





မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးကျော်ကျော်လွင်၊ ပြည်နယ်ကော်မတီဝင် ဦးဇော်မြင့်၊ ခရိုင်ကော်မတီဝင် ဦးမင်းအောင်မြင့်နှင့် မြို့နယ်ကော်မတီဝင်များသည် ယနေ့ အောက်တို ဘာလ (၂၈) ရက်နေ့တွင် ကတုံးပေါ်ကျေးရွာ ဘုန်းကြီးကျောင်း ဘုံကထိန် ပွဲသို့ သွားရောက်ကာ ကျောင်းတိုက်ဆရာတော်ထံ အလှူငွေ (၁၂၅၀၀၀)အား ကပ်လှူ လှူဒါန်းကုသိုလ်ပြုခဲ့ပါသည်။


မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဇော်လွင်၊ အတွင်းရေးမှူး ဦးခင်မောင်ရွှေ ၊ ခရိုင်ပါတီကော်မတီဝင် ဦးတိုးမြင့်အောင်တို့သည် အောက်တိုဘာ၂၈ ရက်နေ့ ညနေ ၆ နာရီအချိန်က မြို့နယ်သံဃနာယက အဖွဲ့အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တဦးနန္ဒိယအား ဖူးမျှော်ကြည်ညိုပြီး ဘာသာရေးဆိုင်ရာ မိမိတို့ပါတီမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများ ဆွေးနွေးလျှောက်ထားပြီး အလှူငွေများ လှူဒါန်းခဲ့ပါသည်။
credit >>> zaw lwin



(27.10.2017) သောကြာနေ့
ပဲခူးတိုက်းဒေသကြီး(အနောက်ပိုင်း) ပြည်မြို့ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ၂၆၀၆ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် တိုင်းပါတီကော်မတီဝင်များ ၊ ခရိုင် ပါတီကော်မတီဝင်များ ၊ မြို့နယ်ကော်မတီဝင်များ တက်ရောက်ခဲ့ပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် လှူဖွယ် ပစ္စည်းများနှင့် ဆရာတော်သံဃာတော်များအား လောင်းလှူပူဇော်ခဲ့ပါသည်။
DuWonKyal


27.10.2017 – သောကြာနေ့
ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ကျင်းပပြုလုပ်သော ပဲခူးခရိုင် (၈) မြို့နယ် ပါတီတွေ့ဆုံပွဲအား ယနေ့ 27-10-2017 ရက်နေ့ သောကြာနေ့ နံနက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
၎င်းအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေး ၊ ဗဟိုအလုပ် အမှုဆောင် ဦးလှသိန်း၊ ပဲခူးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးစောမော်ထွန်းတို့ တက်ရောက်ပြီး ပဲခူးခရိုင် ၈ မြို့နယ် မှ မြို့နယ်ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများ မီဒီယာတာဝန်ခံများနှင့် မြို့နယ်ကော်မတီဝင်များအား ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ၊ ပါတီမူဝါဒများနှင့် မီဒီယာလုပ်ငန်းဆိုင်ရာများကို အပြန်အလှန် တိုင်ပင်ဆွေးနွေးခဲ့ကြပါ သည်။


မကွေး အောက်တိုဘာ ၂၆
မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းပါတီကော်မတီဝင်များ၊ အရန် ပါတီ ကော်မတီဝင်များ လပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် လူငယ်ရေးရာတွေ့ဆုံပွဲ ဖိုရမ်ကို ယမန်နေ့ နံနက် ၉ နာရီတွင် တိုင်းပါတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


(၂၇-၁၀-၂၀၁၇) ရက်နေ့၊ နံနက် (၈) နာရီအချိန်တွင် ခရိုင်မီးသတ်ဦးစီးဌာန၊ ဦးစီမှူး ဦးထွန်းနိုင်ဦး ဦးဆောင်၍ မီးသတ်ယာဉ် (၁) စီး ၊ တာချီလိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခရိုင်ဥက္ကဋ္ဌ ဦးဘိုစံ ဦးဆောင်၍ မြို့နယ်ကော်မတီဝင်များ၊ ပါတီလူငယ်(၁၀) ဦး၊ ရွှေတာချီ လူမှုကူညီရေးအသင်း ကော်မတီဝင် ဦးကျော်ဇင်ဟိန်း ဦးဆောင်သည့် ရွှေတာချီအသင်းသား (၅) ဦးတို့သည့် (အလက) ခွဲ တာလော့ကျောင်း အောက်ထပ်ဆောင်များတွင် ရေကြီးစဉ် တင်ကျန်နေသော ရွှံနွံများ ရေးဆေးခြင်း၊ ကျောင်းဝင်းတွင်း ရွှံနွံများကို မီးသတ်ယာဉ်ဖြင့် ဆေးကြော ခြင်းများကို နေ့လည် (၁၁) နာရီအထိ လုပ်အားဒါနပြုခဲ့ကြပါသည်။


အောက်တိုဘာလ (၂၆) ရက်နေ့ (၁၆း၀၀) နာရီအချိန်၌ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီက ကြီးမှူး ဖွင့်လှစ်သည့် ” နိုင်ငံရေးစီမံ ခန့် ခွဲမှုနည်းပြသင်တန်း ” ဆင်းပွဲအခမ်းအနား ကို အဆိုပါရုံးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည် ။


မန္တလေး အောက်တိုဘာ ၂၅
မန္တလေးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်သည့် ခရိုင်အတွင်းရှိ ပါတီ ဝင်လူငယ်များတွေ့ဆုံ၍ လတ်တလော ဖြစ်ပေါ်နေသောနိုင်ငံရေးအခြေအနေများ စကားဝိုင်းဆွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီခွဲအထိ ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးရဲမြင့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။