ပါတီအောင်နိုင်ရေး တွေ့ဆုံဆွေးနွေး

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွမ်းလုံခရိုင် ဟိုပန်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ဒီဇင်ဘာ (၂၆) ရက် နံနက် (၁၀) နာရီအချိန်က ပြည်နယ်၊ ကွမ်းလုံခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင် များနှင့် ရပ်ကွက်/ကျေးရွာ စည်းရုံးရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ပြည်နယ်ကော်မတီဝင်နှင့်အဖွဲ့ မိုင်းဆတ်ခရိုင်/မြို့နယ်နှင့် မိုင်းတုံမြို့ရှိ အမျိုးသမီးရေးရာအဖွဲ့များဖြင့် တွေ့ဆုံ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီကော်မတီဝင်၊ ရှမ်း(အရှေ့) အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်တင်မေထွန်း၊ တာချီလိတ်ခရိုင်ဥက္ကဋ္ဌ ဦးဘိုစံ၊ မြို့နယ်ဥက္ကဋ္ဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ် ကော်မတီဝင် ဦးစိုးကျော်အောင်၊ မြို့နယ်(အရန်)ကော်မတီဝင် ဦးထက်အောင်၊ အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်နာ လော်ဘိုနှင့် ပါတီလူငယ် များသည် ဒီဇင်ဘာ (၂၇) ရက်နေ့ မိုင်းဆတ်ခရိုင်/မြို့နယ်နှင့် မိုင်းတုံမြို့နယ်ရှိ ပါတီဝင် အမျိုးသမီးအဖွဲ့များဖြင့် သွားရောက်တွေ့ဆုံခဲ့သည်။

လှိုင်သာယာပြည်ခိုင်ဖြိုး ဓမ္မာရုံများ ပြုပြင်မွမ်းမံရန် ဘိလပ်မြေအိတ်များ လှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒီဇင်ဘာ (၂၇) ရက် နံနက်ပိုင်းက လှိုင်သာယာမြို့နယ် ရွှေလင်ပန်းကျေးရွာ မြေတိုင်း(၂၆) အောင်ချမ်းသာဓမ္မာရုံ နှင့် မြေတိုင်း(၂၃) စိတ္တသုခဓမ္မာရုံတို့အား ပြန်လည်ပြုပြင် မွန်းမံနိုင်င်ရန် အတွက် ဘိလပ်မြေအိတ်များ လှူ ဒါန်းခဲ့ကြောင်း သိရှိရပါသည်။

လှိုင်သာယာပြည်ခိုင်ဖြိုး

နှစ်ကျိပ်ရှစ်ဆူအပူဇော်ခံပွဲ မြစ်ကြီးနားပြည်ခိုင်ဖြိုးပါဝင် ဆောင်ရွက်

 

ကချင်ပြည်နယ်သာ သနာနုဂ္ဂဟအသင်းမှ ကြီးမှူးကျင်းပ ပူဇော်အပ်သော (၁၅) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓမြတ်စွာဘုရား မြစ်ကြီးနားမြို့အတွင်း ကိန်းဝပ်စံပါယ် ပူဇော်ခံပွဲကို (၂၇ -၁၂ -၂၀၁၆) မှ (၃၁ -၁၂ -၂၀၁၆) ရက်နေ့အထိ ရပ်ကွက်များ၊ ဌာနဆိုင်ရာများ၌ ကျင်းပပြုလုပ် လျှက်ရှိရာ မြစ်ကြီးနားမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှလည်း မြို့နယ်ပါတီရုံးရှေ့တွင် ယာယီစံမြန်းမဏ္ဍပ်တည်ဆောက်လျှက် ”ဓမ္မဒဿီ” မြတ်စွာဘုရားအား ပင့်ဆောင်ပြီး အပူဇော်ခံထားရှိရာ နေ့စဉ် ဝတ်အသင်းများဖြင့် ပူဇော်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ကြည့်မြင်တိုင်ပြည်ခိုင်ဖြိုးအမှုဆောင်များ မဲရုံကိုယ်စားလှယ်များနှင့်တွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ကြည့်မြင်တိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယခုလ ၂၃ရက် မွန်းလွဲ ၁နာရီမှ ညနေ ၄နာရီအထိ ရပ်ကွက်အမှုဆောင်များ၊ မဲရုံကိုယ်စားလှယ်များအားတွေ့ဆုံ၍ ကြားဖြတ်ရွေးကောက်ပွဲ အတွက်ဆွေးနွေးပြုလုပ်ရာ ရန်ကုန်အနောက်ပိုင်းခရိုင်ပါတီကော်မတီ ဝင် ဒေါ်အိအိလှိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်လွင်နှင့် ကော်မတီဝင် များ၊ ရပ်ကွက်အမှုဆောင်များနှင့် မဲရုံကိုယ်စားလှယ် ၅ဝ တို့တက် ရောက်ကြကြောင်း သိရသည်။

ထိန်ဝင်း(ကြည့်မြင်တိုင်)

ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ (၆၉)နှစ်မြောက်လွတ်လပ်ရေးနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၁၄)နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ ကျင်းပ

 

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်ပြီး (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အသက် ၁၄ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲကို မြို့နယ် ပြည်သူ့ အားကစားကွင်းတွင် ယခုလ ၂၅ ရက် ညနေပိုင်းက ကျင်းပခဲ့သည်။

မြင်းခြံခရိုင်ပြည်ခိုင်ဖြိုးပါတီ မီဒီယာသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီခန်းမ၌ ပြည်သူ့ဆက်ဆံရေးနှင့် အခြေခံသတင်းမီဒီယာသင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ (၂၇) ရက် နံနက် (၉) နာရီအချိန်က ပြုလုပ်ရာ မန္တလေးတိုင်း ဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းကော်မတီဝင်များဖြစ်ကြသော ဦးမြတ်​သူ၊ ဦးအောင်နိုင်ဦး၊ မြင်းခြံခရိုင်ဥက္ကဌနှင့် ခရိုင်ကော်မတီဝင်များ၊ ​ညောင်​ဦးခရိုင်​ဥက္ကဌနှင့်​ ခရိုင်​​ကော်​မတီဝင်​များ၊ မြင်းခြံခရိုင်​နှင့် ညောင်ဦးခရိုင်​အတွင်းရှိ မြို့နယ်​များမှ ဥက္ကဌများ၊ သင်​တန်းနည်းပြများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြပြီး တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ပါတီလုပ်ငန်းဆိုင်ရာများ တွေ့ဆုံဆွေးနွေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပဲခူးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးစောမော်ထွန်း သည် တိုင်းအတွင်းရေးမှူး ဦးညီညီမြင့်၊ တိုင်းကော်မတီဝင် ဦးရဲမြင့်ထွန်း ပဲခူးခရိုင်ပါတီဥက္ကဌ ဦးအောင်စိုး တို့လိုက်ပါလျှက် ယနေ့ (ဒီဇင်ဘာ ၂၇) ရက် နံနက် ၉ နာရီခွဲအချိန်တွင် ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်း အဝေးခန်းမ၌ မြို့နယ်ပါတီကော်မတီဝင်များ ရပ်ကျေးစည်းမှူး အမှုဆောင်များနှင့်တွေ့ဆုံ၍ ပါတီတွင်းဆိုင်ရာ ကိစ္စရပ်များ၊ ၂၀၂၀ ရွေးကောက်ပွဲပါတီအောင်နိုင်ရေးဆိုင်ရာကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဗဟိုအတွင်းရေးမှူးဦးသန်းထွန်းနှင့်အဖွဲ့ သလဲဦးကုန်းသာကျေးရွာနှင့် ကုန်းခြံအထက်ကျေးရွာ ပြည်သူများနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးအောင်တင်မြင့် (တောင်သူလယ်သမားရေးရာ)၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဦးမင်းမင်း ဇေယျာမြင့် (ပါတီလုပ်ငန်းစိစစ်ရေး)၊ ဦးတင့်လှိုင်မြင့် (ပါတီစည်းကမ်းထိန်းသိမ်းရး)၊ ဦးကိုကိုနိုင် (သုတေသနနှင့် ပညာရေးဌာနကြီး)၊ ဦးအောင်ကျော်ညွန့် (စီးပွားရေးရာ)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပါတီကော်မတီဝင်များ ဖြစ်ကြသည့် ဦးအုန်းဖေနှင့် ဦးမိုးစည်သူ၊ တောင်ကြီးခရိုင်ပါတီ ကော်မတီဝင် ဦးကျော်တိုး၊ ညောင်ရွှေမြို့နယ် ပါတီဥက္ကဋ္ဌ ဦးစံရွှေနှင့် မြို့နယ်ပါတီကော်မတီဝင်များလိုက်ပါပြီး ဒီဇင်ဘာ (၂၆) ရက် နံနက် ၁ဝ နာရီခွဲတွင် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် သလဲဦးကျေးရွာသို့လည်းကာင်း၊ မွန်းလွဲ ၁၂ နာရီခွဲတွင် ကုန်းခြံအထက် ကျေးရွာသို့လည်းကောင်း သွားရောက်၍ ဒေသခံ မိဘပြည်သူများနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် ကူညီဆောင်ရွက်ပေးခဲ့သည်။

 

(more…)


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ခေါင်းဆောင်သော အဖွဲ့ဝင်ငါးဦး ပါဝင်သည့် ပါတီ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ဒီဇင်ဘာ (၂၇) ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေကြောင်းခရီးစဉ် MU2032 ဖြင့် ထွက်ခွာသွားကြောင်း သိရသည်။

(more…)