မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ပါတီဝင်နှစ်စဉ်ကြေးများစုပေါင်းပေးအပ် တိုင်း ခရိုင် မြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ပါတီအသီး သီး၏ ပါတီဝင်နှစ်စဉ်ကြေးများ တတိယအကြိမ်မြောက်စုပေါင်းပေး အပ်ပွဲနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေလ (၁၅) ရက် န့နံနက် ၉နာရီခွဲက တိုင်းဒေသကြီးပါတီရုံးအစည်းအဝေး ခန်းမတွင်ကျင်းပသည်။

 

(more…)


မြောက်ဥက္ကလာပမြို့နယ်ပြည်ခိုင်ဖြိုးပါတီပါတီဝင်ကြေးနှစ်စဉ်ကြေးပေးအပ်

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှပါတီဝင်ကြေး၊ ပါတီနှစ်စဉ်ကြေးပေးအပ်ပွဲအခမ်း အနားကို မြောက်ဥက္ကလာပမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ယမန် နေ့ကကျင်းပရာ အခမ်းအနားသို့ တိုင်းပါတီနာယက ဦးမြင့်ဟန်၊ တိုင်းပါတီကော်မတီမှဗဟိုကော်မတီဝင်ဦးတင်အောင်၊ အရှေ့ပိုင်း ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ ခရိုင်ပါတီ အတွင်းရေးမှူး ဦးကျော်စိုး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဝင်းကြိုင်၊ ပါတီဘဏ္ဍာရေးမှူး ဦးသန်းထိုက်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ (၁၉)ရပ်ကွက်ရှိ ပါတီခေါင်းဆောင်များအင်အား ၁ဝဝ ကျော်တက်ရောက်ကြသည်။

(more…)


ခရိုင်/မြို့နယ်/ရပ်ကွက်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကျောက်တံတားမြို့နယ် ပါတီရုံး၌ မေလ (၁၄) ရက် မွန်းလွဲ ၃ နာရီတွင် ခရိုင်/မြို့နယ်/ရပ်ကွက် ကော်မတီဝင်များ တွေ့ဆုံပွဲကို ကျင်းပခဲ့ရာ အနောက်ပိုင်းခရိုင်ပါတီ ကော်မတီဝင် (မြို့နယ်တာဝန်ခံ) ဒေါ်စန်းစန်းဝင်း(၂)နှင့် မြို့နယ် ပါတီဥက္ကဋ္ဌ၊အတွင်းရေးမှူး မြို့နယ် ကော်မတီဝင်များ၊ မြို့နယ်အရန ကော်မတီဝင်များ၊ ရပ်ကွက်ကော်မတီဝင်များ တက်ရောက်သည်။

(more…)


** ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ​ ဦးသန်း​ဌေး​ပြော​သော အတိုက်​အခံ နိုင်​ငံ​ရေးဆိုသည်​မှာ**

 

ဒီနေရာမှာ ကျွန်တော်က ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဆိုတော့ ပြည်ခိုင်ဖြိုးပါတီက အတိုက်အခံမလုပ် တတ်ဘူးဆိုတဲ့ ဝေဖန်ချက်ကို အရင်ဖြေချင်တယ်။ အရင်ရှင်းပြချင်တယ်။ ဒီလိုဆိုရင် ကျွန်တော်က ပြန်မေးမယ်။ အဲလိုဝေဖန်တဲ့ပုဂ္ဂိုလ်တွေကအတိုက် အခံလုပ်ရပ်ဆိုတာ ဘာကိုပြောတာလဲ၊ သူတို့ ဘယ်လိုနားလည်ထားသလဲ။ အတိုက်အခံလုပ် ခြင်းဆိုတာက ဘယ်အလုပ်ကိုလုပ်မှ ဘယ်စကား ကိုပြောမှဖြစ်တယ်ဆိုတဲ့ပြဋ္ဌာန်းချက်နဲ့ သတ်မှတ် ချက်ရှိသလား ကျွန်တော်က ပြန်မေးချင်တယ်။ ဒီလိုဆိုရင် ကျွန်တော်နားလည်ထားတဲ့ နိုင်ငံရေး လုပ်ငန်းဆိုတာ နိုင်ငံသားတွေရဲ့ဘဝ လုံခြုံအေး ချမ်းရေး၊ စားဝတ်နေမှုပြေလည်ရေး၊ ဥပဒေက ပေးထားတဲ့ အခြေခံလူ့အခွင့်အရေးတွေကို ဥပဒေနဲ့ အညီရရှိခံစားနိုင်ရေးအတွက် ပရဟိတစိတ်ဓာတ် လူမှုရေးအခြေခံတဲ့လုပ်ဆောင်ချက်သာ နိုင်ငံရေး ဖြစ်တယ်။ *

လစဉ်ပုံမှန် လပတ်အစည်းအဝေးပြုလုပ်

 

(၁၅-၅-၂၀၁၇) ရက်နေ့တွင် ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ လစဉ်ပုံမှန် လပတ်အစည်းအဝေးကို ပြုလုပ်ခဲ့ရာ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများမှ စည်းရုံးရေးမှူး တက်ရောက်ခဲ့ကြပြီး မြို့နယ်ပါတီ ဥက္ကဋ္ဌက ပါတီဝင်စိစစ်ရေး အခြေအနေများ၊ နှစ်စဉ်ကြေး ကောက်ခံမှု အခြေအနေ များ စည်းရုးံရေးရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးသို့ လာရောက်သူများအား မြို့နယ်ပါတီက မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခဲ့ ပါသည်။

မုဒုံမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီမှ ​သောက်​သုံး​ရေများ လှူဒါန်း

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီသည်​ ​နွေရာသီကာလ ​သောက်​သုံး​ရေရှားပါး​သော ​ကျေးရွာများရှိပြည်သူများ အဆင်ပြေစေရန်အတွက် ​သောက်​သုံး​ရေများ ဖြန့်​​ဝေလှူဒါန်းလျှက်ရှိရာ ယ​နေ့ ​မေ(၁၃)ရက်​​နေ့ နံနက်(၀၈း၃၀)နာရီမှ ညနေ(၀၄း၀၀)နာရီချိန်ထိ ကင်းချောင်းကျေးရွာရှိ မိဘပြည်သူများအား သောက်သုံးရေ ဂါလံ(၆၆၀၀)လှူဒါန်းကုသိုလ်ပြုခဲ့သည်။

(more…)


လာမည့် လွှတ်တော်အစည်းအဝေးများတွင် တရားဥပဒေစိုးမိုးမှု၊ လုံခြုံမှု၊ စီးပွားရေးဆိုင်ရာ မေးခွန်းများ ပြည်ခိုင်ဖြိုးပါတီ မေးမြန်းမည်

မေ ၁၈ ရက်တွင် စတင်မည့် လွှတ်တော်အစည်းအဝေးများတွင် တရားဥပဒေစိုးမိုးမှု၊ လုံခြုံမှု၊ စီးပွားရေးဆိုင်ရာ မေးခွန်းများ မေးမြန်းသွား မည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောကြားသည်။

မေ ၁၂ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးချုပ်၌ ပါတီ၏ ဆောင်ရွက်ချက်များအား မီဒီယာများကို ရှင်းလင်း စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက လက်ရှိ ဖြစ်ပေါ်နေသည့် တရားဥပဒေစိုးမိုးမှု အခြေအနေများနှင့် ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ဆောင်ရွက်မည့် အခြေအနေများအား မေးမြန်းစဉ် ထိုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် မစ္စတာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ဝင်များ တွေ့ဆုံပွဲမှ ပါတီ ဥက္ကဌ၏ ဆွေးနွေးချက်များ

 

ရှေ့တန်းပြန်အဖွဲ့အား ကြိုဆို

 

ယနေ့မေ (၁၄) နံနက် ၁၀ နာရီအချိန်တွင် မိုးညှင်းမြို့နယ် ဟိုပင်ဒေသ ခြေမြန်တပ်ရင်း (၃၈၈) ရှေ့တန်းပြန် ပြည်သူ့တပ်မတော်အား မိုးညှင်းမြို့ နယ် အတွင်းရေးမှူး ဦးဌေးဝင်း ၊ ကော်မတီဝင် ဦးမြဝင်း၊ တပ်မိသားစုများ ၊ တပ်မတော်သားများ ၊ အရန်မီးတပ်တပ်ဖွဲ့ဝင်များ ၊ လူမှုရေးအသင်းအဖွဲ့ များ ၊ ဌာနဆိုင်ရာများက အတီးအမှုတ်များ ရုမ်းရိုးရာအကများဖြင့် စည်းကားတိုက်မြိုက်စွာ ကြိုဆိုခဲ့ကြောင်း သတင်းရရှိပါသည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်ဦးသူရိန်ဇော် ဘားအံမြို့နှင့်ကော့ကရိတ်မြို့နယ်များမှ ပါတီဝင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် (စီးပွားရေးရာကော်မတီတာဝန်ခံ) ဦးသူရိန်ဇော် သည် ယခုလ ၇ ရက်မှ ၁ဝ ရက်အထိ ကရင်ပြည်နယ် ဘားအံနှင့် ကော့ကရိတ်မြို့နယ်များသို့ သွားရောက်ပြီး ပါတီဝင်များနှင့်တွေ့ဆုံခြင်း၊ ဆရာတော်ကြီးများအား ဖူးမြော်ကန်တော့ခြင်းများ ဆောင်ရွက်ခဲ့သည်။

(more…)