မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစီး၍ စတုတ္ထအကြိမ်မြောက်သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယခုလ ၂၁ ရက် နံနက် ၇နာရီကအဆိုပါရုံး၌ကျင်းပ ပြုလုပ်သည်။
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစီး၍ စတုတ္ထအကြိမ်မြောက်သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယခုလ ၂၁ ရက် နံနက် ၇နာရီကအဆိုပါရုံး၌ကျင်းပ ပြုလုပ်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးမျိုးသိန်း၊ မြို့နယ်ပါတီ ကော် မတီ နယ်မြေတာဝန်ခံ ဒေါ်ခင်ဌေးမြင့် နှင့်ကော်မတီဝင်များ၊ ရပ်ကွက်စည်းရုံးရေးမှူး၊ အမှုဆောင်များသည် ဧပြီ (၂၃) ရက် နံနက်ပိုင်းက (၁)ရပ် ကွက် ဆူးလေဘုရားလမ်းနှင့် ၃၃လမ်းနှင့် (၆)ရပ်ကွက် ၃၈ လမ်းအတွင်းရှိ ပါတီဝင်များထံသို့ တစ်အိမ်တက် ဆင်းသွားရောက် ၍ ပါတီဝင်အင်အားစိစစ်ခြင်း၊ ပါတီဝင် နှစ်စဉ်ကြေးကောက်ခံခြင်း နှင့်ပါတီဝင်သစ်များ ထပ်မံစည်း ရုံးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးနေလင်းအောင်၊ ဘဏ္ဍာရေးမှူး မြို့နယ် ပါတီကော်မတီဝင်များနှင့် ညောင်ကျိုးဒေသ ရပ်/ကျေးခေါင်းဆောင်များသည် ဧပြီလ (၂၂) ရက်က သက္ကယ်တန်းကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာ၊ ဘုရားကျွန်းကျေးရွာ၊ လက်ျားကုန်းကျေးရွာ ကျွန်းရွှေဝါ ကျေးရွာနှင့် ချင်းကုန်းကျေးရွာများသို့ သွားရောက်၍ နယ်မြေခံပါတီဝင်များနှင့် တွေ့ဆုံခဲ့ပြီး ချင်းကုန်း ကျေးရွာ ကွန်ကရစ်လမ်းခင်းရန်အတွက် ဘိလပ်မြေ (၅၀)အိတ်လှူဒါန်းခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီး? ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ဦးစိုင်းထွန်းအောင်+ဒေါ်လီလီဝင်း(ရွှေမာလာအောင် ကုမ္ပဏီ)၊ ဦးအောင်မြင့်+ဒေါ်အေးမေ (ဝါးရွက်စိမ်း ကုမ္ပဏီ) တို့၏ စတုတ္ထ အကြိမ်မြောက် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲ အခမ်းအနားကို (၂၁.၄.၂၀၁၇) ရက်နေ့ နံနက် (၀၈း၀၀) အချိန်တွင် ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဝင်းမောင်နှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဘိုသင်းနှင့် ခရိုင်ကော်မတီ ဝင်များ၊ ပုသိမ်ကြီးမြို့နယ်ပါတီဥက္ကဌ ဦးဆွေသန်းနှင့်ကော်မတီဝင်များ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊ ကန်တော့ခံဘိုးဘွားများ တက်ရောက်ခဲ့ကြ ပါသည်။
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီသည် နှစ်သစ်ကူးကာလ မြန်မာ့ယဉ် ကျေးမှု ရှေးရှု၍ ယနေ့ (၂၁-၄-၂၀၁၇) ၁၃၇၉ တန်ခူးလပြည့် ကျော် (၁၀) ရက် နံနက် (၉း၀၀)နာရီ အချိန်တွင် သက်ကြီး ပူဇော်ပွဲ အခမ်းအနားကို မြို့နယ်ပါတီရုံး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ကျောက်တံတားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမြို့နယ် ပါတီဥက္ကဌ ဦးမျိုးသိန်း ဦးဆောင်လျှက် မြို့နယ်ကော်မတီဝင် (နယ်မြေ တာဝန်ခံ) ဒေါ်ခင်ဌေးမြင့် ရပ်ကွက်စည်းရုံးရေးမှူး အမှုဆောင်အဖွဲ့များနှင့် အတူ အမှတ် (၆) ရပ်ကွက် [၃၈လမ်း] အတွင်း ပါတီဝင်အင်အားစိစစ်ခြင်း၊ ပါတီဝင်နှစ်စဉ်ကြေးကောက်ခံခြင်း၊ ပါတီဝင်သစ်များစည်းရုံးခြင်းလုပ်ငန်း များကို တစ်အိမ်တက်တစ်အိမ်ဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အထက်ရှမ်းစုရှမ်းမျိုးနွယ်စုဓမ္မာရုံ တွင် ယနေ့ နံနက်ပိုင်းကစ၍ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်ဦးစီး၍ မြို့နယ်စည်းရုံးရေးတာဝန်ခံ ဦးမြင့်စိုး၊ ဦးအိုက်စိုင်း၊ ဦးသန်းစိုးတို့နှင့်ပါတီဝင်အင်အား ၂၅ ဦးတို့သည် အဆိုပါဓမ္မာရုံဝင်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် သစ်ပင်ချုံ နွယ်များကို ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ကာ လုပ်အားဒါနကုသိုလ်ပြုခဲ့ ကြောင်း သိရသည်။
သန်းဌေး(ဒလ)
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီရုံးတွင် ဧပြီ (၂၂) ရက် နံနက် ၉နာရီခွဲ၌ ရာဇသင်္ဂဟ ဖောင်ဒေးရှင်းမှ နှစ်စဉ်လှူဒါန်းသော အသက် (၁ဝဝ)ကျော် အဘွားနှစ်ဦး၊ အသက်(၉ဝ)ကျော် သုံးဦးနှင့် အမျိုးသမီး ကာကွယ် စောင့်ရှောက်ရေးအဖွဲ့မှ လစဉ် ထောက်ပံ့ထားသော ပြုစုစောင့် ရှောက်သူမဲ့ အဘိုးအဘွား ၁၃ ဦး အပါအဝင် စုစုပေါင်း ၁၈ဦးတို့အား အလှူငွေများ၊ အစား အသောက်နှင့် အသုံးအဆောင်များ လှူဒါန်းကန်တော့ခဲ့သည်။