တရုတ်ကွန်မြူနစ်ပါတီ (CPC) ရဲ့ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးရောက်ရှိနေသော ပြည်ခိုင်ဖြိုးပါတီဗဟို အတွင်းရေးမှူး ဦးသန်းထွန်း ဦးဆောင်သော မြန်မာချစ်ကြည်ရေး ကိုယ်စာလှယ်အဖွဲ့သည် ၂၀၁၇ခုနှစ် စက်တင်ဘာလ (၂၄) ရက်နေ့ ဒေသစံတော်ချိန် နံနက် (၀၉း၀၀) နာရီချိန်တွင် တလျန်တရုတ်ကွန်မြူနစ် ပါတီ သင်တန်းကျောင်းခန်းမ၌ တွဲဖက်ပါမောက္ခ Mrs.Zhu Qianမှ ပါတီနှင့် အစိုးရသန့်ရှင်းရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အကြောင်းအား ရှင်းလင်းဆွေးနွေးရာ တက်ရောက်ခဲ့ကြသည့် ကိုယ်စာလှယ်အဖွဲ့မှ သိရှိ လိုတာများအား သင်တန်းကျောင်း တွဲဖက်ပါမောက္ခမှ ပြန်ရှင်းဆွေးနွေးခဲ့ သည်။



