာကြီးဘက်ကမ်း စံပြကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး ဒေသတွင်း ရင်ဆိုင်ကြုံတွေ့နေရသော လိုအပ်ချက်များ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ လယ်ယာမြေများနှင့် စိုက်ပျိုးရေးကဏ္ဍဖွံဖြိုးရေး စသည့်အချက်များအပါအဝင် ဒေသခံများ၏တင်ပြချက်များအား အပြန်အလှန် ရင်းနှီးနွေးထွေးစွာ ဆွေးနွေးခဲ့ကြပါသည်။




ကန်ကြီးထောင့်စက်တင်ဘာ၂၇
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည်တိုင်းပါတီဥက္ကဋ္ဌဦးသိန်းထွန်း၊ တိုင်းအတွင်းရေးမှူးဒေါ်ခင်စောမူ၊ တိုင်းကော်မတီဝင်ဒေါက်တာထိန်ဝင်း၊ ကောင်မတီဝင်များအတူလိုက်ပါလျှက် ကန်ကြီးထောင့်မြို့နယ်၊မိချောင်းတရာအုပ်စုရွာသစ်ကုန်းကျေးရွာရှိဒေသခံပြည်သူများ နှင့်ရင်းနှီးနွေးထွေးစွာတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင်ဗဟိုအတွင်းရေးမှူးမှ တက်ရောက်လာသူများအားရင်တွင်းခံစားချက်များ၊ဖြစ်စေလိုမှုများရင်နှီးပွင့်လင်းစွာဆွေးနွေး ကြရန်နှင့်ပြည်သူများသိသင့်သည်များကိုရှင်းပြပါသည်။
ထို့နောက်တိုင်းပါတီဥက္ကဋ္ဌက တက်ရောက်လာသူများဝင်ငွေတိုးစေမည့်သီးနှံများစိုက်နည်းCropPatternသီးနှံပုံစံများကိုပြောပြရာတက်ရောက်လာသူများကစိတ်ဝင်စား နားထောင်၍အပြန်လှန်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
=================================
ကန်ကြီးထောင့်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာရှိ ဒေသခံပြည်သူများနှင့်ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း တွေ့ဆုံ