မြိတ်မြို့နယ်၊ ဒေသအကျိုး ပြည်ခိုင်ဖြိုးမှ ကွင်းဆင်း ဆောင်ရွက်

 

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဌ ဦးမိုးမြင့် နှင့်မြို့နယ်ပါတီကော်မတီဝင်
များလိုက်ပါသောအဖွဲ့သည် မေလ ၁၇ရက် ၊ နေ့လည်ပိုင်းတွင် မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု ရွှေပြည်တန်ရပ်ကွက် သဒ္ဓမ္မဗိမာန်​​ကျောင်းတိုက်​သို့ ရောက်ရှိကြပြီး ကျောင်းတိုက်ဆရာတော်နှင့်တွေ့ဆုံ၍ ဩဝါဒ ခံယူခဲ့ကြသည်။

သပိတ်ကျင်း၌ တိုက်နယ်အလိုက် ပြည်ခိုင်ဖြိုးပါတီ ကွင်းဆင်းစည်းရုံး

 

မန္တလေးတိုင်းဒေသကြီး ပြင် ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးထွန်းတင့်နှင့်အတွင်း ရေးမှူး ဦးမြင့်စိုးတို့ဦးဆောင်မှုဖြင့် မြို့နယ်ပါတီကော်မတီဝင်များသည် ယခုလ ဒုတိယပတ်မှစတင်ပြီး တိုက်နယ်အလိုက်ကွင်းဆင်းစည်းရုံး ဆောင်ရွက်လျက်ရှိသည်။

ထိုသို့အုပ်စုအလိုက်ခွဲ၍ ကွင်း ဆင်းဆောင်ရွက်ရာတွင် မြို့နယ် ပါတီ ကော်မတီဝင်ဦးကျော်အေး၊ မြို့နယ်ကော်မတီဝင်ဦးကျော်သိန်းစိုး၊ ပါတီ ကော်မတီဝင် ဦးလှိုင်မျိုးဝင်း ခေါင်းဆောင်သောအဖွဲ့အသီးသီးက ကွင်းဆင်းလျက် ပါတီဝင်အသစ်များ တိုးချဲ့စည်းရုံးရေး၊ ပါတီဝင်စိစစ်ရေး နှင့် နှစ်စဉ်ကြေး ကောက်ခံခြင်းလုပ်ငန်းများကို ကျေးရွာရှိရပ်ကျေး တာဝန်ခံများ၊ ရပ်ကျေးပါတီဝင်များနှင့်ရင်းနှီးစွာ တွေ့ဆုံပြီး ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်ကြီးတံခွန်ပြည်ခိုင်ဖြိုး လပတ်ပုံမှန်စည်းဝေး၊ ပါတီဝင်အင်အား စိစစ်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်ကြီးတံခွန်မြို့နယ်ပါတီရုံးတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးအေးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ကော်မတီဝင်များ လပတ်ပှံမှန်စည်းဝေးကို မေလ (၁၇) ရက် နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းနေ့ ညနေ (၃) နာရီအချိန်က ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက် တတ/၄၇/၆ နယ်မြေ(၄) ဦးထိန်လင်းအိမ်၌ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးအေး၊ စည်းရုံးရေးတာဝန်ခံ ကိုစံရ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ကော်မတီဝင်များနှင့် ပါတီဝင်အင်အား စီစစ်ရေးလုပ်ငန်းညှိနှိုင်း စည်းဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံရသည့်ဆရာတော်အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကျင်းပ

နိုင်ငံတော်အစိုးရ၏ ‘မဟာသဒ္ဓမ္မဇောတိကဓဇ’ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံယူရရှိသည့်မန္တလေး တိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် သပြေပင်အုပ်စုရေသည်ကွေ့ကျေးရွာ ထေရဝါဒဗုဒ္ဓသာသာနာပြု ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက် မေတ္တာကန်ကျောင်း ဆရာတော် ဘဒ္ဒန္တÓဏိတအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်းတိုက်၌ကျင်းပခဲ့သည်။

ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ၌ ပျော်ဘွယ်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ပန်းစုံကျောင်းတိုက်ဆရာ တော် ဘဒ္ဒန္တအာသဖ အမှူးပြုသော ပင့်သံဃာ ၂၅ ပါြး<ွကရောက်ပြီး မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီတိုင်းဒေသကြီးကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ရမည်းသင်းခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးထွန်းထွန်းဝင်း၊ ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကြည်မြင့်နှင့် မြို့နယ် ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တပည့်ဒါယကာ၊ ဒါယိကာမ များ တက်ရောက်ကြည်ညိုသည်။
ရှေးဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ဒုဥက္ကဋ္ဌ ဆရာတော်၊ ရန်အောင်ဇေယုတောင်တောရ ဆရာတော် ဘဒ္ဒန္တဝိလာသထံမှငါးပါးသီလခံယူဆောက်တည်၍ မြို့မိမြို့ဖဆရာကြီးဦးဘညွန့်က ဆရာတော်အား ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပြီး မြို့မရဲစခန်းမှူး ဒုရဲမှူးတင်မောင်အေးက ဌာနဆိုင်ရာ စုပေါင်းလှူဒါန်းသည့် ဝတ္ထုငွေကိုဆက်ကပ်လှူဒါန်းသည်။ မြို့နယ်သာသနာရေးမှူး ဦးကျော်ဦးက သာသနာရေးဆိုင်ရာများကိုလျှောက်ထားပြီး စောင်းကြည်သာဗိုလ်နှင့်အဖွဲ့က ဂုဏ်ပြုတေးထပ်များဖြင့် သီဆိုပူဇော်ခဲ့ကြသည်။ မြို့နယ်သံဃနာယကအဖွဲ့ ဒုဥက္ကဋ္ဌဆရာတော်က အနုမောဒနာတရားချီးမြှင့်ပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်များ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး

 

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် ပါတီဝင်အင်အားစိစစ်ခြင်း လုပ်ငန်းကွင်းဆင်းဆောင်ရွက်သည့်အဖွဲ့ ၁၃ ဖွဲ့မှမြို့နယ် ကော်မတီဝင် များနှင့် တာဝန်ခံများ၊ စိစစ်ပြီးစာရင်းများအပ်နှံခြင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယခုလ ၁၅ ရက်နံနက် ၁ဝ နာရီက မြို့နယ်ပြည်ခိုင်ဖြိုး ပါတီရုံး၌ ကျင်းပခဲ့သည်။

လှူဒါန်း​ပေးပါ​သော ​အလှူရှင်​မိသားစုများအား သွေးမေတ္တာ”အသင်းမှဆု​တောင်းမေတ္တာပို့သ

 

စစ်​ကိုင်းတိုင်း​ဒေသကြီး ၊ မုံရွာခရိုင်​ ၊ ​ချောင်းဦး မြို့နယ်​ ” ​သွေး​မေတ္တာ “လူမှုကူညီ​ရေးနှင့်​​ သွေး​လှူရှင်​များ အသင်းမှ ၁၈ – ၅ – ၂၀၁၇ ရက်​​နေ့ ၀၅း ၃၀ နာရီ တွင်​ မြို့နယ်​ပြည်​သူ့​ဆေးရုံကြီးရှိ လူနာများအား အပတ်​စဉ်​ကြက်​သားဆန်​ပြုတ်​များ သွား​ရောက်​လှူဒါန်းလျှက်​ရှိရာ ​စေတနာ သဒ္ဓါ​ပေါက်​၍ ယခုအပတ်​အတွက်​ ကုသိုလ်​ရှင်​မှာ​ စစ်​ကိုင်းတိုင်း​ဒေသကြီး၊ မုံရွာ ခရိုင်​ ၊ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ မိသားစုမှ လှူဒါန်း ပါသည်​။

မိုးညှင်းပြည်ခိုင်ဖြိုးပါတီ တရားစခန်းသို့ အလှူငွေ လှူဒါန်း

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးဖုန်းမြင့်၊ မြို့နယ်တွင်းရေးမှူး ဦးဌေးဝင်း (လူငယ် ရေးရာတာဝန်ခံ)၊ မြို့နယ်ကော်မတီဝင် ဦးမြဝင်း (ဟိုပင်တာဝန်ခံ)၊ ဒေသကော်မတီ ဦးစောအေးလွင် ဦးမင်းအောင်နှင့် ရပ်ကျေးကော်မတီဝင်များမှ မေလ (၁၇) ရက် နံနက် (၁၁) နာရီအချိန်က မိုးညှင်းမြို့နယ် ဟိုပင်ဒေသ အရှေ့ကျောင်းကြီးတိုက် လယ်တီတရာစခန်း (၁၂)ကြိမ်မြောက် တရားစခန်းသို့ သွားရောက်၍ အလှူငွေ ၅၀၀၀၀ ကျပ်ကို လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အလုပ်သမားရေးရာ တာဝန်ခံများ တွေ့ဆုံညှိနှိုင်း

ရန်ကုန်တိုင်းဒေသကြီး ခရိုင်၊ မြို့နယ်အလုပ်သမားရေးရာတာဝန်ခံများ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပရာ ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးသာဝင်း၊ ဗဟိုကော်မတီဝင် အလုပ်သမားရေးရာ တာဝန်ခံ ဦးတင်ဝင်းနှင့် ခရိုင်လေးခရိုင်နှင့် မြို့နယ်များမှ အလုပ်သမားရေးရာ တာဝန်ခံများ တက်ရောက်ကြသည်။

(more…)


နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းဆင်းပွဲကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု သင်တန်း ဆင်းပွဲအခမ်း အနားကို ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့နယ် ပါတီရုံး သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

 

(more…)


ပခုက္ကူခရိုင် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့ တွေ့ဆုံပွဲကျင်းပ

 

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး (အမျိုးသမီးရေးရာတာဝန်ခံ) ဒေါက်တာစန်းစန်းနွယ် နှင့် ပခုက္ကူခရိုင်အတွင်းရှိ (ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူ) မြိုနယ်များရှိ အမျိုးသမီး ရေးရာအဖွဲ့များ တွေဆုံပွဲကို မေလ (၁၅)ရက်နေ့ နံနက်(၁၀)နာရီ အချိန်က ပခုက္ကူခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ ပခုက္ကူခရိုင်အတွင်းရှိ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများမှ မိမိတို့
မြိုနယ်အလိုက် ဆောင်ရွက်ထားရှိမှုများကိုတ င်ပြခဲ့ကြသည်။