

အောက်တိုဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် လူငယ်တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးတက်ရောက် အားပေးချီးမြှင့်ခဲ့ပါသည်။
#HtayWin
crd.photo


အောက်တိုဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် လူငယ်တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးတက်ရောက် အားပေးချီးမြှင့်ခဲ့ပါသည်။
#HtayWin
crd.photo
အောက်တိုဘာ ၂၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးသည် ယနေ့ အောက်တိုဘာ ၂၃ရက်နေ့ နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်ရှိ ပါတီဝင်များ၊ ရပ်မိ/ရပ်ဖ များနှင့်တွေ့ဆုံခဲ့သည်။


အဆိုပါတွေဆုံ့ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်များ တိုင်း၊ ခရိုင်၊ မြို့နယ် ပါတီကော်မတီဝင်များ ရပ်ကျေးပါတီဝင်များနှင့် ဒေသခံပြည်သူလူထု(၆၅၀) ဦးခန့် တက်ရောက်ခဲ့သည်။
အောက်တိုဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီချိန်တွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်မှုဆောင်များ လိုက်ပါသောအဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း/ခရိုင်/မြို့နယ်ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

သံဖြူဇရပ် အောက်တိုဘာ ၂၃
မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီ အတွင်းရေးမှူးနှင့် ပြည်နယ်ပါတီကော်မတီဝင်များသည် အောက်တိုဘာလ ၂၃ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် သံဖြူဇရပ်မြို့နယ် ပြည်ခိုင်ဖြိုးရုံး၌ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ စည်ရုံးရေးမှူးများ နှင့်တွေ့ဆုံခဲ့သည်။



ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီမှကျင်းပသည့် နှုတ်မှုစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့က သနပ်ပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင်ကျင်းပရာ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်စိုး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်မျိုးဝင်းနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ပြိုင်ပွဲဝင်များတက်ရောက်ကြသည်။
ပြိုင်ပွဲတွင် ဆုရရှိသူများကို ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းနှင့် ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးအောင်စိုးတို့က ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


မြင်းခြံမြို့နယ် အနိမ့်ကျေးရွာနှင့် အိုင်းမကျေးရွာတို့တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော ဓမ္မစကူးလ် သင်တန်းများတွင် ယမန်နေ့ နံနက် ၈ နာရီခွဲက ကျောင်းသားကျောင်းသူများအား မြင်းခြံမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဝေမျိုးဟန်၊ ဘဏ္ဍာရေးမှူး ဦးကျော်ကျော်ဦး၊ ခရိုင်ပါတီကော်မတီဝင် ဦးဘိုသိန်းနိုင်တို့က ဦးဆောင်ပြီး အာဟာရဒါနအဖြစ် ရေခဲမုန့်ကျွေးမွေးပြီး ဖိနပ်များ ပေးအပ်လှူဒါန်း ကုသိုလ်ယူခဲ့ကြသည်။
ဒဂုံအရှေ့ ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် အမျိုးသမီးရေးရာလှုပ်ရှားမှုအဖြစ် စက်ချုပ်သင်တန်း(အခမဲ့) ကို အောက်တိုဘာလ (၂၁) ရက်နေ့ (၀၉း၀၀) နာရီအချိန် ဖွင့်လှစ်ခြင်းအခမ်းအနား ကျင်းပခဲ့ပါသည် ။


အခမ်းအနားသို့ တိုင်းပါတီကော်မတီဝင် ဒေါက်တာဦးကျော်စိုး၊ ဒေါ်အေးအေးမြင့်၊ အရှေ့ပိုင်းခရိုင်ပါတီဥက္ကဌ ဦးစိန်မြင့် ၊ အတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ ခရိုင်ပါတီကော်မတီဝင် ဦးမျိုးဝင်းကျော်၊ ဒေါ်လဲ့လဲ့အေး၊ မြို့နယ်ပါတီဥက္ကဌ ဦးမြင့်ခိုင်၊ အတွင်းရေးမှူး ဦးလှမျိုးနှင့် ပါတီကော်မတီ ဝင်များ၊ ဧည့်သည်တော်များ၊ ရပ်/ကျေးပါတီအဖွဲ့ သင်တန်းနည်းပြများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည် ။
ရန်ကုန် အောက်တိုဘာ ၂ဝ
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုရေးပါတီရုံးတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီ တွင် ရခိုင်အရေးနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့သည်။



(၁) လွှတ်တော်များ၏အခန်းကဏ္ဍကို မဲဆန္ဒရှင်ပြည်သူများက မေးခွန်းထုတ်နေကြပြီ။


(၂) မိမိတို့ပါတီက ကိုယ်စားလှယ်များ၊ ပြည်သူ့ကိုယ်စားလှယ်ဟူသောဂုဏ်ပုဒ်နှင့်အညီ အလုပ် လုပ်ကြ၊ ကျင့်ဝတ်နှင့်အညီ နေထိုင်ကြ။
(၃) မိမိတို့ကိုယ်စားလှယ်ရွေးချယ်ခြင်းမခံရသော နယ်မြေရှိ ပြည်သူများ၏ဆန္ဒနှင့်အခက်အခဲများကိုလည်း သိအောင်လုပ်၊ လွှတ်တော်မှာ ဆွေးနွေးပေးကြ။
(၄) အပြန်အလှန်ထိန်းကျောင်းမှုဟန်ချက်ပျက်နေသော လွှတ်တော်အရပ်ရပ်တွင် ဒီမိုကရေစီတန်ဖိုးများ ပြန်လည်အသက်ဝင်ရေးအတွက် မိမိတို့ကိုယ်စားလှယ်များက ရှိသည့် အင်အားဖြင့် မဆုတ်မနစ်ကြိုးပမ်းကြ။
(၅) ဘင်္ဂါလီများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များကို မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာပြီး အမျိုးသားရေးသတိ အစဉ်ရှိကြ။