ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ရွာလူကြီးများ ရွားသူ/ ရွာသူများနဲ့ တွေ့ဆုံပြီး မဲပေးပုံစနစ်များကို ပြသပေးခဲ့

 

ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် အမှတ် (၂) မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးရှာမွေလရှဲန် ဦးဆောင်ပြီး ပြည်သူလွှတ်တော် ဦးစတီဖန်၊ အမျိုးသားလွှတ်တော် (ငြိမ်း) ဦးဝေဇင်မိုး၊ ပြည်နယ်လွှတ်တော် (ငြိမ်း) ဦးအားဖါ တို့နှင့်အတူ ခြသေ့င်္စည်းရုံးရေး အထူးအဖွဲ့ (၃) တို့သည် မတ်လ (၂၈) ရက်နေ့က ပန်ကြူကျေရွှာအုပ်စု ပန်ယောင်းရွှာ၊ နားကွေရွှာများသို့သွားရောက်၍ ရွာလူကြီးများ ရွာသူ/ ရွှာသားများနှင့် တွေ့ဆုံ၍ မဲပေးပုံစံနစ်များကိုလည်း ပြသပေးခဲ့ကြောင်း သိရသည်။

ကြားဖြတ် ( ၇) မြို့နယ်ရှိ မိတ်ဖက်များ NGO များနှင့် တွေ့ဆုံမိတ်ဆက်

 

(28.3.2017) နေ့လည် (၁) နာရီအချိန်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းကမ်း ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးခင်ရီမှ ကြည့်မြင်တိုင်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီရုံး
ရုံးခန်းမ၌ အမှတ် (၆) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်အေးနှင့် ကြားဖြတ် (၇) မြို့ နယ်ရှိ မိတ်ဖက်များ၊ NGO များနှင့် တွေ့ဆုံမိတ်ဆက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့်တွေ့ဆုံပွဲအတွက် ကော့မှူးမြို့နယ်တွင်ကြိုတင်ပြင်ဆင်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဗဟိုကော်မတီဝင်ရန်ကုန် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသာဝင်းသည် ရန်ကုန်တိုင်းဒေသကြီးကော့မှူး မြို့နယ်အနောက်ခြမ်း မဆယ်ဆိပ် ကျေးရွာ၌ ယခုလ ၂၉ ရက်တွင် ကျင်းပမည့်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး နှင့်တွေ့ဆုံပွဲအတွက် ယနေ့ နံနက် ၁ဝနာရီ၌ကျင်းပမည့်နေရာကော့မှူး မြို့နယ် မဆယ်ဆိပ်ကျေးရွာ ဈေး ကွင်းတွင် ပြုလုပ်စီစဉ်နေမှုများကို ကြည့်ရှုစစ်ဆေးအကြံပြုလုပ်ငန်း များပြုလုပ်ခဲ့သည်။
ထိုလုပ်ငန်းကြီးကြပ်ရေးသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ဦးသာဝင်းနှင့်အတူ ရန်ကုန်တောင် ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလွင်ဦး၊ တောင်ပိုင်းခရိုင်ကော် မတီဝင်ဦးတင်လင်း (ကွမ်းခြံကုန်း မြို့နယ်ဥက္ကဋ္ဌ)၊ ကော့မှူး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ဇင်ဟိန်း၊ကော့မှူးမြို့နယ် ကော်မတီဝင်များလိုက်ပါကြည့်ရှုခဲ့ ကြောင်း သိရသည်။

သာကေတပြည်ခိုင်ဖြိုးပါတီ နွေရာသီ လူငယ်ရေးရာလှုပ်ရှားမှုအဖြစ် ကွန်ပျူတာ သင်တန်းဖွင့်

 

သာကေတပြည်ခိုင်ဖြိုးပါတီ နွေရာသီလူငယ်ရေးရာလှုပ်ရှားမှုအဖြစ် ကွန်ပျူတာသင်တန်းဖွင့်
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နွေရာသီလူငယ်လှုပ်ရှားမှု အခြေခံ/ အဆင့်မြင့် ကွန်ပျူတာသင်တန်း အမှတ်စဉ်(၁/၂ဝ၁၇) ဖွင့်ပွဲအခမ်းအနားကို မတ်လ (၂၈) ရက် နံနက် ၇ နာရီခွဲက သာကေတမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး၌ကျင်းပသည်။

(၇၂)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြစစ်ကြောင်းကြီးများကို ပြည်ခိုင်ဖြိုးပါတီမှ တက်ရောက်အားပေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေအတွင်း ရေးမှူးဦးဌေးဝင်းဦးဆောင်သော ရှစ်မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင် ၂၂ဝ တို့ သည် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဇေယျာသီရိမြို့နယ်တွင်ယခုလ ၂၇ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည့်(၇၂)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားတွင်ချီတက်ကြသောစစ်ရေးပြစစ်ကြောင်းကြီး များကို တန်းစီကွင်းမှ စစ်ရေးပြကွင်းသို့ ချီတက်ရာလမ်းကြောင်းတစ်လျှောက်တွင် ဂုဏ်ပြုပန်းစည်း များ၊ ပန်းကုံးများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အဆိုပါစစ်ရေးပြအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ပါတီအတွင်းရေးမှူးဦးဌေးဝင်းနှင့် ကော်မတီဝင်များ၊ နေပြည်တော်ခရိုင်ပါတီဥက္ကဋ္ဌဦးအောင်နိုင်ဦးနှင့် ကော်မတီဝင်များ၊ ရှစ်မြို့နယ် များမှဥက္ကဋ္ဌများနှင့် ပါတီကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာများမှ စည်းရုံး ရေးမှူးများနှင့်ပါတီဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

(၇၂)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုညစာစားပွဲကျင်းပ

 

(၇၂)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်လာကြ သည့် ဧည့်သည်တော်များအား မတ် ၂၇ ရက် ညပိုင်းက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့က နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဥပစာ ရင်ပြင်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲ (၃) ရက်သာ လို

 

(28-3-2017) ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ
အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်ကော်မတီဝင်များ တိုင်းဒေသကြီး ခရိုင်ဥက္ကဋ္ဌ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ မြို့နယ်ဥက္ကဋ္ဌ အတွင်းရေးမှူး
နှင့် ကော်မတီဝင်များတို့သည် မုံရွာပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ပြည်သူ လွှတ်တော် ကိုယ်စားလှယ်လောင်း DR ဝင်းမြင့်အောင် ကြားဖြတ်အောင်နိုင် ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးအတွက် တစ်အိမ်တက်ဆင်း ပန်းဖလက်များ ဖြန့်ဝေ

 

၂၀၁၇ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလောင်း ဦးအောင်ကြည်သိန်း အောင်မြင်ရေးအတွက် ယနေ့ မတ်လ
(၂၈) ရက်နေ့တွင် ချောင်းဆုံမြို့နယ် ကညော်ကျေးရွာနှင့် ဘိုးနက်၊ သက္ကော ကျေးရွာများရှိ မဲဆန္ဒရှင်ပြည်သူများဆီသို့ တစ်အိမ်ဝင်တစ်အိမ်ထွက် ပန်းဖလက်များ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

#အထွေထွေကိစ္စရပ်များ လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ(ဟိုပင်)

 

ယနေ့မတ်လ ၂၇ နေ့မနက်၉နာရီတွင် မိုးညှင်းမြို့နယ် ဟိုပင်ပြည်ခိုင်ဖြိုး ပါတီရုံး၌ ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ဟိုပင်ပြည်ခိုင်ဖြိုး ရုံးတွင် ခရိုင်ကော်မတီဝင် ဦးဖုန်းမြင့်၊ ဟိုပင်တာဝန်ခံ ဦးမြဝင်း ၊ မြို့နယ်ကော် မတီဝင် ဒေါ်သန္ဒာဝင်းမောင်နှင့် အရန်ဒေါ်ဝါဝါဆွေ၊ ဒေသကော်မတီ ဦးစောအေးလွင်၊ ဦးမင်းအောင်၊ ဦးဇော်မောင်မောင်လတ်နှင့် ရပ်ကျေး စည်းမှူးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

မိုးညှင်းပြည်ခိုင်ဖြိုးပါတီ

ပါတီဝင်အင်အား စိစစ်ခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်

 

(27-3-2017) ရက်နေ့တွင် ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှု ဆောင် နယ်မြေတာဝန်ခံ ဦးတင်ထွန်းက ဦးဆောင်လျက် ညောင်ပင်သာ ကျေးရွာအုပ်စု ၊ အင်ဒိုင်းကျေးရွာအုပ်စုနှင့် ဒိုးတန်းကျေးရွာ အုပ်စုများသို့ သွားရောက်ပြီး ရပ်ကျေးပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံကာ ပါတီဝင် အင်အား စာရင်းအမှန် ရရှိရေးအတွက် ဗဟိုပါတီကတ် ကိုင်ဆောင် ထားသော ပါတီဝင်များ မိမိရပ်ရွာတွင် (ပြောင်းရွှေ့ ၊ သေဆုံး ၊ နှုတ်ထွက် နှင့်အခြား) စတဲ့ ပါတီဝင်အင်အား စိစစ်ခြင်း လုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်လျက် ရှိပါသည်။