၈-၅-၂၀၁၇ ရက်နေ့တွင် ရေတာရှည်မြို့နယ် နယ်မြေတာဝန်ခံ ဦးကျော်မင်းက မိမိနယ်မြေအတွင်းရှိ ကျန်ရှိနေသော ကျေးရွာများသို့
သွားရောက်ပြီး ပါတီဝင်စိစစ်ခြင်းလုပ်ငန်းများကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပါသည်။
၈-၅-၂၀၁၇ ရက်နေ့တွင် ရေတာရှည်မြို့နယ် နယ်မြေတာဝန်ခံ ဦးကျော်မင်းက မိမိနယ်မြေအတွင်းရှိ ကျန်ရှိနေသော ကျေးရွာများသို့
သွားရောက်ပြီး ပါတီဝင်စိစစ်ခြင်းလုပ်ငန်းများကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ (၇/အရှေ့)ရပ်ကွက် သာသနသဟာယဓမ္မာရုံမှ ကြီးမှူးကျင်းပသည့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတက်ရောက်နေသည့် သင်တန်းသား ၆ဝ အတွက် မေလ ၇ ရက် မွန်းလွှဲ ၁ နာရီ ၃ဝ မိနစ်က သာကေတ မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးညွန့်ဖေနှင့် မြို့နယ်ပါတီကော်မတီဝင်များ ရပ်စည်းအမှုဆောင်များမှ တန်ဖိုးငွေကျပ် ၆၃၁၆ဝ ရှိအချိုရည်နှင့် မုန့်များကို သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး တိုက် ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်ဦးဆောင်၍ ယမန် နေ့ နံနက် ၉နာရီခွဲမှစတင်ကာ အဖျောက်ဒေသ မိုးကုလား၊ အင်း တရာနှင့် ချောင်းသုံးခွကျေးရွာ အုပ်စုများသို့ ပါတီဝင်အင်အား စိစစ်ခြင်း၊ ပါတီနှစ်စဉ်ကြေးကောက် ခံခြင်း၊ပါတီဝင်သစ်များစည်းရုံးခြင်း လုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခဲ့ သည်။
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီကော်မတီစည်းရုံးရေးရာ တာဝန်ခံဦးအေးမင်းဇော်၊ မြို့နယ်ကော်မတီဝင်ဦးသန်းဦး၊ ပုရွက်ဆိတ် ကုန်းရပ်ကွက်တာဝန်ခံဒေါ်ရီရီမြင့်နှင့် ပါတီအမာခံကေဒါများက ပါတီ ဝင်များနှင့်ထိတွေ့၍ ပါတီဝင်စိစစ်ခြင်း၊ ပါတီဝင်ကြေး၊ နှစ်စဉ်ကြေး ကောက်ခံခြင်းများကို ယမန်နေ့က ပုရွက်ဆိတ်ကုန်းရပ်ကွက်သို့ တစ်အိမ်တက်ဆင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အေးမင်းဇော်(မြောက်ဥက္ကလာ)
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယနေ့နံနက် ၉ နာရီက အမှတ်(၇၂)ရပ်ကွက် သာသနာ့နုဂ္ဂဟအဖွဲ့မှ ကြီးမှူး ကျင်းပသည့် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ တွင် ဆုရသင်တန်းသားသင်တန်းသူများကို ရန်ကုန် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဒေါ်စန်း စန်းဝင်း၊ မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဒေါ်စန်းစန်းဌေး နှင့် ကော်မတီဝင်များက ဗလာစာအုပ်၊ ကျောပိုးအိတ်နှင့် ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် (ရန်ကုန်)တွင် နိုင်ငံရေးပါတီများ စုပေါင်း တွေ့ဆုံနွေးနွေးပွဲတစ်ရပ်ကို မေလ (၈) ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲသည် ပုံမှန်ဆွေးနွေးတွေ့ဆုံသော ဆွေးနွေးပွဲတစ်ရပ်ဖြစ်ပြီး ယခင်ဆွေးနွေးပွဲများမှ ကျန်ရှိနေသည့်ကိစ္စရပ်များကို ဆက်လက်ဆွေးနွေးကာ မွန်းတည့် ၁၂ နာရီတွင် ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။
လတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေး၊ ဘာသာရေးဖြစ်ရပ်တိုင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါဝင် ပတ်သက်နေသည်ဟူသော စွပ်စွဲ ချက်များကို ပြန်လည်တုံ့ပြန်ရာတွင် မြန်မာနိုင်ငံ၏ အရေးတကြီး လိုအပ်နေ သော အမျိုးသားရင်ကြားစေ့ရေးလမ်းကြောင်းကို မထိခိုက်စေလို သော ကြောင့် လိုက်ပါတုံ့ပြန်ဆောင်ရွက်မည်မဟုတ်ကြောင်း င်းပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် က လူထုပုံရိပ်ဂျာနယ်သို့ ပြောကြားသည်။
(6-5-2017) နေ့ နံနက် (9:00 မှ12;00) ထိ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ နယ် တဲကြီးကုန်းကျေးရွာ မြန်မာရိုးရာ သိုင်းပညာ ( ဗန်တို ဗန်ရှည် လက်နက် မဲ့) သိုင်းပညာများကို သိုင်းပညာရှင် ဆရာကြီး ဦးမြင့်သန်း ငွေဗျိုင်း (ပင်မ)
ဦးအေးတို့မှ ပေးအပ်ပွဲ နွေရာသီ မြန်မာရိုးရာ သိုင်းပညာသင်တန်းဖွင့်ပွဲသို့ 
စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီမှ ဒေါက်တာ ဝင်းမြင့်အောင် တက်ရောက်၍ သင်တန်းသားများအား အမျိုးဘာသာ သာသနာနှင့် တိုင်ပြည်နှင့်လူမျိုး ကာကွယ်စောင့်ရှောက်သွားကြရန် မှာကြား ပြောဆိုခဲ့ကြောင်းသတင်းရရှိပါသည်။
မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် မေ
(၇) ရက်နေ့ နံနက်( (၁၁း၀၀) နာရီချိန်မှ စတင်ကာ ရပ်/ကျေးလပတ်အစည်းအဝေးကို ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပါတီ ဥက္ကဌ ဦးကျော်ကျော်လွင်မှ ပြည်နယ်ပါတီရဲ့ လမ်းညွန်ချက်များ၊ ပါတီရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ချပြဆွေးနွေးကာ တက်ရောက်လာကြသူများမှ ပြန်လည်ဆွေးနွေးခဲ့သည်။