ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံသို့ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်(ရှမ်း/ အရှေ့) နယ်မြေတာဝန်ခံဦးစိုးနိုင်နှင့် ရှမ်းအရှေ့ ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့နယ်၊ မိုင်းပျဉ်းမြို့နယ်၊မိုင်းယန်းမြို့နယ်၊ မိုင်းခတ် မြို့နယ်တို့မှ ကော်မတီဝင်များ၊ကျိုင်းတုံမြို့နယ် ရပ်မိရပ်ဖများနှင့် ကျိုင်းတုံပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမ၌ ယနေ့တွေဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် (ရှမ်း/ အရှေ့) မြို့နယ်ပါတီဥက္ကဋ္ဌများမှ ရေးရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများ ရှင်းလင်းတင်ပြခြင်း၊ ခရိုင်ပါတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေး ရှင်းလင်းတင်ပြခြင်း၊ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးစိုင်းကျော်လှက အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။



