




လှည်ကူး အောက်တိုဘာ ၂၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်တာဝန်ခံ၊ဗဟိုအလုပ်အမှုဆောင် ဒေါက်တာအောင်မြတ်ဦးနှင့်အောက်မြန်မာပြည် လူငယ်တာဝန်ခံဗဟိုအလုပ်အမှုဆောင်ဒေါ်သိင်္ဂီဝင်းရွှေတို့သည်(၂၃.၁၀.၂၀၂၃)နေ့နံနက်ပိုင်းတွင်၊ရန်ကုန်ကုန်တိုင်းဒေကြီး၊လှည်ကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌လှည်းကူးမြို့နယ်ပါတီမှ Project Cycle Management အကောင်အထည်ဖော်ဆောင်ရွက်နေမှု့အပေါ် KPI(Check List)ဖြင့် အကဲဖြတ်ကြည့်ရှု စစ်ဆေးပြီး ခရိုင် ၊မြို့နယ်ပါတီကော်မတီဝင်များနှင့်တွေ့ဆုံကာ အားသာချက်၊အားနည်းချက်များအား သုံးသပ်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
=======================
Project Cycle Management အကောင်ထည်ဖော်ဆောင်ရွက်နေခြင်းအပေါ် အားသားချက်၊အားနည်းချက်များအားသုံးသပ် ဆွေးနွေး







မြိတ် အောက်တိုဘာ ၁၉
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းနှင့် ဗဟို အတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးတို့သည် အောက်တိုဘာလ (၁၉) ရက်နေ့၊ နေ့လည်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ပါတီအပေါ် ထောက်ခံဝန်းရံအားပေးသူများ၊ဒေသအကျိုးလိုလားသည့်စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ မြိတ်မြို့၌ နေ့လည်စာ အတူတကွသုံးဆောင်၍ ဒေသအကျိုးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အခြားလိုအပ်သည်များ ရင်းနှီးပွင့်လင်းစွာအပြန်အလှန် တွေ့ဆုံဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ကြပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဥက္ကဌနှင့် ဗဟိုအတွင်းရေးမှူးတို့သည် တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီ ဥက္ကဌများနှင့်အတူ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊စီးပွားရေးအခြေအနေများ ရှေ့ဆက်ဆောင်ရွက်ရမည့်ကိစ္စရပ်များအား ပြန်လည်သုံးသပ်ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။







ထားဝယ် အောက်တိုဘာ ၁၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းနှင့် ဗဟို အတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးတို့သည် အောက်တိုဘာလ (၁၈) ရက်နေ့၊ မနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ထားဝယ်မြို့နယ်ရှိ ပါတီအပေါ် ထောက်ခံဝန်းရံအားပေးသူများ၊ဒေသခံစီးပွားရေးလုပ်ငန်းရှင်များနှင့် ထားဝယ်မြို့၌ တွေ့ဆုံ၍ တက်ရောက်လာကြသူများနှင့်အတူ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ရင်းနှီးပွင့်လင်းစွာအပြန်အလှန် တွေ့ဆုံဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ကြပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဥက္ကဋ္ဌနှင့် ဗဟိုအတွင်းရေးမှူးတို့သည် တိုင်း၊ ခရိုင်၊ မြို့နယ် ပါတီ ဥက္ကဋ္ဌများနှင့်အတူ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ၊ရှေ့ဆက်ဆောင်ရွက် ရမည့်ကိစ္စရပ်များအား ပြန်လည်သုံးသပ်ဆွေးနွေးဆောင်ရွက်ခဲ့ကြပါသည်။





ဒဂုံမြိုသစ် အောက်တိုဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဒေါ်စမ်းစမ်းဌေးနှင့် ခရိုင်ကော်မတီဝင်များ ဦးဆောင်ကာ ဒဂုံမြိုသစ်(အ ရှေ့ပိုင်း)မြိုနယ်ရှိ အမှတ် ၁၅၆၊ ၁၅၇ ရပ်ကွက်နှင့် ဒဂုံမြိုသစ်(တောင်ပိုင်း)မြိုနယ်ရှိ လေးထောင့်ကန်ရပ်ကွက်မှ ရေဘေးသင့်ပြည်သူများထံသို ယနေ့ ၁၇ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်ခန့်တွင် သွားရောက်ကာ ရေသန့်ဗူးများ၊ ခေါက်ဆွဲခြောက်ထုတ်များ၊ ငါးသေတ္တာဗူးများနှင့် ဆန်တိုကို သွားရောက်လှူဒါန်းခဲ့ကြသည်။


အမရပူရ အောက်တိုဘာ ၁၇
၁၇.၁၀.၂၀၂၃ ရက်နေ့ ၀၉:၀၀မှ ၁၀:၃၀ အချိန်ထိ အမရပူရခရိုင်/မြိုနယ်ပါတီရုံးတွင် ခရိုင်/မြိုနယ်/ရပ်ကျေး ပါတီလုပ်ငန်းညှိနှိင်း အစည်းအဝေး ပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိင်းအစည်းအဝေးသို အမရပူရခရိုင်/မြိုနယ်ပါတီဥက္ကဌ ဒေါ်စောမြိုင်၊ခရိုင်ပါတီ အတွင်းရေးမှူး ဦးဇော်အောင်ထက်၊အမရပူရမြိုနယ်ပါတီအတွင်းရေးမှူး ဦးအောင်ခိုင်စိုးနှင့်မြိုနယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးဥက္ကဌများ ၃၅ဦးခန့်တက်ရောက်ခဲ့ကြပါသည်။အစည်းအဝေးတွင် မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲမှ ပုံစံ(ဇ) စစ်ဆေးပြီးစီးမှုအခြေအနေများ၊စည်းရုံးရေးဆိုင်ရာကိစ္စရပ်များ၊ပြည့်မဏ္ဍိုင်ကွင်းဆင်းရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။
==========================