မိုးကောင်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရှမ်းမျိုးနွယ်စုဓမ္မာရုံ၌ သစ်ပင်ချုံနွယ်ရှင်းလင်း

 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အထက်ရှမ်းစုရှမ်းမျိုးနွယ်စုဓမ္မာရုံ တွင် ယနေ့ နံနက်ပိုင်းကစ၍ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်ဦးစီး၍ မြို့နယ်စည်းရုံးရေးတာဝန်ခံ ဦးမြင့်စိုး၊ ဦးအိုက်စိုင်း၊ ဦးသန်းစိုးတို့နှင့်ပါတီဝင်အင်အား ၂၅ ဦးတို့သည် အဆိုပါဓမ္မာရုံဝင်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် သစ်ပင်ချုံ နွယ်များကို ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ကာ လုပ်အားဒါနကုသိုလ်ပြုခဲ့ ကြောင်း သိရသည်။

ဒဂုံ(တောင်)ပြည်ခိုင်ဖြိုးပါတီ သက်ကြီးပူဇော်ပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီရုံးတွင် ဧပြီ (၂၂) ရက် နံနက် ၉နာရီခွဲ၌ ရာဇသင်္ဂဟ ဖောင်ဒေးရှင်းမှ နှစ်စဉ်လှူဒါန်းသော အသက် (၁ဝဝ)ကျော် အဘွားနှစ်ဦး၊ အသက်(၉ဝ)ကျော် သုံးဦးနှင့် အမျိုးသမီး ကာကွယ် စောင့်ရှောက်ရေးအဖွဲ့မှ လစဉ် ထောက်ပံ့ထားသော ပြုစုစောင့် ရှောက်သူမဲ့ အဘိုးအဘွား ၁၃ ဦး အပါအဝင် စုစုပေါင်း ၁၈ဦးတို့အား အလှူငွေများ၊ အစား အသောက်နှင့် အသုံးအဆောင်များ လှူဒါန်းကန်တော့ခဲ့သည်။

ဆိပ်ဖြူပြည်ခိုင်ဖြိုးရဲ့စေတနာ

 

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနင့် ဖွံ့ရေးပါတီမှလူငယ်လှုပ်ရှားမှုအဖြစ်
ရှေ့ဆောင်စွမ်းအားကွန်ပျူတာသင်တန်းကို ဧပြီလ၁၈ရက်နေ့ နံနက်၉နာရီတွင်ဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါဖွင့်ပွဲသို့ ဆိပ်ဖြူပြည်ခိုင်ဖြိုး ပါတီ ဥက္ကဌ ဦးလှဆောင်၊ အတွင်းရေးမှူး
ဦလေးမောင် နှင့်ကော်မတီဝင်များ၊အရံကော်မတီဝင်များ၊စည်းရုံးရေးမှူးများနှင့်သင်တန်းသားသင်တန်းသူ ၃၀ဦးတက်ခဲ့ပါသည်။


မိုးညှင်းပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲကျင်းပ

 

ယနေ့ဧပြီ၁၀ရက်နေ့ ကချင်ပြည်နယ် မိုးညှင်းခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူးကျင်းပသောနိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြဆင့်ပွားသင်တန်းကို ယနေ့နံနက်9:00နာရီအချိန်တွင်ခရိုင်ပါတီတိုးချဲ့ခန်းမ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုရေးပါတီဗဟိုပါတီကော်မတီဝင် ကချင်ပြည်နယ် ကော်မတီဝင် ဦးစိုးဝင်း ခရိုင်ဥက္ကဋ္ဌဦးစိန်ဝင်းထွန်း ခရိုင်ကော်မတီဝင်များ မိုးညှင်းမြို့နယ် မိုးကောင်းမြို့နယ် ဖားကန့်မြို့နယ်မှဥက္ကဋ္ဌနှင့် ကော်မတီဝင်များတက်ရောက်ကြောင်းသတင်းရရှိသည်။


ရှမ်းရှေ့ပြည်ခိုင်ဖြိုးပါတီမှ ပါတီနှစ်စဉ်ကြေးပေးအပ်ပွဲကျင်းပ

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊မိုင်းဖြတ်မြို့နယ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလစဉ်ပုံမှန်လုပ်ငန်းညှိနိုင်းအစည်းအဝေးကျင်းပခြင်းနှင့်ရပ်ကွက်/ ကျေးရွာပါတီဝင်များမှကောက်ခံရရှိသောပါတီဝင်နှစ်စဉ်ကြေးများအား ပေးအပ်ခြင်းအခမ်းအနားကျင်းပရာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးလင်းဇော်ထွန်း(ဗဟိုကော်မတီဝင်)၊ပြည်နယ်အရန်ကော်မတီဝင်ဦးစိုင်းကျောက်(ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားကို(ပြည်နယ်အရန်က်ာမတီဝင်)၊မိုင်းဖြတ်ခရိုင်ဥက္ကဋ္ဌဦးညွှန့်ဝင်းနှင့် ခရိုင်ကော်မတီဝင်များ၊မြို့နယ်ဥက္ကဋ္ဌဦးစိုင်းရီတစ်နှင့်မြို့နယ်ကော်မတီဝင်များ၊ရပ်ကွက်/ကျေးရွာပါတီခေါင်းဆောင်များနှင့်(၁၀.၄.၂၀၁၇)ရက်နေ့တွင်
မိုင်းဖြတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ ကြ ကြောင်းသိရှိရပါသည် ။


သင်္ဃန်းကျွန်းပြည်ခိုင်ဖြိုးပါတီ မျိုးဆက်သစ်လူငယ်အင်အားရရှိရန် ကွင်းဆင်းဆောင်ရွက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သင်္ဃန်းကျွန်းမြို့နယ်ဥက္ကဋ္ဌ ဦးအောင်မြတ်ဇော်၊ မြို့နယ်ကော်မတီဝင် ဒေါ်မြင့်မြင့်ဌေးနှင့် ဒေါ်သင်း သင်းရီတို့သည် ယခုလ ၈ရက် ညနေ ၄ နာရီတွင် မိကျောင်းကန်အပိုင်း(၁)နှင့် ၁၆/၂ ရပ်ကွက်များသို့ ပါတီဝင်စိစစ်ခြင်းနှင့် ပါတီ၏ အမာခံမျိုးဆက်သစ် ကေဒါများအင်အားတိုးရရှိစေရန် ကွင်းဆင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။

Union daily

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် လူငယ်ရေးရာတာဝန်ခံနှင့် ကချင်ပြည်နယ်ရှိ ပြည်ခိုင်ဖြိုးပါတီမှ လူငယ်ရေးရာတာဝန်ခံများတွေ့ဆုံ