´မြစိမ်းရောင်စီမံကိန်းဆိုင်ရာရှင်းလင်းခြင်းနှင့် ရန်ပုံငွေကြီးကြပ်မှုကော်မတီရွေးချယ်ဖွဲ့စည်းခြင်း”အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောမူတက်ရောက်

 

(22.9.2017)ရက်နေ့ မြစိမ်းရောင်စီမံကိန်းဆိုင်ရာရှင်းလင်းခြင်းနှင့် ရန်ပုံငွေကြီးကြပ်မှုကော်မတီရွေးချယ်ဖွဲ့စည်းခြင်း”ကို ရှမ်းရွာအုပ်စု သူဌေးကုန်းရွာ၌ပြု လုပ်ရာ ကန်ကြီးထောင့်မြို့ နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောမူနှင့်မြို့ နယ်ပါတီကော်မတီဝင်များ၊ခရိုင်နှင့်မြို့ နယ်ကျေးလက်ဦးစီးရုံးမှ တာဝန်ရှိသူများ၊ကျေးရွာသူ/သားများတက်ရောက်ခဲ့ကြပါ သည်။

USDP Ayeyarwady Region New


ရပ်/ကျေးကော်မတီ ပြန်လည်စီစစ်ခြင်း ကွင်းဆင်းဆောင်ရွက်

 

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးမျိုးမြင့်/မြို့နယ်ကော်မတီဝင် ဦးနေဝင်း၊ဦးဝင်းအောင်တို့ ဦးဆောင်၍ တကူပတီကျေးရွာ/ဖံဖကျေးရွာများသို့သွားရောက်၍ ရပ်/ကျေးကော်မတီပြန်လည်စီစစ်ခြင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aye Zaw Than


နမ္မတူမြို့ နယ် ပြည်ခိုင်ဖြိုးပါတီမှ စုပေါင်းသွေးလှူဒါန်း

 

(၂၁.၉.၂၀၁၇)ရက်​​နေ့ / ​​နေ့လည်​(၄:၀၀)နာရီအချိန်​သ.တ.လ​ (၁)​ရပ်​ကွက်​နေ ​လူနာ​​ဦး​အောင်​လင်းဦးအတွက် ပြည်​ခိုင်​ဖြိုးပါတီ မြို့နယ်​​သွေးလှူ ရှင်​အသင်းဝင် သ.တ.လ(၂)ေ​န သွေးလှူ ရှင်​​ ​ဦးထွန်းမင်းလှိုင်​မှ လိုအပ်​​သော​သွေး (O) ​သွေး အမျိုးအစားကို အချိန်​နှင့်​တ​ပြေးညီ လှူ ဒါန်း​ပေးခဲ့​ကြောင်းသိရှိရ​သည်။

နတ်တလင်း ပြည်ခိုင်ဖြိုးပါတီ သန့်ရှင်းရေးပြုလုပ်၍ ကုသိုလ်ယူ

 

ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီကော်မတီဝင်များနှင့် မျိုးဆက်သစ်ပါတီဝင်လူငယ် များ စုစုပေါင်းအင်အား ၇၅ ဦးတို့သည် ယမန်နေ့ နံနက် ၈ နာရီက နတ်တလင်းမြို့နယ် သာစည်ရပ်ကွက် အိုးမြေတွင်း ခေမာသီဝံ ဘုန်းတော် ကြီးကျောင်းဝင်းအတွင်း၌ အမှိုက်များကောက်ခြင်း၊ ချုံနွယ်များ ရှင်းလင်းခြင်း၊ မြေသားချိုင့်ဝှမ်းများအား မြေဖို့ခြင်း၊ ကျောင်းတိုက်များ အတွင်းအပြင် တံမြက်စည်းလှည်းခြင်းနှင့် ကျောင်းတိုက်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းစသော        လုပ်ငန်းများကို ဆောင်ရွက်လုပ်ကိုင်ကာ ကုသိုလ်ယူခဲ့ကြကြောင်း သိရသည်။

စလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ်တွေ့ဆုံပွဲကျင်းပ

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ပါတီလူငယ်တွေ့ဆုံပွဲအခမ်းအနား ကို ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပခဲ့ရာ အခမ်းအနားသို့ ဗဟို အလုပ်အမှုဆောင်မကွေးတိုင်းဒေသကြီးပါ တီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊တိုင်းလူငယ်ရေးရာတာဝန်ခံ တိုင်းကော်မတီဝင် ဦးကျော်သူဦး၊တိုင်းကော်မတီဝင် ဦးအောင်နိုင်၊ မင်းဘူးခရိုင်ပါတီ ဥက္ကဋ္ဌ ဒေါ်သီမာလှိုင်၊ အတွင်း ရေးမှူး ဦးစိန်ရွှေမင်းနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ စလင်းမြို့နယ် ပါတီဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မင်းဘူးခရိုင်အတွင်းရှိ ငါးမြို့နယ်မှ ပါတီဥက္ကဋ္ဌများ၊အတွင်းရေးမှူးများ နှင့် လူငယ်ရေးရာတာဝန်ခံများ၊ ပါတီဝင်လူငယ်များ စုစုပေါင်း ၁၅ဝ ခန့် တက်ရောက်ခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သံဃာတော်များအား ဝါဆိုသင်္ကန်းကပ်လှူ

 

တနင်္သာရီတိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ထားဝယ် မြို့ တိုင်းဒေသကြီးပါတီရုံးအစည်း အဝေးခန်းမတွင် ယနေ့နံနက် ၅ နာရီခွဲ၌ ကျင်းပသည်။
ရှေးဦးစွာ ဆရာတော် သံဃာတော် ၁ဝ ပါးတို့အား ဆွမ်းဆက်ကပ်ပြီးနောက် ဆရာတော်ထံမှ ငါးပါးသီလဆောက်တည်ကြခြင်း၊ သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ    ရွတ်ဆိုခြင်း၊ တက်ရောက်လာသူများက ဝါဆို သင်္ကန်းနှင့် ဒါတဗ္ဗဝတ္ထုများ ဆက် ကပ်လှူဒါန်းခြင်းနှင့်ဆရာတော်က ရေစက်ချတရားဟောကြားခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၂)သင်ခန်းစာပို့ချ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် နေပြည်တော် သင်တန်းကျောင်းခန်းမတွင် နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၂)သင်တန်းအား ယမန်နေ့ နံနက် ၈နာရီခွဲက ဆက်လက် ပို့ချလျက်ရှိရာ အထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်းက ‘စွမ်းရည်ပြည့်ဝပြီး အင်အားတောင့် တင်းသောပါတီဖြစ်ရေးနှင့် ၂ဝ၂ဝ ပြည့်နှစ် ပါတီအောင်နိုင်ရေး’ သင်ခန်းစာကိုလည်းကောင်း၊ ဗဟိုအလုပ်အမှုဆောင်ဦးခင်ရီက ‘၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်ရေးဥပဒေ’ကိုလည်းကောင်း နှင့် ဗဟိုအလုပ်အမှုဆောင်ဦးလှသိန်းက ‘ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း သမိုင်းနှင့် ပါတီသမိုင်း’ကိုလည်းကောင်း အသီးသီးပို့ချခဲ့ကြောင်း သိရသည်။

သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဓမ္မစင်္ကြာတရားဒေသနာတော် ရွတ်ဆို ပူဇော်

 

၂၀.၉.၂၀၁၇ ရက်​နေ့ ည​နေ ၄း၀၀ နာရီအချိန်မှ ၅း၀၀ နာရီအချိန်ထိ သံတွဲ မြို့နယ်​ သာသနာ့ဗိမ္မာန်​​ပေါ်တွင်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးစန်းနိုင်​.၊ ဘဏ္ဍာရေးမှူး ဦးရဲမြင့်​၊ အမျိုးသမီး​ရေးရာနှင့်​  လူငယ်​​ရေးရာ ပါတီဝင်​ ၂၅ ဦး တို့သည်​ ဓမ္မစင်္ကြာတရား​ဒေသနာ​တော်​ကို ကုသိုလ်​ပြု ရွတ်​ဆိုခဲ့ကြပါ သည်။


အမရပူရမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီမှ​​အဟာရဒါနကုသိုလ်​ပြုလှူဒါန်း

 

(၂၁.၉.၂၀၁၇)ရက်​​နေ့ (၁၃း၀၀)အချိန်​တွင်​ အမရပူရမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးသိန်းထွန်းဦးနှင့်​​ကော်​မတီဝင်​များ၊ ဆင်​စွယ်​ပွတ်​ရပ်​ကွက်​ပါတီ​ကော်​မတီအဖွဲ့တို့သည်​ ဆင်​စွယ်​ပွတ်​ရပ်​ကွက်​ရှိ အမှတ်​(၁)ဘုန်း​တော်​ကြီးသင်​ပညာ​ရေး​ကျောင်းသို့သွား​ရောက်​၍ ဆရာ/ဆရာမများနှင့်​ ​ပညာသင်​ကြား​နေကြ​သော​ကျောင်းသား/သူ(၄၀၀)​ကျော်​အား အဟာရဖြစ်​​စေရန်​အတွက်​ နွားနို့နှင်​​ပေါင်​မုန့်​များ​ဝေငှကုသိုလ်​ပြုခဲ့ကြပါသည်​။

Zaw Aung Htet


ပြည်ပြည်ခိုင်ဖြိုးပါတီမှ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်

 

ပြည်တောင်တန်းတောရကျောင်းဆန်လှူအသင်းကြီး၏ ( ၃၆ )ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကြီးသို့ ပြည်ခိုင်ဖြိုးပါတီမှ ဆွမ်းဆန်တော် (၃၆ )အိတ်ကို ပါဝင်လှူဒါန်းခဲ့ပြီး လုပ်အားဒါနများကိုပါ အခြားအဖွဲ့အစည်းများဖြင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Moe San’