
ကလော ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ပါတီဗဟိုအလုပ်အမှုဆောင် (လူငယ်ရေးရာတာဝန်ခံ) ဒေါက်တာအောင်မြတ်ဦး၊ ဗဟိုအလုပ်အမှုဆောင် အောက်မြန်မာပြည် (လူငယ်ရေးရာတာဝန်ခံ) ဒေါ်သိင်္ဂီဝင်းရွှေ တို့သည် ကလောမြို့နယ်ပါတီဥက္ကဋ္ဌ ဦးစံဌေး၊ အတွင်းရေးမှူး ဦးခွန်ထွန်းဖြူ ၊လူငယ်ရေးရာ တာဝန်ခံ ကိုနေရှိန်းစိုး နှင့်အတူ ပါတီဝင်လူငယ်များ၊ First Time Voter လူငယ်များနှင့် ယနေ့နေ့လယ်(၂:၀၀)နာရီမှ ညနေ (၃:၃၀)နာရီထိ တွေ့ဆုံခဲ့ကြောင်းသိရှိရပါသည်။
ဆွေးနွေးပွဲတွင် ဒေါက်တာအောင်မြတ်ဦးမှ လက်ရှိနိုင်ငံရေးအခြေအနေနှင့် လူငယ်များအကြောင်း၊ အစိမ်းရောင်စီမံချက်နှင့် ပတ်သတ်သည့် ရည်ရွယ်ချက် ၊ ရည်မှန်းချက်များကို ရှင်းလင်းဆွေးနွေးပြီး ဒေါ်သိင်္ဂီဝင်းရွှေ မှ အနာဂတ်လူငယ်များအတွက် မိမိတို့ပါတီမှ ရည်မှန်းချက် ၊ ရည်ရွယ်ချက်များကိုရှင်းလင်းခြင်းများပြုလုပ်ကာ တက်ရောက်လာသည့်လူငယ်များမှလည်း တစ်ဦးချင်းစီ အပြန်အလှန် ဆွေးနွေးတင်ပြကြကြောင်း သိရှိရပါသည်။




























