ကျိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော်အမှတ်(၂)မဲဆန္ဒနယ်မြေတွင် အနိုင်ရရှိခဲ့သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရှာမွေလရှဲန်နှင့်တွေ့ဆုံခြင်း

နိုင်ငံရေးပါတီများတွေ့ဆုံ၍ ၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲအပေါ် ပြန်လည်သုံးသပ် လတ်တလောနိုင်ငံရေးအခြေအနေများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်(ရန်ကုန်)တွင် ယနေ့မွန်းလွဲ ၁နာရီက နိုင်ငံရေးပါတီများ စုပေါင်းတွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် တက်ရောက်လာ ကြသော နိုင်ငံရေးပါတီများက ကျင်းပခဲ့ပြီး ဖြစ်သော ၂ဝ၁၇ ခုနှစ်ကြားဖြတ်ရွေးကောက် ပွဲတွင် နိုင်ငံရေးပါတီများ၏ ဆောင်ရွက်ချက် များအပေါ် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ် နည်းများနှင့်အညီ လိုက်နာဆောင်ရွက်မှုရှိမရှိ၊ လွတ်လပ်၍ တရားမျှတမှုရှိမရှိ၊ လတ်တလော ဖြစ်ပေါ်နေသောနိုင်ငံရေး၊တိုင်းရင်းသားအရေး၊ စီးပွားရေး၊ လုံခြုံရေး စသည့်ကိစ္စများနှင့် ပတ် သက်၍ အသေးစိတ်အပြန်အလှန်တွေ့ဆုံဆွေး နွေးခဲ့ကြသည်။
ဆွေးနွေးပွဲမှ သဘောတူညှိနှိုင်းရရှိမှုများ နှင့်ပတ်သက်၍ ပူးတွဲကြေညာချက်များထုတ် ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

နွေရာသီ အခြေခံ ဆံပင်နှင့်မိတ်ကပ် အလှပြင် သင်တန်းဖွင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး၌ု ယနေ့ (၃-၄-၃၀၁၇) ရက် နံနက် ၉ နာရီက နွေရာသီအခြေခံဆံပင်နှင့်မိတ်ကပ် အလှပြင် သင်တန်း ဖွင့်ပွဲကျင်းပခဲ့သည်။

(more…)


ရခိုင်ပြည်နယ်ပါတီအတွင်းရေးမှူး တူရကီသံရုံးမှ ဒုတိယသံအမတ်ကြီးနှင့် တွေ့ဆုံ

ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးသန်းဝေမှ ဧပြီလ ၁ ရက်နေ့က တူရကီသံရုံးမှ ဒုတိယသံအမတ်ကြီး Mr-Eymen Ozsahin အား အမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံကာ လက်ရှိမြန်မာနိုင်ငံရေးနှင့် ဒီမိုကရေစီအခင်းများ၊ ရခိုင့်နိုင်ငံရေးအခင်း အကျင်းများ၊ ရွေးကောက်ပွဲများ၏ အခြေအနေအပေါ် ရှေ့ဆက်သွားရမည့် မြန်မာနိုင်ငံရေး အခြေ အနေများအား ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်နည်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီနှင့် ထိုင်းနိုင်ငံ အိမ်တွင်းမှု သင်တန်းကျောင်းတို့ ပူပေါင်း၍ (၂၄-၃-၂၀၁၇ မှ ၂-၄-၂၀၁၇) ထိဖွင့်လှစ်သည့် အခြေခံ မော်တော် ဆိုင်ကယ်ပြုပြင်နည်း သင်တန်းသင်တန်းဆင်းပွဲ အခမ်းအနားအား (၂-၄-၂၀၁၇) ရက်နေ့တွင် တာချီလိတ် ပြည်ခိုင်ဖြိုးပါတီခန်းမတွင် ပြုလုပ်ရာ အခမ်းအနားသို့ တာချီလိတ် ပြည်ခိုင်ဖြိုးနာယက ဦးဘိုလေး၊ ပြည်နယ်ကော်မတီဝင် ဒေါ်တင်မေထွန်း၊ ခရိုင်ပါတီအတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ခရိုင်ပါတီကော်မတီ ၀င်များ၊ မြို့နယ်ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ကော်မတီဝင်များ ရပ်ကျေးခေါင်းဆောင်များ၊ ထိုင်းနိုင်ငံ အသက်မွေးသင်တန်းကျောင်းမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ပါတီ ကော်မတီဝင် ဒေါ်တင်မေထွန်းမှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။

(more…)


၂ဝ၁၇ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ ကျိုင်းတုံနှင့်ချောင်းဆုံမြို့နယ်တို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ အနိုင်ရရှိ

၂ဝ၁၇ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲ၌ ကျိုင်းတုံမြို့နယ်နှင့် ချောင်းဆုံမြို့နယ် တို့တွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက အနိုင်ရရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထံမှ သိရသည်။

(more…)


ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့်တွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးသည် မတ် ၃ဝရက် နံနက် ၁ဝ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီကော်မတီရုံးတွင် ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် တွေ့ဆုံ ခဲ့သည်။

 

(more…)


ဘိုကလေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ နွေရာသီမြန်မာ့ရိုးရာသိုင်းပညာသင်တန်းဖွင့်လှစ်

လူငယ်မျိုးဆက်သစ်များ ဗလ ငါးတန်ဖွံ့ဖြိုးတိုးတက်ပြီးအနာဂတ် ကာလနိုင်ငံတော်တည်ထောင်ရေး နှင့်ကာကွယ်စောင့်ရှောက်ရေးကဏ္ဍ တွင် ကျန်းမာသန်စွမ်း၍ စွမ်းစွမ်း တမံပါဝင်နိုင်ရန်ရည်ရွယ်၍ ဘို ကလေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ သည် နွေရာသီမြန်မာ့ရိုးရာသိုင်း ပညာ သင်တန်းဖွင့်ပွဲကို မတ် ၃၁ ရက် ညနေ ၆နာရီက မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်း၌ ပြုလုပ် ခဲ့သည်။

 

(more…)


ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေတွင် အနိုင်ရရှိခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းနှင့်တွေ့ဆုံခြင်း

၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၂၆၂၂၅ ဦးရှိသည့်အနက် လာရောက်ဆန္ဒမဲပေးသူ ၄၈၅၃၅ ဦးရှိခဲ့သည်။ ယင်းဆန္ဒမဲပေးသူများအနက်မှ မဲအရေအတွက် ၁၉၆၆၇ မဲဖြင့် အနိုင်ရရှိခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ဦးအောင်ကြည်သိန်းအား ပြည်ထောင်စု နေ့စဉ်သတင်းစာမှ ဆက်သွယ်မေးမြန်းခဲ့မှုများကို ဖော်ပြအပ်ပါသည်။

(more…)