ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပါတီဝင်အင်အားစိစစ်ရေး လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပါတီဝင်များတွေ့ဆုံညှိနှိုင်းအစည်းအဝေး ကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့သည်။
ဗဟိုဦးဆောင်ကော်မတီ သူရဦးအေးမြင့် နန်းဇားကျေးရွာ ပြည်သူလူထုနှင့် တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုဦးဆောင်ကော်မတီ သူရဦးအေးမြင့်သည် ယခုလ ၁၃ ရက် ညနေ ၄နာရီတွင် စစ်ကိုင်း တိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ကနန်းဒေသ နန်းဇားကျေးရွာသို့ ရောက်ရှိပြီး ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မာ ရုံ၌ကျင်းပသည့် နန်းဇားကျေးရွာ မိဘပြည်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်အမှာ စကားပြောကြားပြီး ရွာအဝင် ချောင်းကူးတံတား တည်ဆောက် ရေးအတွက် ကူညီဆောင်ရွက် ပေးမည်ဟု ကတိပြုပြောကြားခဲ့သည်။
ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး လောက်ကိုင် ယောက်အဲရှိရွာမှ မိဘမဲ့သမီးငယ်အား ငွေငါးသိန်းထောက်ပံ့
လောက်ကိုင်ဒေသ ယောက်အဲရှိကျေးရွာသို့ အကြမ်းဖက်သောင်းကျန်းသူများ ယခုလ ၅ ရက်နံနက် ၃ နာရီတွင် ဝင်ရောက်ပစ်ခတ်မှုကြောင့် မိဘနှစ်ပါးသေဆုံးခဲ့ရသည့် အသက်နှစ်လခွဲသာရှိသော မဆောင်းဒီဇင်ဘာထွန်းအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီးတို့က ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ရွှေပြည်တော်ဟိုတယ်သို့သွားရောက်၍ ထောက်ပံ့ငွေကျပ် ငါးသိန်းနှင့်ကလေးအသုံးအဆောင်ပစ္စည်းများ သွားရောက်ထောက်ပံ့ခဲ့သည်။
ပါတီ ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦး ဟင်္သာတခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ အတွင်းရေးမှူးများ အလုပ်အမှုဆောင်များနှင့်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော် မတီ ဦးဌေးဦးသည် ယခုလ ၁၆ ရက် ညနေပိုင်းက ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးရုံးတွင် ဟင်္သာတခရိုင် နှင့်မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်း ရေးမှူးများ၊ အလုပ်အမှုဆောင်များ နှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။
” အ”သုံးလုံး ကျောင်းသားကျောင်းသူများကို ချောက်ပြည်ခိုင်ဖြိုးမှ အဟာရ ဒါနပြု
ချောက်မြို့နယ် အမှတ်(၅) နယ်မြေ ရန်ကင်းဓမ္မာရုံ တွင် ” အ ” သုံးလုံး ကျောင်းသားကျောင်းသူများအား ချောက်မြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ မှ မြို့နယ်ကော်မတီဝင် ဒေါ်စန်းစန်းဌေး နှင့် အမျိုးသ္မီးရေးရာ အဖွဲ့များမှ စာသင်ကြားပေးလျက် ရှိရာသို့ ယမန်နေ့ ညနေ ၄း၃၀ နာရီ အချိန်တွင် ချောက်မြို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်ဦး ၏လမ်းညွှန်မှု၊ မကွေးခရိုင်ကော်မတီဝင် ဒေါ်မီမီစိုး၊ အတွင်းရေးမှူး ဦးသန်းလှိုင် နှင့်ကော်မတီဝင်များက ကျောက်ကျောအဟာရ ဒါန ပြုခဲ့ပါသည်။
နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်က ယခင်အစိုးရအဖွဲ့၌ ပူးပေါင်းဆောင်ရွက်ခဲ့သည့်လုပ်ဖော်ကိုင်ဖက်များအား ညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ
နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်က ယခင်အစိုးရသက် တမ်းအတွင်း ပူးပေါင်းဆောင်ရွက် ခဲ့ကြသည့် လုပ်ဖော်ကိုင်ဖက်များ အား ညစာစားပွဲဖြင့် ဂုဏ်ပြုဧည့်ခံ ခြင်းအခမ်းအနားကို ယနေ့ ည ၆ နာရီခွဲတွင်နေပြည်တော်ဟိုတယ် ဇုန်-၂ ရှိKenpinski Hotel ၌ တည်ခင်းဧည့်ခံခဲ့သည်။
၂၀၁၇-ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းနှင့် တွေ့ဆုံ မေးမြန်းချက်များမှ ကောက်နှုတ်ဖော်ပြချက်
မေး- ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ပြည်သူအပေါ် ဘယ်လိုကတိစကားမျိုး ပြောချင်ပါသလဲ။
ဖြေ- ကျွန်တော်တို့ပါတီအနေနဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတိုင်း ကျွန်တော်တို့ ဥက္ကဋ္ဌ၊ နောက် ကျွန်တော်တို့ဆီက တာဝန်ရှိသူတွေ နယ်တွေလှည့်ပြီး ကိုယ့်အဖွဲ့တွေနဲ့တွေ့တိုင်း ပြောတာ အဓိက ကတော့ အမျိုးသားရေးပေါ့၊ ကျွန်တော်တို့ အဓိကဖြစ်ချင်တာကတော့ နိုင်ငံတော်မှာ တရားဥပဒေ စိုးမိုးရေးနဲ့ အေးချမ်းတည်ငြိမ်ရေးကို ဆောင်ရွက်ပေးဖို့ ရည်မှန်း ပါတယ်။ နိုင်ငံတော်တည်ငြိမ်မှ တရားဥပဒေစိုးမိုးမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်နာယက နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်နှင့် အဖွဲ့ မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သဃာတော်များအား အာရုဏ်ဆွမ်း လောင်းလှူ
ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်နာယက နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်၊ ပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်၊ မွေး/ရေဝန်ကြီး (ငြိမ်း) ဦးအုန်းမြင့် တို့ သည် တိုင်း / ခရိုင် / မြို့နယ် ပြည်ခိုင်ဖြိုးအဖွဲ့များနှင့်အတူ (၁၇.၃.၂၀၁၇)ရက်နေ့တွင် အမရပူရမြို့နယ်၊ မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သံဃာတော်အပါး
(၁၂၀၀)ကျော်အား အာရုဏ်ဆွမ်းလောင်းလှူခဲ့ကြောင်း သတင်းရရှိပါသည်။
credit- zaw aung Htet
ဗဟိုဦးဆောင်နာယက ဦးသိန်းစိန်နှင့် မန္တလေးတိုင်း/ခရိုင်အဆင့် ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီ နာယက ဦးသိန်းစိန်သည် မတ်လ (၁၆) ရက် ညပိုင်းတွင် မန္တလေးတိုင်းဒေသကြီး တိုင်း၊ ခရိုင် ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံ၍ လတ်တလော ဖြစ်ပျက်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စသည့် နယ်ပယ်အသီးသီးအလိုက် အခြေအနေအရပ်ရပ်ကို နိုင်ငံတကာအခြေအနေနှင့်နှိုင်းယှဉ် သုံးသပ်ကြရန်။
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းနှင့် တွေ့ဆုံမေးမြန်း ခြင်းမှ ကောက်နုတ်ဖော်ပြ
စိုက်ပျိုးရေးထုတ်ကုန်နဲ့ပတ်သက် တာတွေကို တွက်ခြေကိုက်ဖို့ရယ်၊ အလုပ် အကိုင်ဖန်တီးမှုရယ်ပေါ့။ ဒီဒေသက လူငယ်တွေအတော်များများက ပြည်ပကို သွားပြီး အလုပ်လုပ်ကိုင်ကြရတယ်။ အလုပ်အကိုင်အခွင့်အလမ်းကြောင့် ဖြစ် ရတယ်။ ဒီတော့ မြို့နယ်မှာ အလုပ် အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်ရင် တော့ ပိုကောင်းတာပေါ့။ စိုက်ပျိုးရေး ဒေသလည်းဖြစ်တော့ ရေကြီးရေလျှံ မဖြစ်အောင် ဆည်မြောင်း၊ တာတမံတွေ လည်းလိုအပ်တာပေါ့။ အသေးစား၊ အလတ်စား၊ စက်မှုလုပ်ငန်းတွေလည်း ဖော်ဆောင်ပေးရမှာပေါ့။ သူတို့ရဲ့ ထုတ် ကုန်တွေနဲ့ပတ်သက်ပြီးတော့လည်း တွက် ခြေကိုက်အောင်၊ အရှုံးမ ပေါ်အောင်လုပ် ပေးရမှာပေါ့။ ဒါမှလည်း တစ်ဦးချင်း တစ်အိမ်ထောင်ချင်းစီရဲ့ မိသားစုဝင်ငွေ တိုးတက်ပြီး အေးအေးချမ်းချမ်းနဲ့ ဒေသ မြန်မြန်ဖွံ့ဖြိုးတိုးတက် လာမှာ ဖြစ်တယ်။ဒါတွေဟာ ကျွန်တော့်အနေနဲ့ဆောင်ရွက် ပေးလိုတဲ့ဆန္ဒနဲ့ ဒေသနေပြည်သူတွေရဲ့ အဓိကလိုလားနေတဲ့ဆန္ဒပဲဖြစ်ပါတယ်။