ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ ယနေ့နံနက် ၁ဝနာရီက နိုင်ငံရေးပါတီများ တွေ့ဆုံခဲ့ မှုအပေါ် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဌာနချုပ်(ရန်ကုန်)တွင် ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ ယနေ့နံနက် ၁ဝနာရီက နိုင်ငံရေးပါတီများ တွေ့ဆုံခဲ့ မှုအပေါ် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဌာနချုပ်(ရန်ကုန်)တွင် ကျင်းပခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ လူငယ်တွေ့ဆုံပွဲကို ဟင်္သာတခရိုင် ဇလွန်မြို့တွင် ၁၀-၉-၂၀၁၇ရက်နေ့ ၉း၃၀နာရီအချိန်တွင် ကျင်းပခဲ့ ရာ ဧရာဝတီတိုင်းဒေသကြီး တိုင်းပါတီကော်မတီဝင် လူငယ်ရေးရာ တာဝန်ခံ ဒေါက်တာထိန်ဝင်း၊ ဟင်္သာတခရိုင်ပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် ခရိုင်ကော်မင်္တီဝင်များ၊ လေးမျက်နှာ အင်္ဂပူဇလွန်မြို့နယ်များမှ ပါတီ ကော်မတီဝင်များနှင့် လူငယ်များ၊ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မှ ပါင်္တီင်္ ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် လူငယ်အဖွဲ့များ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှင်္ီး တွေ့ဆုံ ၍ အတွေ့အကြုံများ ဖလှယ်ခဲ့ကြပါသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၇-၉-၂၀၁၇) ရက်နေ့တွင် မိုင်းဖြတ်မြို့ (၇.၉.၂၀၁၇) ရက်နေ့တွင် ပြည်သူလွှတ်တော် ဦးလင်းဇော်ထွန်းနင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးစိုင်းကျောက်၊ ဦးအားကို တို့သည် ခရိုင်ပါတီ ဥက္ကဌ ဦးစိုင်းညွန့်ဝင်း၊ မြို့နယ်ဥက္ကဌ ဦးစိုင်းရီတစ်တို့နှင့်အတူ ပါပူးရွာ ပြည်သူလူထုနင့် တွေဆုံခဲ့ပါသည်။
(၁၁-၉-၂၀၁၇) ရက်နေ့ (၁၀း၀၀)နာရီအချိန် ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ မြို့နယ်ပါတီဥက္ကဌ ဦးလင်းဇော်မင်းနှင့်ကော်မတီများသည် ပြည်ခိုင်ဖြိုး အမာခံ လူငယ်မောင်မယ်များနှင့် တွေဆုံ ပြီး ပြည်သူ့အကျိုးပြုများ ဆောင်ရွက်နိုင်ရေး အပြန်အလှန်ဆွေးနွေးခဲ့ကြ ပါသည်။
၂၀၁၇ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့တွင် ကျရောက်သော (၇၈)နှစ် မြောက် ဆရာတော်အသျှင် ဦးဥတ္တမနေ့အား ပြည်ခိုင်ဖြိုးပါတီမှ ဂါရ၀ပြု လွမ်းသူ့ပန်းခွေ ဆက်ကပ်ခြင်းအခမ်းအနားကို ကျင်းပခဲ့ကြသည်။
ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဥတ္တမ ပန်းခြံအတွင်းရှိ ဆရာတော်ဦး ဥတ္တမကြေးရုပ်ထုအား နံနက် (၈း၁၅)အချိန်မှ စတင်၍ ပြည်နယ်ပါတီရုံးမှ ဦးဥတ္တမပန်းခြံသို့ မင်္ဂလာစည်တော် တီးခတ်၍ သွားရောက်ခဲ့ကြပြီး ဂါရ၀ပြုလွမ်းသူ့ပန်းခွေ ဆက်ကပ် ကန်တော့ခဲ့ကြသည်။
မြန်မာနိုင်ငံကို တာဝန်ယူသည့်အစိုးရဆိုလျှင် မြန်မာနိုင်ငံသားတိုင်းရင်းသားများ၏ အရေးကို ဦးစားပေးရမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးက ပြောကြား သည်။ ယမန်နေ့ကကျင်းပသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ ‘အမျိုးသားလုံခြုံရေးကိုခြိမ်းခြောက်လာသည့် ရခိုင်ပြည်နယ်အရေးဆွေးနွေးပွဲ’အခမ်းအနား၌ နိဂုံးချုပ် စကားပြောကြားရာတွင် ဦးသန်းဌေးက ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။
ညောင်ဦးမြို့ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယခုလ ၉ရက် လပတ်ပုံမှန်အစည်း အဝေးပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။အဆိုပါအစည်းအဝေးပွဲတွင် ရှေးဦးစွာ မန္တလေးတိုင်း ဒေသကြီးခရိုင် နယ်မြေတာဝန်ခံဦးသန်းဌေးက အဖွင့်အမှာစကားပြော ကြားခဲ့သည်။
ဆက်လက်၍ ခရိုင်ဥက္ကဋ္ဌဦး ညွန့်ဝင်းက ပါတီလုပ်ငန်းတာဝန်များကို ရပ်/ကျေးစည်းမှူးများမှ ကျေပွန်စွာထမ်းဆောင်ပေးရန် ထမ်းဆောင်နိုင်ခြင်းမရှိက လူစားအသစ်လဲလှယ် ပေးရန် ရှင်းလင်း ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် အလယ်ရွာကျေးရွာ ရတနသိဒ္ဓိကျောင်းတိုက်၌ ဖွင့်လှစ် သော ဓမ္မစကူးလ်ကျောင်းဖွင့်ပွဲတွင် ခရမ်းပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များမှ ယနေ့နံနက်က ရတနသိဒ္ဓိကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒကအား သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများဆက်ကပ်ပြီး ဓမ္မစကူးလ်သင်တန်းကို တစ်နေ့တာ အာဟာရဒါနအတွက် အလှူငွေကျပ် တစ်သိန်းတိတိ လှူဒါန်းခဲ့ကြောင်း သိရသည်။
မျိုးဇော်ဦး(ခရမ်း)
မန္တလေးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကာ ပါတီဝင်အမျိုးသမီးများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး ပြည်တွင်းထွက် ကောက်ပဲသီးနှံများဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံများအား အခြေခံ၍ တန်ဖိုးမြင့်စားသောက်ကုန်နှင့်လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ (ဆင့်ပွား) သင်တန်းဖွင့်ပွဲအား (၁၁.၉.၂၀၁၇) ရက်နေ့ (၁၂း၀၀) အချိန်တွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်လှလှအေး (အမျိုးသမီးကဏ္ဍတာဝန်ခံ)၊ မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဘို သင်း ၊ ခရိုင်အတွင်းရေးမှူး ဒေါ်ဝါဝါလှိုင်( အမျိုးသမီးကဏ္ဍတာဝန်ခံ)၊ခရိုင် ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌများနှင့် ကော်မတီဝင်များ၊ သင်တန်းသူပါတီဝင်အမျိုးသမီးများ တက်ရောက်ခဲ့ကြပါသည်။
ရခိုင်အရေးနဲ့ပတ်သတ်ပြီး ဆွေးနွေးပွဲတွေ ပြုလုပ်ခြင်းဟာ အစိုးရကို ကူညီနေတာဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်က သတင်းထောက်တွေကိုပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခကိစ္စတွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ယောက်တည်းနဲ့ အစိုးရတစ်ခုတည်းနဲ့ ဖြေရှင်းလို့ရတဲ့ ကိစ္စမဟုတ်ဘဲ နိုင်ငံသားအားလုံးမှာ တာဝန်ရှိတာမို့ အားလုံးဝိုင်းဝန်းဆောင်ရွက်မှရမယ်လို့လည်း သူကဆိုပါတယ်။